Service လုပ်ဖို့အတွက် ebook တင်ပေးထားပါတယ် . ကျွန်တော် service လုပ်တုန်းကဆို သူများဆီက အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်ကို ခဏငှားပြီး မိတ္တူကူးရတာပါ . ကျွန်တော် အရင်က မိတ္တူကူးစက်တွေကို ပြင်လိုက်သေးတယ် . canon 3050, 3025 တွေကို အများဆုံးကိုင်တယ် . ဟိုစပ်စပ် ဒီစပ်စပ်တော့ မဟုတ်ဘူး . ဆိုင်ဖွင့်တယ်ဆိုတော့ တစ်ခါပျက်တိုင်း service ကို သွားသွားခေါ်နေရတာ စားရိတ်စားခနဲ့ မကာမိဘူး . နောက်ပိုင်း ကိုယ့်ဟာကိုပြင်တယ် . လိုအပ်တဲ့ Drum, Brake, Golden wire, Sliver wire, cleaner roller တို့နဲ့ တစ်ခြား ဟာတွေကိုတော့ အပိုဝယ်ထားတယ် . မိတ္တူကူးစက် ၀ယ်ချင်သူများ အကောင်းဆုံးကတော့ အပေါ်က canon 3050, 3025 တွေကိုသာ ရှာဝယ်ဗျာ သူတို့က အပိုပစ္စည်း လဲရတာ သက်သာတဲ့အပြင် ဆေးဖိုးကလဲ နဲနဲပဲကုန်တာ ဆေးတစ်ထုတ်ကို 5000 ရန်ကုန်မှာ ဘယ်လောက်မှမရှိဘူး . ပိုက်ဆံရှိလို့ ဈေးကြီးကြီး ကောင်ကြီးတွေဝယ်ပြီးတော့ ပစ္စည်းလဲတဲ့အခါတို့ ဆေးဝယ်ပြီးတော့ ထည့်တဲ့အခါတွေမှာဆိုရင် ထိုင်ပါငိုချင်သွားလိမ့်မယ် . နောက်ပိုင်း ကျွန်တော်အားမှ မိတ္တူကူးစက် အကြောင်းနဲ့ မိတ္တူကူးစက်မှာ ပေါ်တဲ့ error အကြောင်းတွေကို အသေးစိတ်ရေးပေးပါဦးမယ် . မိတ္တူကူးစက်တစ်လုံးကို ပြုပြင်ထိန်းသိမ်းဖို့အတွက် ဘယ်လို လုပ်ဆောင် ရမယ်ဆိုတာမျိုးတွေက အစပေါ့ . တစ်ခြားဘယ်သူမှတော့ မရေးကြသေးဘူး . ရေးချင်တာကတော့ အများကြီးပဲ . ကဲအောက်မှာ စာအုပ်ကို Download လုပ်လိုက်ပါဦး .
Download ifile.it ၊ Download mediafire
ကိုညီနေမင်း ခင်ဗျား
ReplyDeleteဖြစ်နိုင်ရင် canon 3325 service manual လေး တင်ပေးပါလား။
ကျေးဇူးတင်စွာဖြင့်
မိတ္တူကူးစက်ဝယ်ချင်လို့ဘယ်မှာဝယ်လို့ရနိုင်မလဲ သိရင် နေရာလေးတွေပြောပြပေးပါဗျာ။
ReplyDeleteလုပ်ငန်းသုံးအတွက်လိုချင်တာပါ။ မိတ္တူဆိုင်တွေမှာသုံးတဲ့စက်တွေလို Heavy Load သုံးချင်တာပါ။ ဆိုင်နဲ့ နေရာ သိတာလေးတွေရှိရင် ပြောပြပေးပါခင်ဗျာ။