Showing posts with label Answers. Show all posts
Showing posts with label Answers. Show all posts

Friday, December 18, 2009

hp deskjet f300 အတွက် ဖြေရှင်းချက် .

သူသူ "HP Deskjet F300 Series InkJet Printer Resetter လေး လိုချင်ပါတယ်ခင်ဗျာ။ ရရင် တင်ပေးပါဦးနော်။ ကျေးဇူးတင်ပါတယ်။"

printer ၀ယ်သုံးချင်သူများကို သတိပေးချင်တာကတော့ . ဘယ်တော့မှ all in one series ကို မသုံးပါနဲ့ . ကိုကတော့ all in one ဆိုတာနဲ့ printer တစ်လုံးကို ၀ယ်လိုက်တာနဲ့ scanner, copy, print out စတာတွေအားလုံးကို ရမယ် ဆိုတာနဲ့ ၀ယ်လိုက်ရေ . ၀ယ်တုံးကတော့ all in one ကွ ပေါ့ မကြာပါဘူး ပြဿနာက စပြီ . ဓါတ်ပုံတစ်ပုံကို ဖတ်လိုက်ရင် ၀ါးတားတားဖြစ်ရတာနဲ့ copy ကူးရင် black and white ကိုကူးပါတယ်ဆို အပြာရောင်လိုလိုထွက်လာရတာနဲ့ . မျိုးစုံ တစ်ခုပြီးတစ်ခု ပြဿနာ ဖြစ်လာတတ်ပါတယ် . f-300 ရဲ့ ဒုက္ခပေးမှုလေးကို ပြောပြပါ့မယ် . သူအဓိက ပေးတဲ့ဒုက္ခက auto restetter ပါတဲ့ ink cartridges ကို ၀ယ်ပြီးတော့ ထည့်လဲထည့်လိုက်ရော တစ်ချို့ printer တွေမှာ အဆင်ပြေပေမယ့် . တော်တော်များများက 4 ရောင်ရှိတဲ့အထဲက တစ်ရောင် အမြဲလွတ်နေတတ်တယ် . အိုကေသွားပြီပဲထား ထုတ်လို့ပြုလို့ အဆင်ပြေနေတယ် . နောက်ထပ်တစ်ခု ထပ်လာတယ် ဘာလဲဆိုတော့ ဆေးသိပ်မလိုက်တာ . printer ink တွေရဲ့ 80% မှာ ဆေးရည်အမဲရောင်ဟာ အခဲမြန်တယ်ဗျ . သတိထားမိမလားမသိဘူး . နောက်တစ်ခုက ကိုက printer ဆေးမလိုက်လို့ head cleaning လုပ်လိုက်ပြန်ရင်လဲ ဆေးက nozzle မှာ ဆေးခဲပြီး ပိတ်နေတဲ့အခါ ဆေးရည်က over ဖြစ်ပြီးတော့ printer အတွင်းထဲမှာ ဆေးတွေ လျှံကျသွားရော . အဲ့ဒီ့နေရာမှာတော့ epson က သာတယ် . အခုနောက်ထွက်တွေမှန်သမျှ ink over အတွက် ပိုက်တစ်ခု နောက်မှာပါတယ် . cleaning လုပ်လိုက်လို့ over ဖြစ်သွားရင် အဲ့ဒီ့မင်က ပိုက်ထဲကနေ အပြင်ကိုဆင်းသွားတယ် .အဲ့တော့ ကိုက laserjet ကို မသုံးနိုင်လို့ ink jet ကိုသုံးမယ်ဆိုရင် မင်အမဲရောင်ကို တစ်လတစ်ကြိမ်လောက် စစ်ဆေးပေးပါ . လှုပ်ကြည့်လိုက်ပါ . မင်အမဲရောင်ခဲနေပြီဆိုရင် ဆက်မသုံးပါနဲ့ . လှုပ်လိုက်လို့ အရေက တစ်ခြားဆေးရည်တွေလို လှုပ်လိုက်တာနဲ့ အိုကေတယ်ဆို ဆက်သုံးပါ မင်ခဲတော့မယ်ဆိုတာနဲ့ လှုပ်လိုက်ရင် ကော်ရည်မဖြစ်တဖြစ်လို သိပ်ပြီးတော့ မလှုပ်တော့ပါဘူး . နဲနဲပျစ်သွားတယ် . အဲ့လိုဆိုရင် မင်အမဲကို ဆေးထိုးအပ်စလင်းနဲ့ စုပ်ထုတ်လိုက်ပြီးရေနဲ့ဆေးလိုက်ပါ . ရေကိုအခြောက်ခံပြီး အားလုံးအိုကေပြီဆိုမှ မပျစ်တဲ့ဆေးရည် (ဆေးရည်အကောင်း)ကို စလင်းနဲ့စုပ်ပြီး catridge ထဲကိုထည့်ပါ . ဒါကကြုံတုန်းလေးပြောပြတာပါ . printer ကို ၀ယ်တော့မယ်ဆိုရင် . (ဆေးရည်ဝယ်တော့မယ်ဆိုရင် အမဲရောင်ကို လှုပ်ကြည့်ပါ အရည်က ကျဲနေမှသာဝယ်ပါ . ဆိုင်မှာထားထားလို့ ကြာလာရင် ပျစ်နေရင် မ၀ယ်ပါနဲ့ .. အဲ့တော့ ဆေးရည်ဝယ်မယ်ဆိုရင် မ၀ယ်ခင် နဲနဲလောက်လှုပ်ကြည့်ဖို့ မမေ့ပါနဲ့ .)

  • all in one ကို ဘယ်တော့မှ မ၀ယ်ပါနဲ့
  • One way ကိုပဲသုံးပါ (သဘောက print ထုတ်ဖို့အတွက်ပဲ သီးသန့်ထုတ်ထားတဲ့ printer မျိုးကိုသုံးပါ)
  • scanner ကိုဝယ်တော့မယ်ဆိုရင်လဲ scan ဖတ်ဖို့ တစ်ခုတည်းထုတ်ထားတဲ့ scanner ကိုပဲ ၀ယ်ပါ .
  • all in one က ခဏတဖြုတ်အဆင်ပြေပေမယ့် ရည်ရှည်မှာဆိုရင် သူ့ရဲ့ Out put quality က one way တွေလို မမီပါဘူး .

နောက်ဆုံးပြောပြချင်တာက မသူသူရေ . မသူသူ printer အတွက်တော့ resetter က software ရှာမတွေ့ဘူး . သူ့အတွက် cartridges auto resetter တစ်ခါတည်းပါတဲ့ ဆေးဗူး 4 ဗူးတွဲ ရှိပါတယ် . အဲ့ဒီ့ဆေးဗူးကို ၀ယ်လိုက် . ရန်ကုန်မှာပေါပါတယ် . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

အကောင်းဆုံး နှင့် သုံးလို့အဆင်ပြေဆုံး printer ကို ညွှန်းပါဆိုရင်တော့ Epson R?? အမျိုးအစားတွေက အကောင်းဆုံးပါပဲ . ရုပ်ထွက် အဆင်ပြေသလို သူ့ရဲ့ error ကို ကိုင်တွယ်ဖြေရှင်းရတာလဲ လွယ်ကူတယ် . နောက်ကြုံမှ printer တစ်လုံးကို ထိန်းသိမ်းနည်းဆိုပြီး ရေးပေးပါဦးမယ် . ရေးပေးချင်တာတွေကများပြီး အချိန်က သိပ်မရဖြစ်နေတာ . တစ်ချို့ကတော့ အကူအညီကတော့ အချိန်တိုင်းတောင်းနေတယ် . ကျွန်တော့်ပို့စ်များကို ကူးယူဖို့အတွက် ကျွန်တော့်ဆီက ခွင့်ပြုချက်မယူလဲ စိတ်မဆိုးပါဘူး . ကျွန်တော့်တို့ မြန်မာတွေမှာ တစ်ခုတော့ကောင်းတယ် . တစ်ယောက်ကသာ ရှေ့ကနေ လမ်းဖောက်ပေးလိုက် အနောက်ကနေ သိပ်မကြာဘူး လိုက်လာကြတယ် . အခုလဲကြည့် မြန်မာ ၀ဘ်ဆိုက်တွေ တစ်ဟုန်ထိုး တိုးတက်လာကြတာ ၀မ်းသာစရာပါ . အဲ့ဒီ့အတွက် ရှေ့ဆုံးကနေ လမ်းပြခဲ့တဲ့ လူတွေကို ရင်ထဲကနေ ကျေးဇူးတင်သင့်တယ် . တစ်ချို့က ဇော်ဂျီဖောင့်က စံမဖြစ်ဘူး . ဘာဖြစ်တယ် ဘာဖြစ်တယ်လုပ်ကြတယ် . ကျွန်တော့်အနေနဲ့ အဲ့လို စံဖြစ်တာ မဖြစ်တာကို ဘေးမှာထားပြီး ကျေးဇူးတင်တာက ဇော်ဂျီနဲ့ ၀ဘ်ဆိုက်တွေစရေးတယ် . ဇော်ဂျီနဲ့အပြိုင် တစ်ခြားဖောင့်တွေပေါ်လာတယ် . အဲ့ဒါဘာ့ကြောင့်လဲ မခံချင်စိတ် အပြင် ရှေ့ကလုပ်တဲ့သူထက် ပိုကောင်းရမယ် ပိုအဆင့်မြင့်ရမယ်ဆိုတဲ့ ခံယူချက်ပဲ. အဲ့ဒါကြောင့်မို့ ပိုပြီးတိုးတက်လာတယ်လို့ ကျွန်တော်တော့ ခံယူတယ် . ဘယ်လိုပဲပြောပြော ကျွန်တော့်အမြင်ကတော့ ၀ဘ်ဆိုက်တွေမှာ ကနဦးစပြီးရေးလို့ရအောင် လမ်းကြောင်းပေးခဲ့တာ ဇော်ဂျီပါ . တစ်ခြားစံဖြစ်တယ် မဖြစ်တယ်ဆိုတာက တစ်ဖြည်းဖြည်းချင်း ပြောင်းလဲယူလို့ရပါတယ် . လူငယ်တွေ ၀ဘ်ဆိုက်တွေ ရေးချင်လာအောင်၊ မြန်မာစာနဲ့ ဖတ်လို့ရလာအောင် စပြီးဆွဲဆောင်ခဲ့တာ ဇော်ဂျီပါ . ကျွန်တော့်ရင်ထဲကနေ နှစ်နှစ်ကာကာကျေးဇူးတင်ပါတယ် .

