Friday, September 18, 2009

mail ကို အခုမပို့ဘဲ နောက်မှ ဘယ်လို ပို့မလဲ နှင့် Outlook express မဟုတ်တဲ့ Thunderbird

anti.spy11@gmail.com: အကို ကျွန်တော်လေ mail ပို့ချင်လို့ အဲဒီ့ mailကို ရောက်ချင်တဲ့နေ့မှ ရောက်စေချင်တယ် အဲဒါဘယ်လိုလုပ်မလဲ ဟင်

Outlook express အကြောင်းကိုတော့ ဒီမှာ ရေးပေးထားပြီးသားပါ .

ဒါကတော့ ညီလေး လား ညီမလေးလားတော့မသိဘူး တစ်ယောက် မေးလာလို့ ပြန်ဖြေပေးတာပါ .. ကျွန်တော်တို့ အနေနဲ့ မေးလ်တွေကို အခုအချိန်မှာ မပို့ချင်ဘူး . နောက် နာရီ ဒါမှမဟုတ် နောက်ထပ် 5 နာရီ အစရှိသဖြင့်ပေါ့ . အဲ့လိုအချိန်မှာ အချိန်ကိုက် ပို့ချင်တယ် . တစ်ကယ်တော့ ကျွန်တော်တို့အနေနဲ့ Blog post ကို အချိန်ကိုက်ပို့ရတာ လွယ်ကူပေမယ့် . mail ကျတော့ နဲနဲ အလုပ်ပိုသွားတယ် . လူတော်တော်များများက ဒါကို သိပ်စိတ်မ၀င်စားကြတာလဲ ပါမယ်ထင်ပါတယ် . ဟုတ်တယ်လေ မေးလ်ပို့တာပဲ ဘယ်အချိန်ပို့ပို့ အတူတူပဲဟာကိုလို့ ထင်ကြမှာပါ . ဒါကလဲ မွေးနေ့တွေအတွက် ပို့ပေးတဲ့မေးလ်မျိုးအတွက် အဆင်ပြေအောင်လို့ ရေးပေးလိုက်တာပါ . ဘလောဂ်မှာတော့ ဘယ် Blog မှ ရေးထားသေးတာ မတွေ့လို့ ပြန်ရေးလိုက်တာလဲ ပါပါတယ် . အဆင်ပြေကြပါစေဗျာ ... နောက်တစ်ခု ပြောချင်တာက Outlook express ကို သုံးဖို့အတွက် အဆင်မပြေပါဘူးဆိုတဲ့ သူများအတွက်လဲ ဒါလေးက outlook express ထက်ပိုကောင်းတဲ့ အဆင်အယဉ်တွေနဲ့ အတော်လေး လှပတာကို တွေ့ရပါတယ် . Firefox ဆိုတော့ သိတဲ့အတိုင်းပဲလေ . လုပ်ပေးလိုက်ရင် အလန်းတွေချည်းပဲ . Firefox ကို သဘောကျတဲ့သူ လက်ညှိုးထောင်ဆိုရင် မောင်ညီနေမင်း က ထပ်ဆုံးက ပါပြီးသားပဲ .. ကျွန်တော်ကတော့ Firefox crazy သမားလေ . ဘာ့ကြောင့်လဲလို့မေးရင် အဖြေက ရှိပြီးသားပဲ Add-ons ရဲ့ အားသာချက်တွေကြောင့်ပေါ့ . ကဲပါ အောက်မှာ လုပ်နည်းပေးထားပါတယ် . သေချာဖတ်ပြီးလုပ်လိုက်ပါ ..



Send Later Extension [SL8TR]

  • (၁) ပထမဦးဆုံး Thunderbird ကို Download လုပ်ယူလိုက်ပါ .
  • (၂) ပြီးတာနဲ့ ရလာတဲ့ Thunderbird ကို install လုပ်လိုက်ပါ .
  • (၃) Outlook express မသုံးချင်သူများနှင့် အဆင်မပြေသူများ လဲ ဒီ Thunderbird ကို Outlook express နည်းတူ အသုံးပြုလို့ရပါတယ် . ကျွန်တော့်အထင် Outlook express ထက်ကို ပိုကောင်းသေးတယ်ဗျ . သူ့မှာက add-on ပါတယ်လေ ..
  • (၄) အခုဆိုရင် Thunderbird အတွက်တော့ အိုကေသွားပြီ . ပြီးရင် အောက်ကပေးထားတဲ့ sl8tr.xpi Add-on ကို Download ထပ်လုပ်လိုက်ပါ . လင့်ကတော့ အရင်ကတိုင်း နေရာကနေ တင်ပေးထားပါတယ် .
Download sl8tr.xpi
Download ifile.itDownload mediafireDownload multiupload

ပြီးသွားပြီလား ပြီးသွားရင် Thunderbird ကို ဖွင့်လိုက်ပါ ..
  • (၅) ပုံထဲမှာပြထားသလိုမျိုး Tools >> add-on ကို သွားလိုက်ပါ
  • (၆) ပြီးရင် Add-ons >> install ကို နှိပ်ပြီး အပေါ်က Download လုပ်ယူထားတဲ့ sl8tr.xpi ကို ရွေးလိုက်ပါ .
  • (၇) Open ကို နှိပ်ပြီး Add-on ကို install လုပ်လိုက်ပါ ..
  • (၈) Thunderbird ကို restart လုပ်လိုက်ပါ ...

အားလုံးအိုကေသွားရင် အောက်ကအတိုင်း စလုပ်ပါတော့မယ် .
  • (၁) Write ကို နှိပ်ပြီး mail စပို့ပါတော့မယ် .
  • (၂) သူက ကို့အကောင့်ကို တောင်းရင် ပို့မယ့် email အကောင့်ကို ဖြည့်ပေးလိုက်ပါ . gmail ဆိုလဲ gmail ပေါ့ .
  • (၃) ပို့မယ့်မေးလိပ်စာဖြည့် ပို့မယ့်စာသားရေးသားတဲ့နေရာမှာ ကျွန်တော်တို့ ရေးသားမယ့် font ကို ပြောင်းလို့လဲ ရပါတယ် . zawgyi ဆိုလဲ zawgyi ကို ရွေးပေးလိုက်ပါ
  • (၄) File >> sent later (ctrl + shift + return) ကို ရွေးလိုက်ပါ .
  • (၅) ကဲ အဲ့မယ်ပေါ်လာတဲ့ Sent this email later ကိုတဲ့ Box အကွက်မှာ စာဖတ်သူပို့ချင်တဲ့ အချိန် ရက်စွဲ တွေကို ဖြည့်ပြီးပို့လိုက်လို့ရပါပြီ . အားလုံးပဲ အဆင်ပြေနိုင်ကြပါစေဗျာ .. အောက်မှာ ပုံတွေနဲ့ ရှင်းပြထားပါတယ် .


No comments:

Post a Comment