Tuesday, December 15, 2009

ဘာ့ကြောင့် resetter ကို သုံးကြရတာလဲ

ဒီမေးခွန်းအတွက် ကတော့ လွယ်ပါတယ် . printer တွေမှာ ဘယ် printer ကို မဆို original ဆေးဗူးတွေ မှန်သမျှဟာ စာရွက်အရွက်ရေနဲ့ သတ်မှတ်ပါတယ် . ဆေးဗူးတစ်ဗူးဆို စာရွက်ဘယ်နှစ်ရွက် ဆိုတာမျိုးပေါ့ . တစ်ခါတစ်လေ ဆေးဗူးထဲမှာ ဆေးကျန်နေသေးတယ် ဒါပေမယ့် သူသတ်မှတ်ထားတဲ့ စာရွက်အရွက်ရေ ပြည့်သွားပြီဆိုရင် printer က ဆေးဗူးထဲမှာ ဆေးမရှိတော့ဘူးလို့ပဲ သတ်မှတ်လိုက်တာပါ . အဲ့ဒီ့အခါမှာ ဆက်ပြီးတော့ စာရွက်ထုတ်လို့ မရတော့ပါဘူး . ကိုက ဆေးဗူးအသစ်လဲ မ၀ယ်ချင်ဘူး . မူရင်းဆေးဗူးအဟောင်း ကိုပဲ ဆေးထည့်ပြီး ပြန်သုံးချင်တယ် . ဘယ်လိုလုပ်မလဲ printer service လုပ်တဲ့ program တွေကို အသုံးချပြီး printer က ကုန်သွားပြီလို့ သတ်မှတ်ထားတဲ့ ဆေးဗူးကို ပြန်ပြီး reset လုပ်လိုက်တာနဲ့ ဆေးဗူးနောက်က ဆားကစ်ပြားမှာ မှတ်ထားတဲ့ memory ဟာ ပျက်သွားပါတယ် . သဘောက "0" ကို ပြန်ရောက်သွားတယ် ပေါ့ဗျာ . အဲ့ဒီ့လို ပြန်ပြီး reset လုပ်လိုက်ရင် ဆေးဗူးထဲမှာတော့ ဆေးတစ်စက်မှ မရှိလဲ reset လုပ်ထားတဲ့ ဆေးဗူးဟာ ကြည့်လိုက်ရင် ဆေးပြည့်နေတာကို တွေ့ရမှာပါ . ink jet ပဲဖြစ်ဖြစ် laser jet ပဲဖြစ်ဖြစ် ဆေးဗူးအဟောင်းကို ပြန်သုံးချင်တယ်ဆိုရင်တော့ resetter ကို အားကိုးကြရပါတယ် .

Laser jet ဆိုတာ ဘာလဲဆိုရင် ဆေးမှုန့်ပါတဲ့ ဆေးဗူးတွေကို အသုံးပြုပြီး စာရွက်ထုတ်ပေးတဲ့ colour (or) balck & white printer ကိုခေါ်ပါတယ် . သူက ဆေးမှုန့်နဲ့ အလုပ်လုပ်ပါတယ် . သူကဈေးကြီးတယ် . ဘာ့ကြောင့်ကြီးလဲဆိုရင် laser jet က ထွက်လာတဲ့ စာရွက်ကို ရေနဲ့ဆေးတာတောင် ဆေးက ကွာမကျဘူး . (တင်စားတာနော် တစ်ကယ် သွားမဆေးနဲ့ဦး)

Ink Jet ဆိုတာဘာလဲဆိုရင် ဆေးအရည်ပါတဲ့ ဆေးဗူးတွေကို အသုံးပြုပြီး စာရွက်ထုတ်ပေးတဲ့ colour printer ကိုခေါ်ပါတယ် . သူက ဆေးအရည်နဲ့ အလုပ်လုပ်ပါတယ် . ဈေးပေါတယ် . အပေါ်က laser jet လိုမျိုးတော့ ရေသွားဆေးဖို့မပြောနဲ့ ဟက်ချိုးဆိုပြီး နှာချေလို့ တွံ့တွေး စင်ရင်တောင် စာရွက်ပေါ်က ဆေးရည်က ပျံ့သွားပါတယ် . ရေအထိမခံပါဘူး .

No comments:

Post a Comment