Tuesday, December 15, 2009

ဘာ့ကြောင့် resetter ကို သုံးကြရတာလဲ

ဒီမေးခွန်းအတွက် ကတော့ လွယ်ပါတယ် . printer တွေမှာ ဘယ် printer ကို မဆို original ဆေးဗူးတွေ မှန်သမျှဟာ စာရွက်အရွက်ရေနဲ့ သတ်မှတ်ပါတယ် . ဆေးဗူးတစ်ဗူးဆို စာရွက်ဘယ်နှစ်ရွက် ဆိုတာမျိုးပေါ့ . တစ်ခါတစ်လေ ဆေးဗူးထဲမှာ ဆေးကျန်နေသေးတယ် ဒါပေမယ့် သူသတ်မှတ်ထားတဲ့ စာရွက်အရွက်ရေ ပြည့်သွားပြီဆိုရင် printer က ဆေးဗူးထဲမှာ ဆေးမရှိတော့ဘူးလို့ပဲ သတ်မှတ်လိုက်တာပါ . အဲ့ဒီ့အခါမှာ ဆက်ပြီးတော့ စာရွက်ထုတ်လို့ မရတော့ပါဘူး . ကိုက ဆေးဗူးအသစ်လဲ မ၀ယ်ချင်ဘူး . မူရင်းဆေးဗူးအဟောင်း ကိုပဲ ဆေးထည့်ပြီး ပြန်သုံးချင်တယ် . ဘယ်လိုလုပ်မလဲ printer service လုပ်တဲ့ program တွေကို အသုံးချပြီး printer က ကုန်သွားပြီလို့ သတ်မှတ်ထားတဲ့ ဆေးဗူးကို ပြန်ပြီး reset လုပ်လိုက်တာနဲ့ ဆေးဗူးနောက်က ဆားကစ်ပြားမှာ မှတ်ထားတဲ့ memory ဟာ ပျက်သွားပါတယ် . သဘောက "0" ကို ပြန်ရောက်သွားတယ် ပေါ့ဗျာ . အဲ့ဒီ့လို ပြန်ပြီး reset လုပ်လိုက်ရင် ဆေးဗူးထဲမှာတော့ ဆေးတစ်စက်မှ မရှိလဲ reset လုပ်ထားတဲ့ ဆေးဗူးဟာ ကြည့်လိုက်ရင် ဆေးပြည့်နေတာကို တွေ့ရမှာပါ . ink jet ပဲဖြစ်ဖြစ် laser jet ပဲဖြစ်ဖြစ် ဆေးဗူးအဟောင်းကို ပြန်သုံးချင်တယ်ဆိုရင်တော့ resetter ကို အားကိုးကြရပါတယ် .

Laser jet ဆိုတာ ဘာလဲဆိုရင် ဆေးမှုန့်ပါတဲ့ ဆေးဗူးတွေကို အသုံးပြုပြီး စာရွက်ထုတ်ပေးတဲ့ colour (or) balck & white printer ကိုခေါ်ပါတယ် . သူက ဆေးမှုန့်နဲ့ အလုပ်လုပ်ပါတယ် . သူကဈေးကြီးတယ် . ဘာ့ကြောင့်ကြီးလဲဆိုရင် laser jet က ထွက်လာတဲ့ စာရွက်ကို ရေနဲ့ဆေးတာတောင် ဆေးက ကွာမကျဘူး . (တင်စားတာနော် တစ်ကယ် သွားမဆေးနဲ့ဦး)

Ink Jet ဆိုတာဘာလဲဆိုရင် ဆေးအရည်ပါတဲ့ ဆေးဗူးတွေကို အသုံးပြုပြီး စာရွက်ထုတ်ပေးတဲ့ colour printer ကိုခေါ်ပါတယ် . သူက ဆေးအရည်နဲ့ အလုပ်လုပ်ပါတယ် . ဈေးပေါတယ် . အပေါ်က laser jet လိုမျိုးတော့ ရေသွားဆေးဖို့မပြောနဲ့ ဟက်ချိုးဆိုပြီး နှာချေလို့ တွံ့တွေး စင်ရင်တောင် စာရွက်ပေါ်က ဆေးရည်က ပျံ့သွားပါတယ် . ရေအထိမခံပါဘူး .

Thursday, December 3, 2009

Win Win "အစ်ကိုရေ SolidWorks 2008 software & crack file လေး ရှိရင် လုပ်ပေးပါဦး . ကျွန်တော့် အတွက် အရမ်းအရေးကြီး နေလို့ပါ ."

တင်ပေးလိုက်ပါပြီ . အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် . အောက်မှာ Download လုပ်လိုက်ပါ .. ကျွန်တော် တစ်ခု ထပ်ပြောပြချင်ပါတယ် . ဒါကလဲ crack (သို့) keygen တွေကို ပေးတိုင်းပြောပြောနေရတဲ့ စကားပါ . antivirus program တွေဟာ crack (သို့) keygen တော်တော်များများကို virus လို့ပဲ သိထားကြပါတယ် . အဲ့ဒီ့အတွက် crack (သို့) keygen တွေကိုထည့်မယ်ဆိုရင် ပထမဦးဆုံး မိမိတင်ထားတဲ့ antivirus program တွေကို ခဏပိတ်ထားပေးပါ . ပြီးမှတင်ပါ . သိပြီးသားလူအတွက် ကိစ္စမရှိပေမယ့် မသိသေးတဲ့သူများအတွက် ကျွန်တော်တင်ပေးတဲ့ ဖိုင်တွေဟာ virus ပါတယ်ဆိုပြီး ပြောပြောနေကြလို့ ထပ်ပြီးသတိပေးလိုက်တာပါ . ကျွန်တော် ဘယ်တော့မှ virus ပါတဲ့ ဖိုင်တွေကို ဒုက္ခခံပြီး မတင်ပေးပါဘူး .

Download ifile.it ၊ Download multiupload

Wednesday, December 2, 2009

ကွန်ပျူတာတစ်လုံး လုပ်ဆောင်မှု မြန်ဆန်အောင် ဘာတွေ လုပ်သင့်သလဲ .

