Saturday, December 5, 2009

Scribd Uploader 1.0

ကျွန်တော် uploader များကို လက်လှမ်း မီသလောက် စုစည်းပြီး တင်ပေးပါ့မယ် . ဘာ့ကြောင့် uploader များကို တင်ပေးရလဲဆိုရင် ကျွန်တော်တို့ ဓါတ်ပုံပဲတင်တင် ဖိုင်ပဲတင်တင် သူ့မူရင်းဝဘ်ဆိုက်က web uploader မှာ ဖိုင်တင်တာနဲ့ uploader tools ကို အသုံးပြုပြီး ဖိုင်တစ်ဖိုင်ကို တင်တာနဲ့က အချိန်က သုံးဆလောက်ကို ကွာပါတယ် . အခုတင်ပေးမယ့် scribt uploader tool အကြောင်းကို မပြောခင် http://www.scribd.com အကြောင်းကို ပြောပြပါ့မယ် . ဒီဆိုက်က ဘာwebsite လဲဆိုရင် ကျွန်တော်တို့ ကျွန်တော်တို့ ကွန်ပျူတာမှာ adobe pdf reader မရှိရင် online က pdf ဖိုင်တွေကို ဖတ်လို့မရပါဘူး . အခု ဒီဆိုက်ကလေးက အဲ့ဒီ့အခက်အခဲကို ဖြေရှင်းပေးပါတယ် . မိမိက ၀ဘ်ဆိုက်တစ်ခု လုပ်ပြီး မိမိဆီမှာရှိတဲ့ pdf ebooks တွေကို သူငယ်ချင်းတွေကို ပေးဖတ်စေချင်တယ် . ဆိုရင် အခု ဒီဆိုက်ကလေးကိုသွားပြီး အကောင့်လုပ်၊ ပြီးတော့ pdf စာအုပ်တွေကို တင်လိုက်တာနဲ့ link ကျလာပါလိမ့်မယ် . အဲ့ဒီ့ link ကို နှိပ်လိုက်တာနဲ့ မိမိတင်ထားတဲ့ pdf စာအုပ်တွေကို Reader မရှိဘဲနဲ့ အလွယ်တကူ ဖတ်လို့ရသွားပါပြီ . အဲ့လို မိမိစာအုပ်တွေကို တင်တဲ့အချိန်မှာ အချိန်တိုလေးအတွင်းမှာ ခဏလေးနဲ့ ဖိုင်တင်တာကို ပြီးဆုံးချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ uploader tools ကို အသုံးပြုပြီး မိမိလုပ်ထားတဲ့ အကောင့်နဲ့ pdf ebooks တွေ တင်ကြည့်လိုက်ပါ . သူ့မူရင်းဆိုက်က web uploader ကနေ တင်တာထက် အချိန်သက်သာ စေပါတယ် . ကဲလိုချင်သူများ အောက်မှာ Download လုပ်ယူလိုက်ပါ ..

Download ifile.itDownload mediafireDownload Direct link

No comments:

Post a Comment