Wednesday, September 30, 2009

Torrent file တွေကို ဘယ်လို Download လုပ်မလဲ

မိမိ ဒေါင်းချင်တဲ့ torrent ဖိုင်ကို ပထမဦးဆုံး ကိုသဘောကျတဲ့ Downloader တစ်ခုခုနဲ့ ဒေါင်းလိုက်ပါ . ဒေါင်းလိုက်ရင် ရလာမှာက ကျွန်တော်တို့ လိုချင်တဲ့ ဖိုင်မဟုတ်သေးပါဘူး . ပထမဦးဆုံး link တစ်ခုပဲ ကျလာမှာပါ . အဲ့ဒီ့ဖိုင်ကိုမှ ကျွန်တော်တို့က µTorrent ဆိုတဲ့ Downloader နဲ့ ပြန်ပြီးတော့ ဒေါင်းရပါတယ် . µTorrent နဲ့ ဘာ့ကြောင့်တင်ရတာလဲ ၊ နောက်တစ်ခုက ဘာ့ကြောင့် သုံးကြတာလဲဆိုရင် µTorrent နဲ့ဖိုင်တင်ရင် သူ့မှာ ဖိုင်တစ်ဖိုင်ထဲကို ကိုကြိုက်သလောက် တင်လို့ရပါတယ် . ဥပမာ 1GB ရှိတဲ့ဖိုင်ကို တစ်ခြားဆိုက်တွေမှာ တင်မယ်ဆိုရင် 100 MB (or) 200 MB ဒီလောက်အထိပဲ အတင်ခံပါတယ် . များရင် ခွဲပြီးတော့ တင်ပေါ့ . Torrent အနေနဲ့တင်မယ်ဆိုရင် တစ်ဖိုင်တည်းကိုပဲ 1GB ဆိုလဲ သူက လက်ခံတာပဲ .. ကဲ စမ်းကြည့်လိုက်ပါဦး . အင်တာနက်မှာ Torrent နဲ့တင်ထားတဲ့ ဖိုင်တွေကတော့ အများကြီးပါပဲ . တစ်ခြားလင့်တွေသာ တင်ထားတာ မတွေ့ရမယ် torrent ကတော့ အတော်များပါတယ် . http://www.utorrent.com/ ကနေ နောက်ဆုံးထွက်တဲ့ version ကို ဒေါင်းလိုက်ပါ . သူက Free ပါ ပိုက်ဆံပေးစရာမလိုပါဘူး . အပေါ်က ပထမဦးဆုံး ဒေါင်းလိုက်လို့ရလာတဲ့ဖိုင်ကို ကျွန်တော်တို့က Double click နှိပ်လိုက်တာနဲ့ သူက µTorrent နဲ့ တစ်ခါတည်းကို ဒေါင်းတယ် . Torrent နဲ့တင်ထားတဲ့ဖိုင်ကို µTorrent ကပဲ ဒေါင်းလို့ရပါတယ် . အခုကျွန်တော်တို့ သုံးနေတဲ့ Downloader နဲ့ အဆင်သိပ်မပြေနိုင်ပါဘူး . သဘောပေါက်မယ်လို့ထင်ပါတယ် .
µTorrent တော့ မဒေါင်းခင် တင်ထားဖို့လိုပါတယ် . မဟုတ်ရင် ရလာတဲ့ ပထမဖိုင်ကို Double click နှိပ်ရင်လဲ ဘာမှထူးမှာမဟုတ်ပါဘူး

ဒေါင်းလော့လုပ်နည်း
  • (၁) ပထမဦးဆုံး ကိုဒေါင်းချင်တဲ့ ဖိုင်ကို ကြိုက်တဲ့ Downloader နဲ့ဒေါင်းပါ . ဖိုင်တစ်ဖိုင် ကျလာပါလိမ့်မယ် .
  • (၂) ရလာတဲ့ဖိုင်ဟာ kb သာသာပဲ ရှိပါတယ် . အဲ့ဒီ့ရလာတဲ့ ဖိုင်ကို Double click နှိပ်လိုက်ပါ .
  • (၃) အခု µTorrent ထဲကို တစ်ခါတည်း သူသွားပြီး အဲ့ဒီ့ link ကို µTorrent က သိတာနဲ့ တစ်ခါတည်း Download အလုပ်ကို စလုပ်နေပါလိမ့်မယ်

