Sunday, September 27, 2009

Flash Drive ကို ဘယ်လို နာမည်မျိုးပေးသင့်သလဲ .

ကျွန်တော့ရဲ့ memory stick ကို safely remove မလုပ်ပဲနဲ့ ဒီတိုင်း ဆွဲချွတ်လိုက် မိပါတယ် နောက်တစ်ခါ ပြန်ထိုးတော့ ကျွန်တော့်စတစ် ကလေးက ကျွန်တော်ပေးထားတဲ့နာမည်နဲ့မဟုတ်တော့ပါဘူး Removable Disk ဆိုပြီး ပုံမှန်နာမည်ဖြစ်သွားပါတယ် နောက်ပြီးတော့ စတစ်ကို ဖွင့်လိုက်ရင် အောက်ကပုံအတိုင်းပဲ မြင်နေရပါတယ် ..

Memory stick တွေကို အကောင်းဆုံးက အင်္ဂလိပ်လိုပေးတာ အကောင်းဆုံးပါ . မြန်မာလို ပေးထားတဲ့ memory stick ထဲမှာရှိတဲ့ pdf ဖိုင်ပဲဖြစ်ဖြစ် . တစ်ခြားဖိုင်ပဲဖြစ်ဖြစ် ဖွင့်တဲ့အခါမှာ တစ်ခုမဟုတ်တစ်ခု ပြဿနာဖြစ်တတ်ပါတယ် .. မြန်မာလိုပေးထားတဲ့ stick ထဲက pdf ဖိုင်တစ်ဖိုင်ကို ဖွင့်လိုက်ရင် တစ်ခါတစ်ရံ error တက်လာပါတယ် . မဖွင့်ပေးပါဘူး . Flash Drive နာမည်ကို ဘယ်တော့မှ မြန်မာလို နာမည် မပေးမိပါ စေနဲ့ . အင်္ဂလိပ်လိုပေးလိုက်ပါ . Virus ကြောင့် format ချမရတဲ့ Flash drive ကို (မြန်မာလို နာမည်ပေးထားရင်အင်္ဂလိပ်လိုနာမည်ပြန်ပေးလိုက်ပါ) . ပြီးရင် တစ်ခြားကွန်ပျူတာတစ်လုံးမှာ သွားထိုး . AutoPlay တက်လာရင် Cancel ပေးလိုက် . ပြီးတာနဲ့ format ချလိုက် . အိုကေသွားပါလိမ့်မယ် . ဗိုင်းရပ်စ်ကြောင့်တစ်ခါတစ်ရံ အဲ့လိုဖြစ်တတ်ပါသေးတယ် . ဒီဖက်က ကွန်ပျူတာမှာ virus ကြောင့် format ချမရရင် တစ်ခြားကွန်ပျူတာနဲ့ သွားချ . ဒါပေမယ့် တစ်ခုသတိထားရမှာက AutoPlay တက်လာတာနဲ့ cancel ပေးဖို့လိုပါတယ် . မဟုတ်ရင် အဲ့ဒီ့ကွန်ပျူတာကိုပါ Virus ၀င်သွားပြီး format ချ မရဖြစ်တတ်ပါတယ် .

No comments:

Post a Comment