ဒါကတော့ ကွန်ပျူတာ သုံးတဲ့လူများအားလုံး သိစေချင်လို့ ကျွန်တော် ရေးလိုက်တာပါ . မေးထားတာလဲ ညီအစ်ကို တော်တော်များနေလို့ပါ . ဒီနေ့တော့ ထူးထူးခြားခြား ညီလေးတစ်ယောက် ကျွန်တော့်ကို လာပြီးတောင်းပန်လာပါတယ် . ကျွန်တော် ဘယ်သူ့ကိုမှ တိုက်ခိုက်တာ စော်ကားခဲ့တာ မရှိပါဘူး . ကိုယ့်လမ်းကို လျှောက်နေတာပါ . ဒီ့အတွက် ကိုယ့်လိပ်ပြာကို သန့်ပါတယ် . ကျွန်တော့်ဆိုက်ကို လာလာပြီးအော်ပြီး အမြင်မတော်တဲ့ စကားလုံးများနှင့် လာလာရေးနေတာပါတဲ့ . အဲ့ဒီ့အတွက် ကျွန်တော့်ကို ကျွန်တော်ရှက်ပြီး လိပ်ပြာမလုံတော့လို့ ပါတဲ့ . ကျွန်တော်စိတ်ထဲမှာ ဘာမှကို မရှိပါဘူး . လာဆဲတဲ့ သူတွေအပေါ်မှာလဲ ဘယ်လိုမှ ခံစားချက်ကို မထားတော့တာပါ . သူလဲ သူဝါသနာပါလို့ လာဆဲတာ . ကိုလဲ ၀ါသနာပါလို့ ရေးနေတာပါ . အဲ့ဒီ့အတွက်တော့ နောင်တမရပါဘူး . အခုလို လာပြီး တောင်းပန်တဲ့ညီလေးကိုလဲ အစ်ကို ဘယ်လိုမှ သဘောမထားပါဘူး . ဒီပို့စ်ထဲမှာ ထည့်ရေးလိုက်တဲ့ အတွက်တော့ အစ်ကို့အပေါ်မှာ တစ်မျိုးမထင်စေချင်ပါဘူး . ကဲ ကွန်ပျူတာတစ်လုံး မြန်ဆန်အောင် ဘာလုပ်သင့်သလဲ (၁) မိမိကွန်ပျူတာမှာ virus စစ်တဲ့အချိန်နဲ့ တစ်ခြားအချိန်တွေမှာ antivirus ကြောင့် စက်လေးနေတတ်ပါတယ် . အဲ့ဒီ့အတွက် ပေါ့ပါးပြီး ကောင်းမွန်တဲ့ kaspersky လို antivirus program ကို သုံးသင့်ပါတယ် . (၂) မိမိကွန်ပျူတာဟာ program တွေကို ဖြုတ်လိုက် ပြန်တင်လိုက် ဖိုင်တွေကို ဖျက်လိုက် ပြန်ထည့်လိုက် လုပ်နေတာ ဆိုရင် အဲ့ဒီ့စက်ဟာ ကြာလာတာနဲ့အမျှ စက်ဟာလေးလာမှာပါ . ဘာ့ကြောင့်လဲဆိုရင် အဆိုပါ program တွေကို ဖြုတ်လိုက်တဲ့အခါမှာ program uninstall လုပ်တုန်းက program တော်တော်များများဟာ အကုန်လုံးကို မဖျက်သွားပါဘူး . တစ်ချို့ temporary files တွေ ကျန်နေခဲ့ပါတယ် . အဲ့ဒီ့ဖိုင်တွေဟာ ကွန်ပျူတာတစ်လုံးအတွက် မလိုအပ်ပါဘူး . အဲ့လိုဖိုင်တွေ များလာတာဟာ HDD အတွက် မကောင်းတဲ့အလားအလာပါ . အဲ့ဖိုင်တွေကို ဖျက်ပစ်ရပါမယ် . (၃) မိမိ HDD မှာ system error ကြောင့်ဖြစ်လာတဲ့ bad sector တွေကို မကြာခဏဆိုသလို fix လုပ်ပေးရပါမယ် . တစ်ခါတစ်လေ bad sector တွေများလာတဲ့အတွက် partition တောင် ပိုင်းမရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ် . တစ်လကိုတစ်ကြိမ်လောက်တော့ bad sector ကို fix လုပ်ပေးပါ . (၄) နောက်တစ်ချက်က File တွေကို ပြန်ပြီး စီပေးပါ . ဘာ့ကြောင့် ဖိုင်တွေပြန်စီရတာလဲဆိုရင် ကျွန်တော်ဥပမာ တစ်ခုပေးပါ့မယ် . အတွဲ (၁၀)တွဲရှိတဲ့ မီးရထားတွဲတစ်တွဲမှာ ဆိုပါစို့ဗျာ . အဲ့ဒီ့အခန်းတွေကို ဖိုင်တွေလို့ သဘောထားလိုက် . မိမိက အတွဲ(၁) နဲ့ (၂) မှာ ရှိတဲ့ ပစ္စည်းတွေကို ယူသုံးလိုက်မယ် (ဖိုင်ဖျက်လိုက်တယ်). အဲ့ဒီ့အတွဲ(၁) (၂) ထဲမှာ ဘာမရှိတော့ဘူး . ဗလာကြီးပဲကျန်သေးတယ် . နောက်ထပ် အသစ်လာတဲ့ကုန်ပစ္စည်းတွေကို အတွဲ(၁)နဲ့ (၂) မှာ မထားဘဲနဲ့ ဟိုးနောက်တွဲမှာ သွားထားမယ်ဆိုရင်(ဖိုင်အသစ်တွေထည့်မယ်) မိမိကလိုအပ်လို့ ကုန်ပစ္စည်းတွေကို ထုတ်ယူမယ်ဆိုရင်(ဖိုင်ကိုခေါ်သုံးမယ်၊ ဖွင့်မယ်) ဟိုးနောက်တွဲကနေ သွားသွားပြီးယူနေရတာဆိုတော့ အချိန်ကြာတာပေါ့ . မဟုတ်ဘူးလား . အဲ့ဒီ့တော့ အဲ့ဒီ့ရထားတွဲ မြန်လာအောင် ဘာလုပ်ရမလဲ၊ ကုန်ပစ္စည်းတွေကို ထုတ်ပစ်မယ်၊ ရောင်းပစ်မယ်(ဖျက်ပစ်သည်) ပြီးရင် အဲ့ဒီ့လွတ်နေတဲ့ အခန်းတွေထဲကို နောက်တွဲတွေထဲက ကုန်တွေကို ပြောင်းထည့်မယ် (ဖိုင်ပြန်စီလိုက်သည်) ဆိုရင် ကိုတစ်ချိန်လိုအပ်လို့ ကုန်တွေထုတ်မယ် (ဖိုင်တွေဖွင့်မယ်) ဆိုရင် နောက်အထိသွားစရာမလိုတော့ဘူး . ရှေ့ခန်းကနေ ယူလို့ရတယ်လေ . အခုလဲ ဒီသဘောပါပဲ . အဲ့တော့ ကွန်ပျူတာလေးတာ ကြာတာ၊ ဖိုင်တွေ ဟိုတစ်ဖိုင် ဒီတစ်ဖိုင်ရောက်နေလို့ပါ ဆိုတဲ့အချက်တစ်ချက်လဲ ပါပါတယ် .

တစ်ခြားအချက်တွေကျန်ပါသေးတယ် . ဒါကတော့ လတ်တလော ပြောပြတဲ့အချက်လေးတွေပါ . ထပ်ရေးပါဦးမယ် . ဒီအဆင့် ၄ ဆင့်လောက်ကိုပဲ အခုလုပ်ကြည့်လိုက်ပါ . ကွန်ပျူတာ ယခင်ကထက် ပိုမိုမြန်ဆန်လာတာတွေ့ရပါလိမ့်မယ် .

နံပါတ်(၁) အတွက်ကတော့ စိတ်မပူပါနဲ့ ကျွန်တော့်ဆိုက်မှာ antivirus program ကောင်းကောင်းတွေ တင်ထားပေးပြီးသားပါ . ဒီမှာ သွားယူလိုက်ပါ .
နံပါတ်(၂) အတွက်ကတော့ ကျွန်တော်တင်ပေးထားတဲ့ ccleaner ကို အသုံးပြုပြီးတော့ မလိုအပ်တဲ့ tempory file များကို ဖျက်ပစ်လို့ရပါတယ် . Ccleaner ကို ဒီမှာ တင်ပေးထားပါတယ် .
နံပါတ်(၃) အတွက်ကတော့ Bad sector ကို ဘယ်လို Fix လုပ်မလဲဆိုတဲ့ ပို့စ်ကို ဒီမှာ ရေးထားပြီးသားပါ .

နံပါတ်(၄) ဖိုင်တွေ ပြန်စီဖို့အတွက်ကတော့ ဒီမှာ နှင့် ဒီမှာ မှာ တင်ထားပေးထားပါတယ် . အဆင်ပြေတဲ့ program နဲ့သာ ဖိုင်ပြန်စီလိုက်ပါ . window မှာလဲပါပြီးသားပါ . ဒါပေမယ့် သူက အခုတင်ပေးတဲ့ Defragment လောက်တော့ မကောင်းပါဘူး . ဘာ့ကြောင့်လဲဆိုရင် အခုတင်ပေးတဲ့ Defragment program ဟာ ဖိုင်စီဖို့အတွက် သီးသန့် program ဖြစ်တဲ့အတွက် window မှာပါတဲ့ program ထက်ကောင်းတယ်ဆို တာတော့ ငြင်းလို့မရပါဘူး . .

နံပါတ်(၅) error များကို ပြင်ဆင်ဖို့အတွက် Advanced SystemCare လိုမျိုး program ကိုလဲ စက်ထဲမှာ install လုပ်ထားဖို့လိုပါတယ် . ဒါမှ မိမိကွန်ပျူတာမှာ ဖြစ်နေတဲ့ error တွေကို ပြင်ဆင်နိုင်ပြီး ကွန်ပျူတာအသုံးပြုမှု မြန်ဆန်လာမှာပါ . Advanced SystemCare ကို ဒီမှာ တင်ထားပေးပြီးသားပါ .