မီးပျက်လဲ ကိစ္စမရှိပါ . ပြီးတဲ့နေရာကနေ ပြန်ဒေါင်းပါလိမ့်မယ် .
သူ့မှာ အခွင့်အရေးဘာရှိလဲဆိုရင် . ကိုဒေါင်းမယ့် Torrent ဖိုင်ရဲ့ speed ပါပဲ . ဖိုင်တိုင်းဖိုင်တိုင်းမှာ speed ချင်း မတူပါဘူး . speed နိမ့်တဲ့ ဖိုင်ကို ဒေါင်းရင် ကြာမယ် . speed မြင့်မြင့် ရှိတဲ့ဖိုင်ကို ဒေါင်းရင် မြန်မယ် . ကိုသဘောကျတဲ့ Link တိုင်းမှာ speed တစ်ခါတည်း ပါပြီးသားပါ . ပြီးတော့ ရှိပါသေးတယ် . အဓိကက ကိုသတိထားရမှာပေါ့ . ကို့အရင် ဘယ်နှစ်ဦးက ဒေါင်းထားပြီးပြီလဲ ဆိုတာကို လိုက်ရှာပြီးတော့ အများဆုံး ဒေါင်းတဲ့ link ကိုပဲ ဒေါင်းကြပါ . ဘာ့ကြောင့်လဲဆိုရင် လူများများဒေါင်းတဲ့လင့်ကသာ အဆင်ပြေနိုင်မယ့်အပြင် virus ကိုလဲ စိတ်ချရပါတယ် . ကျွန်တော်တို့ကသာ virus ပါပါ မပါပါ စိတ်မ၀င်စားပေမယ့် . နိုင်ငံခြားသားတွေကတော့ ဖိုင်တစ်ဖိုင်ကို ဒေါင်းမယ်ဆိုရင်သေချာမှ ဒေါင်းတာပါ . အဲ့ဒါကြောင့် သူတို့တွေ လူများများ ဒေါင်းတဲ့ဖိုင်ဆိုရင် အဆင်ပြေတာပေါ့ . တစ်ချို့ဖိုင်တွေက ဒေါင်းသာဒေါင်းတာ ဖိုင်က တစ်ဝက်နဲ့ ပျက်ကျတာနဲ့ ၊ အဆင်မပြေတာနဲ့နဲ့ တွေ့ရာလင့် တစ်ခုကို ဒေါင်းလိုက်ပြီးမှ အဆင်မပြေရင် ပင်ပန်းရကြိုးမနပ်ပါဘူး .

အားလုံးအဆင်ပြေကြပါစေဗျာ ..

3 comments:

  1. ကျေးဇူးပဲဗျို့ ဒီဟာလေးကိုဖတ်ဖို့စောင့်နေတာကြာပြီ စီဘောက်မှာကျွန်တော်အော်ခဲ့ဘူးပါတယ်။
    စိဘောက်ကနေလဲကျွန်တော်ဖိုင်တောင်းထားသေးတယ်အဆင်ပြေ၇င်ပေါ့ဗျာ လေးစားပါတယ်ကိုညီနေမင်း

    ReplyDelete
  2. ငါ့ညီ..
    ဒီမြန်မာပြည်မှာ တကယ်ရော စမ်းကြည့်ပြီးရဲ့လား။

    ReplyDelete
  3. Torrent က ဒေါင်းလုပ် မလုပ်ဘူးဗျ
    proxy ထည့်ဖို့ လိုတာလား။
    (လိုတယ်ဆိုရင် ဘယ်လောက်ထည့်ရမယ် ဆိုတာလေး ကူညီပေးပါဦး)
    ကျွန်တော်တို့ လက်ရှိ သုံးနေတဲ့ မြန်မာ proxy နဲ့ မရဘူးဗျ
    proxy မထည့်တော့လဲ အလုပ်မလုပ်ဘူးဗျ
    သေချာလေး ပြန်ရှင်းပြပေးပါလား
    Torrent နဲ့ ဒေါင်းစရာတွေ အများကြီးမို့ပါဗျာ
    နောက်တစ်ခု တစ်ဆက်တည်း မေးကြည့်ချင်ပါတယ်
    http://www.kavkiskey.com ဆိုက်က လစ်သွားပြီလား
    ကျွန်တော်တို့ kav7-cm-.......... ကီးတွေက အဲသည်က ယူနေရလို့ပါ

    ReplyDelete