Sunday, September 20, 2009

pdf password remover

zaw2aung: ညီရေ pdf password remover fullversion လေးများရှိရင်ပို့ပေးပါဦး

ကျွန်တော်တင်ပေးလိုက်ပါပြီ .. ဒါပေမယ့် တစ်ခုကြိုပြောပါရစေဗျာ . ဒီစကားကလဲ ခဏခဏ ပြောနေရတာပါ . တစ်ချို့ဆိုရင် ကျွန်တော့်ကို အမြင်တောင် ကပ်နေပြီလားမသိပါဘူး . ကျွန်တော်အခု ဖိုင်နဲ့တွဲပြီး Keygen ပါတွဲပြီး တင်ပေးလိုက်တာပါ . အဲ့တော့ Register မလုပ်ခင် ဗိုင်းရပ်စ် program ကို ခဏပိတ်ထားပေးပါ . Virus သတ်တဲ့ ဘယ် Program ပဲဖြစ်ဖြစ် Keygen ကို virus လို့ပဲ သိကြတာပါ . ပြီးတော့မှ ကျွန်တော့်ကို serial no. တောင်းနေတယ်လို့ . လိုင်စင်လုပ်ဖို့တောင်းနေတယ် . ကိုညီနေမင်းက product key အတွက်တော့ ဘာမှမပေးလိုက်ဘူးတို့ . ခဏခဏပြောနေတာ တွေ့ရပါတယ် . ဟိုတစ်ရက်ကဆိုရင် ဗိုင်းရပ်စ်ပါတယ်တောင် လုပ်တာ . ကျွန်တော် keygen ဖိုင်တွဲထည့်ပေးတဲ့ အခါတိုင်း ဒီစကားကို ခဏခဏပြောပါတယ် . အဲ့တော့ ကျွန်တော်တို့ register မလုပ်ခင် ပိတ်ပြီးမှ Keygen ကို run ပါ . ပြီးတော့မှ virus တော့ပါတယ် . လိုင်စင်လုပ်ဖို့တော့ မပါဘူးလို့ မပြောကြပါနဲ့ . ကျွန်တော် ဘယ်တော့မှ အဲ့လိုမျိုး သူများဒုက္ခရောက်အောင် စိတ်အပင်ပန်းလူအပင်ပန်းခံပြီး မလုပ်ပါဘူး . အစ်ကိုရာ ဗိုင်းရပ်စ်တွေပါလာတယ် . အစ်ကိုအဲ့လိုတော့ မလုပ်သင့်ပါဘူး ဆိုတော့ ကိုယ်ကဘဲ လူယုတ်မာလိုလိုဘာလိုလို နဲ့ ပြောပုံက အတော်အခံရခက်တာဗျ . ရေးပြထားတာတွေကိုလဲ အသေအချာ အစအဆုံးမဖတ်ပဲ နင်းကန် အပြစ်တင်တာ အတော်ဆိုးတယ်ဗျာ .. အခမဲ့ သက်သက် မြန်မာပြည်က လူငယ်တွေ နည်းပညာလေ့လာရလွယ်ကူအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးရုံသက်သက်ပါ . ကျွန်တော် ဓါတ်ပုံနဲ့ကို လုပ်ပုံလုပ်နည်း ကိုတင်ပေးလိုက်ပါတယ် . register လုပ်တဲ့နေရာမှာ ကိုကြိုက်တဲ့နာမည်နဲ့လုပ်ပါ . အောက်မှာ ပုံနဲ့ပြထားပေးပါတယ် .




Download ifile.itDownload mediafire

1 comment:

  1. အချိန်ကုန်ခံ လူပင်ပန်းခံပြီး ပညာတွေဖြန့်ဝေပေးလို့ လေးစားပါတယ်...ဒီနေ့မှ စရောက်ဖြစ်တာပါ နောက်လည်းလာဖတ်ပါမယ် သူငယ်ချင်းတွေကိုလည်း ဒီလို ပညာရတဲ့ ဘလော့ဂ်ကို လာဖတ်ကြဖို့ အတွက် လက်ဆင့်ကမ်းပေးလိုက်ပါမယ်

    ReplyDelete