Kaspersky install လုပ်မရသည့် ပြဿနာအစ AVG က

မနေ့က ထိုင်းက သူငယ်ချင်း ထိုင်းနိုင်ငံသား တစ်ယောက်ကို AVG ကနေ kaspersky ကို ပြောင်းပါလားလို့ ပြောမိလိုက်တာနဲ့ပဲ သူ့ကွန်ပျူတာ လာထိုးအပ်ပါလေရော . တင်ပေးပါဦးတဲ့ . သူတင်တာမရလို့တဲ့ . ဇာတ်လမ်းက အဲ့မှာ စတော့တာပဲ ၄ ဆင့်ကို လုပ်လိုက်ရတယ် . ပြဿနာက kaspersky က လက်မခံတာက စတာပဲ . ကဲ AVG ကနေ kaspersky ပြောင်းပြီး တင်ချင်သူများ အခက်အခဲရှိရင် ဖြေရှင်းနိုင်အောင်လို့ ပို့စ်တင်ပေးလိုက်တာပါ . kasprsky ကို add and remove program ကနေလဲ ဖြုတ်လို့မရပါဘူး . ဘယ်လိုဖြုတ်ဖြုတ် မပြုတ်တဲ့အပြင် ပြုတ်သွားပြန်တော့လဲ kasprsky ပြောင်းလို့မရဘူး . ကဲ အောက်က အဆင့်လေး တွေအတိုင်း လုပ်ကြည့်ကြပါ .

အဆင့်(၁)
AVG antivirus program
ကို uninstaller program နဲ့ ဖြုတ်လိုက်ပါ . မရှိသေးရင်
ဒီမှာ တင်ထားပေးပြီးသားပါ . add and remove program ကနေ uninstall လုပ်ပြီး ဖြုတ်လို့မရတဲ့ software မှန်သမျှကို Uninstaller နဲ့ပဲ ဖြုတ်လို့အဆင်ပြေပါတယ် . ကဲ ဖြုတ်ပြီးပြီးချင်း တင်လိုက်တော့ သူကလက်မခံဘူး AVG တင်ထားတယ် ပြောနေတယ် . အဲ့ဒါနဲ့ အောက်က အဆင့်တွေအတိုင်း လုပ်လိုက်တာ အဆင်ပြေသွားတယ် .

အဆင့်(၂)

(၁) Start >> Run ကိုသွားပါ
(၂) Run box ထဲမှာ regedit ရိုက်ထည့်ပြီး OK ပေးလိုက်ပါ

HKEY_LOCAL_MACHINE >> SOFTWARE >> ကိုရွေးပြီး ဘေးကမြှားကို ဆက်နှိပ်လိုက်တာနဲ့ မိမိကွန်ပျူတာမှာ တင်ထားသမျှ program တွေ အကုန်လုံးကို တွေ့ရမှာပါ . အဲဒီ့အထဲက ဖျက်တုန်းက မပျက်ခဲ့တဲ့ AVG ဖိုင်ကို လိုက်ရှာပြီး Right click ထောက်ပြီး Delete ပေးလိုက်ပါ .


အဆင့်(၃)

HKEY_LOCAL_MACHINE >> SOFTWARE >> Microsoft >> Windows >> CurrentVersion >> Uninstall >> AVG8uninstall ဆိုတဲ့ဖိုင်ကို ပုံ-၃ ထဲကအတိုင်း rightclick ထောက်ပြီး Delete ပေးလိုက်ပါ . အဲ့လောက်ဆိုရင်တော့ ပုံမှန်အတိုင်းဆိုရင် kaspersky တင်လို့ရပါပြီ .

အဆင့်(၄)
အဲ့ဒါနဲ့ရပြီထင်ပြီး ပြန်တင်လိုက်တယ် . မရသေးပါဘူးတဲ့ ကျန်သေးတယ် ပြောတာနဲ့ နောက်ဆုံး အဆင့်အနေနဲ့ AVG Remover ကို run လိုက်တော့မှ AVG Remover tool က အကုန်လုံးဖြုတ်ပေးသွားတယ် . ပြီးတော့မှ kaspersky 2010 က တက်လာတယ် . တစ်ခါတစ်လေ နံပါတ်(၁) နဲ့တင် အဆင်ပြေသလို တစ်ခါတစ်လေ အဆင့်(၂)အထိလုပ်တာနဲ့ အဆင်ပြေသွားပါတယ် . လုံးဝမရခဲ့ရင် ခက်ခဲနေမှာစိုးလို့ ကျွန်တော် AVG မလိုချင်လို့ ဖြုတ်တဲ့ အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲလေးကို ပို့စ်အဖြစ်တင်ပေး လိုက်တာပါ . အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ . AVG REMOVER TOOL ကို အောက်မှာ Download လုပ်ယူလိုက်ပါ .





Download ifile.it ၊ Download multiupload

Monday, November 30, 2009

Application တွေကို Portable ဖြစ်အောင် ဘယ်လို ဖန်တီးယူရမလဲ

portable လုပ်နည်း မေးထားတာတော့ အတော်များပါတယ် . ရေးပေးလိုက်ပါပြီ .

portable software တစ်ခုဖြစ်လာဖို့အတွက်
(၁) win rar
(၂) universal Extractor နှစ်မျိုးရှိရပါမယ် . winrar ကတော့ လူတိုင်းနီးနီးမှာ ရှိကြမှာပါ . ဒါ့ကြောင့် မတင်ပေး တော့ပါဘူး . universal extractor ကိုတော့ တင်ပေးလိုက်တယ် . အောက်မှာ Download လုပ်လိုက်ကြပါ .

Download ifile.it ၊ Download multiupload

firefox 3.5.5 ကို portable လုပ်ပြလိုက်ပါ့မယ် .

လုပ်နည်း
(၁) ပေးထားတဲ့ win rar နှင့် universal Extractor နှစ်မျိုးလုံးကို install လုပ်ပါ
(၂) ကိုလုပ်ချင်တဲ့ program ကို right click ထောက်ပြီး အောက်မှာပြထားတဲ့ ပုံထဲအတိုင်း UniExtract to Subdir. ကိုရွေးလိုက်ပါ .
(၃) ပုံ-၂ ထဲကလို ဖိုင်တွေ ကျလာပါလိမ့်မယ် . အားလုံးကို select all ပေးလိုက်ပြီး Add to archive ကို နှိပ်လိုက်ပါ .
(၄) General >> compression methut မှာ Normal ထားပြီး Create SFX Archive မှာ အမှန်ခြစ်ပေးထားလိုက်ပါ .
(၅) Advanced >> SFX options ကို နှိပ်လိုက်ပါ .
(၆) Modes ကို နှိပ် >> unpack to temporary folder မှာ အမှန်ခြစ်ပေး ပြီး Hide all ကို ရွေးထားလိုက်ပြီး ok ပေးလိုက်ပါ .
(၆) ပြီးရင် General >> setup program ရဲ့အောက်က Run after extraction အောက်မှာyour program name .exe ပေးလိုက်ပါ . မိမိပြုလုပ်မယ့် program ရဲ့ နာမည်ကိုရေးပေးပြီး သူ့နောက်က .exe နဲ့ ဖိုင်နာမည်ကို ဆုံးပေးထား လိုက်ပါမယ် . အားလုံးပြီးသွားရင် ok ကို နှိပ်လိုက်ပါမယ် . နောက်ဆုံးပုံထဲကလို protable ကျလာပါလိမ့်မယ် . တစ်ဆင့်ချင်း လုပ်လိုက်ပါ . လွယ်ပါတယ် .



ဒါကတော့ နောက်ဆုံးရလာတဲ့ portable လေးပါ .

Sunday, November 29, 2009

language ပြောင်းချင်လို့ပါ

Dennis Martin : The other problem is One of my Iran friend he buy one of all in one touch screen table PC that windows is Windows7 home Pentium But German Language So we are not enjoy with German language So how can i change German to English language Here is Computer information http://www.medion.com/ms/aldi/md8850/at/, http://www.medion.at/

language ပြောင်းဖို့ကတော့ အောက်ကနည်းအတိုင်း စမ်းကြည့်လိုက်ပါ
(၁) start >> control panel ကို သွားလိုက်ပါ .
(၂) Clock, Language and Region >> change display language ကို ရွေးလိုက်ပါ .
(၃) Formats မှာ English (united states) ကို ပြောင်းလိုက်ပါ .
(၄) Keyboards and languages >> change keyboards ကိုရွေးပါ
(၅) General မှာ အောက်ကို ကြည့်လိုက်ပါ . Default input language မှာ English(united states) - us ကို ရွေးပေးလိုက်ပါ ..
(၆) ပြီးရင် သူ့အောက်က installed services မှာ ကျွန်တော်တို့သုံးမှာက keyboard က နှစ်မျိုးပဲ သုံးမှာ ဖြစ်တဲ့အတွက် us နှင့် Zawgyi နှစ်မျိုးပဲ သုံးမှာဖြစ်တဲ့အတွက် us keyboard နဲ့ zawgyi keyboard နှစ်ခုပဲ ချန်ထားပြီး ကျန်တဲ့ keyboard တွေကို remove ပေးလိုက်ပါ . ပြီးတာနဲ့ Ok ပေးလိုက်ပါ .
(၇) restart တောင်းရင် restart ပေးလိုက်ပါ . ဒီလောက်ဆိုရင် အဆင်ပြေလောက်ပြီးလို့ ထင်ပါတယ် . မပြေရင် ဆက်ပြောပါ .

သိသင့်တာနှင့် အဖြေများ

Dennis Martin : Before Agape he got one Virus i also got like a that virus at the time i also i can't run Antivirus App If i run ,virus close Anti Virus App may be same problem at the time my computer is toooo much slow so i make with Avril Premium i can't found any virus than i take kasparsky from one of my Russia friend, i run with that but i can't find any virus . so after i use Norton 2010 from your web after i find alot of virus now is everything is OK but some time if i don't use any program my Processor is running around 100%. i think some thing wrong so i hope you will help me I'm waiting with Team Viewer By the way if you need some program & info you can go to this link i got from my Russia friend they use from those link some app are only Russia language .web page တွေကို Page လိုက် translate လုပ်ပေးနိုင်မယ့် Program လေးလဲလုပ်ပေးပါဦး

(၁) window operation system မှာ antivirus program ကို တစ်ခုထက်ပိုပြီး မသုံးသင့်ပါဘူး microsoft ကလဲ အဲ့ဒီ့အကြောင်းကို သတိပေးထားပါတယ် . ကိုသဘောကျ နှစ်သက်တဲ့ anti virus program တစ်ခုခုကို သုံးပါ . ကျွန်တော်ကတော့ kaspersky 2010 ကိုသုံးပါတယ် . လူသုံးလဲများ တဲ့အပြင် security ဖက်ပိုင်းနဲ့ တစ်ခြားအားသာချက်တွေမှာ kaspersky က နံပါတ်(၂) နေရာမှာ နေရာယူထားပါတယ် .

(၂) နောက်တစ်ခုက processor က 100% ဖြစ်နေတယ်ဆိုတာကတော့ ကွန်ပျူတာကို ဖွင့်ပြီးသုံးနေစဉ်အတွင်း program ကို ၂ ခု လောက်ပဲဖွင့်ပါ မလိုအပ်ပဲ program တွေလဲ ၄-၅ ခု ဖွင့်ထားမယ် . သီချင်းလဲနားထောင်မယ် . တစ်ချိန်တည်းမှာပဲ virus စစ်နေမယ်ဆိုရင် 100% ပါ ကျော်ချင်ကျော်သွားနိုင်ပါတယ် . အဲ့တော့ ကျွန်တော်တို့အနေနဲ့ တစ်ခုသတိထားစေချင်တာက virus program တစ်ခုခုနဲ့ full scan စစ်မယ်ဆိုရင်တော့ ဖွင့်ထားသမျှ program တွေကို ပိတ်မယ် . Download လုပ်ထားတာတွေကို ရပ်ဆိုင်းထားမယ် . ကွန်ပျူတာကို အားလုံးအနားပေးထားတဲ့ အချိန်ကျမှ virus စစ်ပါ . လုပ်ငန်းလုပ်နေတဲ့အချိန် virus မစစ်ပါနဲ့ . လုပ်ငန်းကျန့်ကြာစေတဲ့အပြင် လုပ်ငန်းတွေ မတန်တဆ ခိုင်းထားခြင်းဖြင့် cpu ရဲ့ heat လဲ တက်လာနိုင်ပါတယ် . ဒါလေးကိုသတိထားပေးပါ .

(၃) နောက်တစ်ခုက WEBSITE (အခြားဘာသာများဖြင့်ရေးသားထားတဲ့) တွေကို အင်္ဂလိပ်ဘာသာနဲ့ ကြည့်ချင်ရင် ဒါမှမဟုတ် ဖတ်ချင်တယ်ဆိုရင် ဒီဆိုက် ကို သွားလိုက်ပြီးတော့ လက်ရှိရှိနေတဲ့ language ကနေ ကိုလိုတဲ့ language အမျိုးအစားကို ရွေးလိုက်ပြီး translate လုပ်လိုက်ပါ .

Thursday, November 26, 2009

zawgyi နှင့် pagemaker ပြဿနာ

ဒီမေးခွန်းကို မေးတဲ့လူ တော်တော်များပါပြီ . ကျွန်တော်တို့ zawgyi နဲ့ စာရိုက်လို့ရတယ် ဆိုပေမယ့် . Unicode ကိုလက်ခံတဲ့ MS office အတွက် ကိစ္စမရှိပေမယ့် . Unicode လက်မခံတဲ့ pagemaker လို စာစီစာရိုက် Program မျိုးမှာဆိုရင်တော့ ဆွေးမယ့်အထာပါပဲ . အမြဲတမ်းဒီမေးခွန်းကို မေးလို့ ပို့စ်မတင်ဘဲ ကျွန်တော် စာပြန်ပြန်ပြီးတော့ ပြောပြနေရတာနဲ့ အခုတော့ မထူးဘူးဆိုပြီးတော့ ပို့စ်တင်လိုက်တာပါ . ကျွန်တော်တို့ adobe pagemaker ကို latest version အနေနဲ့ 7.0 ကို နောက်ဆုံး ထုတ်လုပ်ခဲ့ပါတယ် . adobe pagemaker ဟာ unicode ကို လက်မခံတဲ့အတွက် ကျွန်တော်တို့ သုံးနေတဲ့ zawgyi keyboard နဲ့ စာကို ms office မှာ ရိုက်သလိုမျိုး ရိုက်လို့မရပါဘူး . pagemaker မှာ win innwa နဲ့ စာစီ၊ ဒီဇိုင်းဆွဲပြီးတော့မှ pdf ကို ပြောင်းပါ . ဇော်ဂျီနဲ့ သွားရိုက်ရင်တော့ ပေါ်ကိုပေါ်လာမှာမဟုတ်ပါဘူး . ပင်ပန်းရုံပဲအဖတ်တင်မယ် နောက်တစ်ခုက မေးထားတာရှိပါသေးတယ် . video editing software တော်တော်များများဟာ ဇော်ဂျီဖောင့်ကို လက်မခံပါဘူး . ပြီးတော့ ဇော်ဂျီဖောင့်မှာက ဒီဇိုင်းက တစ်မျိုးတည်းရှိတယ် . ဘာလုပ်ဖို့လဲ တစ်ခြား ဒီဇိုင်းလှလှဖောင့်လေးတွေ မြန်မာပြည် နေရာတိုင်းမှာ ရှိနေတာကို မသုံးပဲ ပေကပ်ပြီးဘာလို့များ ဇော်ဂျီဖောင့်နဲ့ပဲ video တည်းဖြတ်ရေး လုပ်ချင် ရတာလဲဆိုတာ ကျွန်တော်တော့ မတွေးတတ်တော့ဘူး . မြန်မာစာ ဒီဇိုင်းပုံစံလှလှလေးတွေ လိုချင်တယ်ဆိုရင် ဒီမှာ ကိုဇောင်း တင်ပေးထားတာ တွေ့ပါတယ် . သွားပြီးတော့ Download လုပ်လိုက်ပါ . ကျွန်တော်တို့ အရင်က adobe pagemaker 7.0 ကို ထုတ်ပြီးတာနဲ့ နောက်ထပ် ထပ်ထွက်တဲ့ pagemaker update နာမည်ကိုတော့ Adobe InDesign ဆိုပြီးပြောင်းလိုက်ပါတယ် . Indesign CS4 ကတော့ ယခုလက်ရှိ နောက်ဆုံးထွက် version ပါ . အဲ့ဒါ adobe pagemaker အတွက် latest version ပါ . Indesign မှာတော့ unicode ရပါတယ် . နောက်နေ့မှ ကျွန်တော် Indesign အတွက် program တင်ပေးပါ့မယ် .

Wednesday, November 25, 2009

lsasrv.dll error

ဇင်မျိုး "Lsass.exe Unable to Locate Component (အဲဒါကခေါင်းစဉ်ပါ) The Application has failed to start b/c lsasrv.dll was not found. Re-installing may fix the prb"

ကဲ ညီလေးရေ . အစ်ကိုကတော့ live cd ကို တင်ထားပေးပြီးသားနော် . မသိသေးရင် ဒီမှာ သွားဖတ်လိုက်ပါ . အဲ့ဒီ့ပို့စ်မှာ တင်ထားတဲ့ Live cd ကို Download လုပ်ပြီးတော့ CD burn လိုက်ပါ . Burn လိုက်ပြီးတာနဲ့ ငါ့ညီ အဲ့ဒီ့ CD ကို ငါ့ညီစက်ထဲကို ထည့်လိုက်ပါ . ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုတော့ အဲ့ဒီ့ပို့စ်မှာ ရေးပေး ထားပြီးသားပါ . ကဲ live cd လဲရှိပြီ . window လဲ တက်လာပြီဆိုရင်တော့ အောက်က တင်ပေးထားတဲ့ isasrv.dll ဖိုင်ကို copy ကူးပြီးတော့ အောက်က root ထဲမှာ ကူးထည့်လိုက်ပါ .

C:\Windows\System32\

အဲ့ဒီ့ထဲကို ထည့်ပြီးတာနဲ့ ကွန်ပျူတာကို restart ပေးလိုက်ပါ . live CD ကို ပြန်ပြီးတော့ ထုတ်ထားလိုက်ပါ . အောက်မှာ ထည့်ရမယ့် isasrv.dll ဖိုင်ကို တင်ပေးလိုက်ပါတယ် .

Download mediafire

Saturday, November 21, 2009

CD Drive ပျောက်နေခြင်း

ငြိမ်းချမ်း . ကျွန်တော့် ကွန်ပျူတာမှာ CD Drive မတွေ့ တော့တာကို ဘယ်လို ပြန်တင်ရမလဲ သိချင်ပါတယ် ကျေးဇူးပြုပြီး ဖြေကြားပေးပါ CD Drive ကို တခြားစက်မှာ ဖြုတ်စမ်းတော့ ကောင်းနေပါတယ် ..

ဒုတိယနည်းကို အရင်စမ်းပြီးမှ ပထမနည်းကို စမ်းကြည့်ပါ .
ပထမနည်း
(၁) Start >>> Run ကို သွားပြီး regedit ဆို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .
(၂) ပေါ်လာတဲ့ Box ကနေ HKEY local machine ထိပ်က မျှားပုံစံလေးကို နှိပ်လိုက်ပါ .
==> HKEY local machine >> System >> Current Control Set >>Control >>Class ကိုရွေးလိုက်ပါ
(၃) သူ့အောက်မှာ 4D36E965-E325-11CE-BFC1-08002BE10318 ဆိုတဲ့ နံပါတ်တွေကို လိုက်ရှာလိုက်ပြီး တစ်ခုချင်းစီကို လိုက်နှိပ်လိုက်ပါ လိုက်နှိပ်လိုက်တာနဲ့ ညာဖက် box မှာ "Upper Filter" and "Lower Filter" ဆိုတဲ့ entry တွေကို လိုက်ရှာပါ . တွေ့တာနဲ့ delete ပေးလိုက်ပါ . "Upper Filter" and "Lower Filter" တွေကို တစ်ခုပဲဖြစ်ဖြစ် နှစ်ခုပဲဖြစ်ဖြစ် တွေ့တဲ့ entry ကို ဖျက်ပြီးတာနဲ့ ကွန်ပျူတာကို restart ပေးလိုက်ပါ . ပြီးတာနဲ့ ကွန်ပျူတာ ပြန်ပွင့်လာရင် CD Drive ကို တွေ့ရပါလိမ့်မယ် .

နောက်တစ်ခုက
(၁) My computer ကို right click ထောက်လိုက်ပြီး properties သွားပါ
==> my computer >> right click >> hardware >> device manager >> DVD/CD Rom drives. ကို ကြည့်လိုက်ပါ . General မှာ This device is working properly. ဆိုရင်တော့ ကိစ္စမရှိပါဘူး . Drive အလုပ်လုပ်နေပါတယ် . disabled ဖြစ်နေလား မဖြစ်နေလား ကြည့်လိုက်ပါ . unabled ဖြစ်နေရင် disabled ပေးလိုက်ပါ .

Friday, November 20, 2009

usb power surge error

ဇင်မျိုး . usb power surge စာတန်းပဲ တချိန်လုံးပေါ်နေတယ်...usb တွေလည်း ထိုးလို့ရတဲ့ဟာရတယ်..မရတဲ့ port မရဘူး...ဘာဖြစ်တာလဲမသိဘူးဗျ... ရုံးတရုံးလုံးကိုဖြစ်နေတာ..ကူညီပါဦး...

ညီလေးလား ညီမလေးလားတော့ မသိပါဘူး . ညီလေးပဲဖြစ်မယ်ထင်ပါတယ် . အစ်ကိုတို့ power supply ကနေ out put ထွက်ပေးတဲ့ voltage က usb port အတွက်ဆိုရင် 5 volt ထွက်ပေးပါတယ် ငါ့ညီ . ငါ့ညီတို့ သုံးနေတဲ့ ရုံးမှာက မီးအား မမှန်လောက်ဘူးလို့ အစ်ကိုထင်ပါတယ် . မီးအားမမှန်တာဆိုတာက 220 မှန်ရဲ့လား . ပြီးတော့ ခံပြီးတော့ သုံးထားတဲ့ transformer ဟာ မီးအား ကို ပုံမှန်ဖြစ်အောင် မထိန်းနိုင်တာမျိုးနဲ့ ကွန်ပျူတာအလုံးရေများပြီးတော့ ပေးထားတဲ့ မီးအား က နဲနေရင်တဲ့အခါမှာ မီးခဏခဏကျလိုက်တက်လိုက် ဖြစ်နေရင်လဲ powersupply က နေ ထွက်ပေးတဲ့ voltage က 5volt မပြည့်ရင် အလုပ်မလုပ်ပါဘူး. ဥပမာ ငါ့ညီ printer (or) scanner ကို usb port ထိုးထားပေမယ့် ထုတ်လို့မရတာမျိုး scan ဖတ်လို့မရတာမျိုး မရဘဲ error ပြနေတာမျိုးပေါ့ . အဲ့လိုအခါမျိုးဖြစ်နေတယ်ဆိုရင်တော့ အခုနက ငါ့ညီပြောတဲ့ error မျိုးပြတတ်ပါတယ် . အဖြေကို တိတိကျကျသိချင်ရင် မီးအားမှန်ပြီးတဲ့ မီးအားလိုင်းတစ်လိုင်းနဲ့ ချိတ်ပြီးတော့ UPS ခံပြီးသုံးကြည့်လိုက်ပါ . အဆင်ပြေတယ်ဆိုရင်တော့ မီးအားမမှန်လို့ဆိုတာ သေချာသွားပါပြီ . အဲ့လိုဆိုရင်တော့ ငါ့ညီ ရုံးခန်းနဲ့ပဲ လုပ်ခိုင်းမှရမယ် . အစ်ကိုလဲ မကူညီနိုင်ဘူး .

Thursday, November 19, 2009

CD ကူးထားပြီးသား အခွေတစ်ခွေကို ထပ်ပြီးတော့ data တွေ ဘယ်လိုထပ်ထည့်ပြီး burn မလဲ .

ဦးပိဏ္ဍောလ : ဦးဇင်း တစ်ခုလောက် ကူညီပါဦး- cd မှာ သိမ်းထားမည့် ဖိုင်များ cd ထဲမှာ မပြည့်ပဲ နောက်တစ်ခါ ထပ်ထဲလို့ ရသလား? နည်းလမ်းရှိရင် ကူညီပါအုံ့း။

Nero burning room နဲ့ ကူးပြလိုက်ပါတယ် . ဦးဇင်း ကူးမည့် အခွေဟာ ပထမအကြိမ် ကူးတဲ့အခါမှာ start multisession disc နဲ့ စပြီးတော့ ကူးရမှာဖြစ်ပါတယ် . ဒုတိယအကြိမ် ကူးတဲ့အခါမှာတော့ continue multisession Disc ကို ရွေးပေးရမှာပါ . တပည့်တော် movie နဲ့ ရှင်းပြပေးထား ပါတယ် . သဘော ပေါက်မယ်လို့ မျှော်လင့်ပါတယ် . ဓါတ်ပုံတွေနဲ့ မရှင်းပြတာက တပည့်တော်မှာ အချိန် မလောက်တာက တစ်ကြောင်းနှင့်၊ နားမလည်မှာ စိုးတာက တစ်ကြောင်းကြောင့် လက်တွေ့ အခွေတစ်ခွေကို ကူးပြလိုက်ပါတယ် .

Movie ရှင်းပြချက် Download
Download multiupload ၊ Download mediafire

Monday, November 2, 2009

တိုတိုထွာထွာအဖြေများ

ညီမလေး "အစ်ကိုရယ် nlite program သုံးနည်း ပြောပေးပါဦး (သို့) nlite စာအုပ်ကို ရှိရင် တင်ပေးပါဦး"

pdf စာအုပ်တင်ပေးလိုက်ပါတယ် ဒီမှာ Download လုပ်လိုက်ပါ .

hacking 1000 စာအုပ်ကိုလဲ တင်ပေးလိုက်ပါတယ် .
ဒီမှာ Download လုပ်ယူလိုက်ပါ .

Sunday, November 1, 2009

window 7 အတွက် Driver မလိုပါ

မေးတာလဲ လူတိုင်းနီးပါးပါပဲ . ကျွန်တော်လဲ မထူးဘူးဆိုပြီး ပို့စ်တင်လိုက်ပါတယ် . window 7 ရဲ့ အားသာချက် တစ်ခုထဲမှာ driver အတွက် တင်စရာမလိုလို့ပါပဲ . ဘယ် PC ပဲဖြစ်ဖြစ် VGA driver, sound driver, motherboard driver နဲ့ အခြားအခြားသော driver များကို မလိုအပ်ပါဘူး . driver ပျောက်ဆုံးနေတဲ့သူများ . driver cd မရှိသူများ . လက်ရှိရှိနေတဲ့ driver cd များကို အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်လို့ရပါပြီ. window 7 ဟာ driver auto detact ပါ . တစ်ကယ့်ကို ဆရာကျတယ်ဗျာ . လူတိုင်းနီးပါ crazy ဖြစ်ကြတဲ့အထဲမှာ driver မလိုအပ်တဲ့ အချက်ကလဲ တစ်ချက်ပါတယ် . ပြီးတော့ သူ့ရဲ့အပြင်အဆင်ကလဲ တစ်ကယ်ကို လှပတယ် . ပေါ့ပါးလာတယ် . အင်တာနက်သုံးတာ ပိုပြီးမြန်ဆန်လာတယ် . အင်တာနက် အသုံးပြုတဲ့အချိန် မြန်ဆန်မှုထဲမှာ browser ကလဲ တစ်ခန်းတကဏ္ဍပါဝင်ပါတယ် . 7 သုံးတဲ့သူများတွေဟာ အခုဆိုရင် ကမ္ဘာမှာ ခဏလေးနဲ့ကို လူတိုင်း နီးပါးဟာ window xp ရဲ့ အားနည်းချက်နဲ့ vista ရဲ့ အဆမတန်နေရာ ယူမှုတွေကို စွန့်လွှတ်ပြီး window 7 ကို ဖက်ကို လုံးဝကို ခုန်ကူးလာကြတာဟာ window 7 ရဲ့ စွဲဆောင်မှုအားကောင်းတဲ့ အချက်တွေကြောင့်ဆိုရင်လဲ မမှားပါဘူး .

Thursday, October 22, 2009

တိုတိုထွာထွာအဖြေများ .

kaungkin "အစ်ကိုရေ Mozilla firefox မှာ webpage တွေကို Right Click လုပ်လို့ မရတော့လို့ ဘယ်လို လုပ်ရမလဲ ဆိုတာ သိချင်ပါတယ် ခင်ဗျာ"

ကျွန်တော် တစ်ခုအသိပေးချင်ပါတယ် . အားလုံးကို အခုကျွန်တော်တို့ firefox က 3.5 ထွက်နေပါပြီ . အဟောင်းကို သုံးနေတဲ့သူများ update လုပ်လိုက်ကြပါ . kaungkin က အဟောင်းနဲ့တူတယ်. အောက်ကနည်း (၃)မျိုးမှာ အဆင်ပြေတာနဲ့ သုံးကြည့်လိုက်ပါ . အဆင်ပြေမှာပါ . တစ်ခုပြောချင်ပါတယ် . OS က အခုတင်ထားတာ window လား ..

နည်းလမ်း(၁) ယခုလက်ရှိသုံးနေတဲ့ firefox ကို ဖြုတ်ပြီး ဒီ ကနေ အသစ်ဒေါင်းပြီးတော့ ပြန်တင်လိုက်ပါ .
နည်းလမ်း(၂) ဒီကနေ Browse in the Fast Lane ကို download လုပ်ပြီး စမ်းသုံးကြည့်ပါဦး
နည်းလမ်း(၃) Tools >> Add-ons >> find update ကို နှိပ်လိုက်ပြီးရှာလိုက်ပါ . ပြီးတာနဲ့ သူကနေ update မဖြစ်တာတွေကို တစ်ခုမကျန် အကုန်လုံးကို တစ်ခုပြီးတစ်ခု install လုပ်လိုက်ပါ . တစ်ခုမှ မချန်ထားပါနဲ့ . တွေ့သမျှဟာကို install လုပ်လိုက်ပါ .

Tuesday, October 13, 2009

crack ကို ဘယ်လို အသုံးပြုရလဲ .

thiha: i don't know how to crack for advanced system care

crack ကို သုံးတာကတော့ လွယ်ပါတယ် . တစ်ကယ်တန်း သွားထားရမှာက advanced system care ရဲ့ main rooots မှာ သွားထားရမှာပါ . အောက်ကအတိုင်းလုပ် ကြည့်လိုက်ပါ . တစ်ခြား program တွေလဲ ဒီနည်းအတိုင်းပါပဲ . crack သုံးနည်းကတော့ အတူတူချည်းပါပဲ .

  • မိမိရထားတဲ့ advanced system care ကို install လုပ်လိုက်ပါ
  • အထဲမှာပါလာတဲ့ crack file လေးကို copy ကူးထားလိုက်ပါ .
  • C: >> Program Files >> Advanced System Optimizer 3 ကိုသွားလိုက်ပါ .
  • ဖိုင်ကို paste မလုပ်ခင် မိမိ install လုပ်ထားတဲ့ program ဖွင့်ထားခြင်း ရှိမရှိ သေချာစစ်ဆေးပါ . ဖွင့်ထားရင် ပိတ်လိုက်ပါ .
  • ကျွန်တော်တို့ Taskbar (နာရီလေးတွေရှိတဲ့ icons တွေထဲ) မှာ လဲ ရှာကြည့်ပါ . advanced system optimizer icon လေးတွေ့တယ်ဆိုရင် right click ထောက်ပြီး exit ပေးလိုက်ပါ ..
  • ကူးယူထားခဲ့တဲ့ crack file ကို paste လုပ်လိုက်ပါ တစ်ခုခုမေးလာရင် ok (သို့မဟုတ်) Ok All ပေးလိုက်ပါ ..
  • ကဲ အခုနက ကျွန်တော်တို့ active မဖြစ်သေးတဲ့ advanced system optimizer ကို ပြန်ဖွင့်ကြည့်လိုက်ပါ .

အဆင်ပြေနိုင်ကြပါစေဗျာ .. သိတဲ့သူအဖို့ ရယ်စရာလို ဖြစ်နေပေမယ့် . မသိတဲ့သူအဖို့တော့် အတော်ကို ခက်ခဲမယ်ထင်လို့ ဒီပို့စ်ကို ရေးပေးလိုက်တာပါ . ကလေးကလား ဆန်နေရင်တော့ တောင်းပန်ပါတယ် .

Thursday, October 8, 2009

တိုတိုထွာထွာ အဖြေများ

ဒီဇင် : Run Box မှာ msconfig ကိုဝင်လို့မရလို့..အကိုရေ..ကူညီပါဦး..

အောက်ကအတိုင်း သွားပြီးတော့ MSconfig.exe ကို Double click နှိပ်ရင်လဲရပါတယ် .

C:\WINDOWS\PCHealth\HelpCtr\Binaries\MSConfig.exe

Thursday, October 1, 2009

googletalk password recovery

ကဲ ဒုတိယအကြိမ် ထပ်ပြောလိုက်ပါမယ် . keygen ပါပါတယ် . တစ်ခါတည်း ထည့်ပြီးသားပါ . မပါဘူးမလုပ်ပါနဲ့ .
တင်ပေးလိုက်ပါပြီ . တောင်းထားတဲ့သူရှိလို့ပါ . မနည်းရှာလိုက်ရတယ် . keygen တစ်ခုရဖို့ . တင်ပေးလိုပါပြီ . ဘာအတွက်သုံးတယ်ဆိုတာကို မေးမယ့်မေးခွန်းထဲမှာ password နဲ့ပတ်သက်တဲ့ မေးခွန်းမျိုးတွေကို ပြန်ဖြေပေးမှာမဟုတ်ပါဘူး ဒါပေမယ့် ဘယ်လိုမျိုး cover ယူရမယ် . ဘယ်လိုမျိုး လုပ်ရင် အဲ့လိုလူမျိုးတွေကို ကျော်လွှားနိုင်မယ်ဆိုတာမျိုးကိုတော့ ဖြေပေးပါ့မယ် . လူဆိုတာလဲ အခက်သားလား . မကောင်းတာကို လုပ်မယ်ဟေ့ဆိုရင် အဖော်မလိုဘူး . ကောင်းတာလုပ်ဖို့ဆိုရင်တော့ ရှေ့ဆုံးက . မယုံရင် အင်တာနက်မှာ google ကနေ ရှာတဲ့ search word မှာ ကြည့်ကြည့်လိုက် . ထပ်ဆုံးကနေ သွားနေတာက ဘာနာမည်တွေ ဖြစ်မလဲလို့ . သိတယ်မဟုတ်လား (sexy) ဆိုတာမျိုးက ထပ်ဆုံးက . နည်းပညာဆိုတာကတော့ ဟိုးအောက်ဆုံးမှာ ရှိနေလိမ့်မယ် . မဟုတ်တဲ့ အကြောင်းတွေက ထိပ်ဆုံးက . ဘာမှသာ မတတ်တာ Hack မယ် hack ချင်တယ် ဆိုတဲ့သူတွေက ထိပ်ဆုံးက . ဟက်ကာဆိုတဲ့ သူတော်တော်များများက . သူတို့ကိုယ်တိုင် နာမည်ခံတာမဟုတ်ပါဘူး . သူက program တွေရေးရဲ့နဲ့ သူများရေးလိုက်ပြီးသား ပစ္စည်းတွေရဲ့ အားနည်းချက်ကို ရှာပြီး ထိုးဖောက်တာကို ဟက်ကာလို့ တစ်ခြားသူတွေက ခေါ်တာပါ . နောက်တစ်ခု ဥပမာပေးရရင် ကျွန်တော်တို့ Iphone တွေဗျာ . apple ကနေ ထုတ်တုန်းကတော့ သူထုတ်တဲ့ iphone တွေထဲမှာ ရှိတဲ့ သီချင်းတွေကို copy ကူးလို့မရအောင်လုပ်ထားသလို . apple က ထုတ်တဲ့ iphone ကို သူသတ်မှတ်ထားတဲ့နိုင်ငံကလွဲပြီး တစ်ခြားနိုင်ငံမှာ သွားသုံးလို့မရဘူး . ဖုန်းလိုင်းမမိဘူး . SIM card ထည့်လဲ လိုင်းတက်လာမှာမဟုတ်ဘူး . အဲ့ဒီ့တော့ အဲ့ဒီ့ iphone က ပစ်လိုက်ရရောလား . အရင်တုန်းကတော့ ပစ်လိုက်ရပါတယ် . အခုတော့ မပစ်ရတော့ပါဘူး . jailbreak လုပ်ပြီးတော့ ကျွန်တော်တို့ international sim card တွေ ထဲက ကိုကြိုက်တဲ့ card ကိုတောင် ထည့်လို့ရနေပါပြီ . အဲ့ဒီ့ hacker တွေရဲ့ စွမ်းဆောင်ရည်တွေပါ . သူတို့တွေက မသိနားမလည်တဲ့ ပချိပချက် program သမားတွေလောက်ကို မတိုက်ခိုက်တတ်ပါဘူး . သူတို့တိုက်ခိုက်တာက တစ်ကယ့်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေ ကိုပါ . ကျွန်တော်တို့ ပြည်သူတွေ အတွက်အကျိုးရှိစေမယ့် စွမ်းဆောင်ရည်မျိုးကိုပေးတဲ့သူတွေကတော့ ပြည်သူတွေဖက်ကပေါ့ . လုပ်ငန်းရှင်တွေဖက်ကနေလဲ အဲ့ဒီ့ hacker တွေကို တိုက်ခိုက်ဖို့အတွက် ဒီ့ထက် version မြင့်တဲ့ ပစ္စည်းတွေကို ထပ်ထုတ်ပြီး . သူတို့ တိုက်ခိုက်ထားတဲ့ အားနည်းချက်ကို ပြန်ပြီး ပိတ်ဆို့လိုက်တယ် . အဲ့ဒီ့လိုနဲ့ လုပ်ငန်းရှင်နဲ့ hacker တွေဟာ သူတစ်ပြန်ကိုတစ်ပြန် တိုက်ခိုက်နေကြတာပါ . မြန်မာပြည်သားတွေလို gtalk လေးကို ဟက်နိုင်တာနဲ့ ဟက်ကာလို့ ကိုယ့်ကိုယ်ကို နာမည်တတ်နေတဲ့ ခပ်ပဲ့ပဲ့ hacker မျိုးတော့ အဲ့ဒီ့မှာ မရှိပါဘူး . gtalk ကို hack နိုင်တယ်ဗျ . ကျွန်တော်က မြန်မာပြည်က hacker .ပေါ့လို့သွားပြော ဟိုက ရီလိုက်လိမ့်မယ် . hacker တွေဟာ သူတို့ကို ဘယ်တော့မှ ဘယ်ကမှန်း မသိကြပါဘူး . သူ့ရဲ့ နာမည်ပြောင်တစ်ခုအနေနဲ့တောင်မှ သိဖို့ အတော်လေးကို ခက်ခဲပါတယ် . အခုတစ်လော ကျွန်တော်တွေ့နေရပါတယ် . virus လုပ်တဲ့ software လေးကို အသုံးချပြီး trojan လေးလုပ်လိုက် . မြန်မာနာမည်လေးပေးပြီး အဲ့ဒီ့ virus လုပ်တဲ့ software လေး အားကိုးနဲ့ software ထဲမှာပါတဲ့ ပုံသေနည်းတွေနဲ့ လိုက်ပြီးတော့ လုပ်နေတာ . တစ်ကယ့်ကို ရီဖို့ကောင်းပါတယ် . သရက်ချောင်း virus လား . မင်းကိုချစ်တယ် ဆိုလားမသိဘူး အတော်များပါတယ် . ကျွန်တော်ကတော့ အတော့်ကို ရီချင်တာ . ဒီလိုလူမျိုးတွေလုပ်နေတာက နွားခြေရာခွက်ထဲမှာတော့ သူတို့က အတော်ဆုံးပေါ့ . ဟဟ . ကျွန်တော့်ဆီမှာ virus လုပ်တဲ့ software တွေ ကွန်ပျူတာနဲ့တောင် ထည့်လို့မဆံ့ဘူး ရှိတယ် . ဒါပေမယ့် အခုအချိန်အထိ ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ဖူး . သူများဖြစ်နေတာတွေကိုပဲ လိုက်ပြီး ဖြေရှင်းပေးခဲ့တာ . ကျွန်တော်ဟိုးအရင်က တစ်ယောက်ကိုပေးခဲ့ဖူးတယ် . သူက အရမ်းတောင်းပန်လို့ပါ . ကတိတွေလဲ အထပ်ထပ်ပေးလို့ ပေးလိုက်တယ် . မကြာပါဘူး အဲ့ကောင်လေး လက်တည့်စမ်းလိုက်ပါတယ် . အဲ့ဒီ့နောက်ပိုင်း ဘယ်သူ့ကိုမှ မပေးတော့တာ အခုအချိန်အထိပဲ . စိတ်ကုန်တာထက် စိတ်ပျက်တာ ပိုများတယ် . လာလိုက်ရင် gmail hack ချင်တယ် လုပ်ပေးပါ .သင်ပေးပါတဲ့ . နောက်တစ်ခုရှိပါသေးတယ် . website ကို down အောင် တိုက်ခိုက်တာပါ . ဒါတွေဟာ တစ်ကယ်တော့ သိရင်လွယ်ပါတယ် . မသိရင်သာခက်တာ . ဒါတွေကို အဟုတ်ကြီးထင်ပြီးတော့ ကိုယ့်ကိုယ်ကို အထင်ကြီးနေတတ်တဲ့ ခပ်ကြောင်ကြောင် လူတွေက ကိုယ့်မြန်မာအချင်းချင်း မသိတဲ့ လူတွေကို နှိပ်ကွပ်ဖို့ ဖြစ်လာတာတော့ အတော့်ကို ဆိုးရွားပါတယ် . ကျွန်တော် ဒီရှေ့ ဆိုင်တွေကို သွားရင် ဘာတွေ လုပ်သင့်သလဲဆိုတာကို ရေးပေးပါဦးမယ် . ဒီလိုလူမျိုးတွေ ရန်က လွတ်အောင်လို့ . ကျွန်တော် နားလည်တတ်ကျွမ်းသလောက် လက်လှမ်းမီသလောက်လေးပါ . ကဲဒီကောင်လေးကို သုံးတတ်ရင်သုံးပါ . မသုံးတတ်ရင် မသုံးပါနဲ့ . ကျွန်တော့်ကိုတော့ ပြန်မမေးပါနဲ့ . ကဲကဲအောက်မှာ download လုပ်လိုက်ပါဦး ..

Download ifile.it ၊ Download mediafire ၊ Download multiupload

အမှန်တကယ် အကူအညီလိုအပ်လျှင် ကူညီပေးပါမည် .

ကျွန်တော့်ရဲ့ အကူအညီလိုအပ်သူများ တစ်ခုခုအခက်အခဲဖြစ်ပြီး လုံးဝလုပ်လို့မရတဲ့ အခါမျိုးမှာဆိုရင် ကျွန်တော် ကူညီပြီးပေါ့မယ် . http://www.teamviewer.com/index.aspx ကနေ teamviewer ကို Download လုပ်ထားဖို့တော့လိုပါတယ် . ကျွန်တော် ဒီကနေ လှမ်းပြီး လိုအပ်တာတွေကို ပြန်ပြင်ပေးပါ့မယ် . သင်ပေးပါ့မယ် . ဒါပေမယ့် ခဏလောက်ပဲရမှာပါ . ဒါကလဲ တစ်ကယ့်ကို ခက်ခဲနေတဲ့သူတွေအဖို့အတွက် ပြောတာပါ . အားလုံးအတွက် ကောင်းစေချင်သော စိတ်ဆန္ဒတစ်ခုတည်းဖြင့် မည်သည့်အကျိုးကျေးဇူးကိုမှ မျှော်လင့်ချက်ဖြင့် ကူညီပေးနေခြင်းမဟုတ်ပါ . အကူအညီလိုသူများ naymin123@gmail.com ကို invite လုပ်ပြီး Teamviewer ကို install သာ လုပ်ထားပါ . ကျွန်တော် ကူညီဖို့ အဆင်သင့်ဖြစ်နေစေရပါမယ် .

Time => ထိုင်းနိုင်ငံစံတော်ချိန် မနက်(10)နာရီမှ ည (10)နာရီအတွင်းသာ