Showing posts with label အသုံးပြုနည်း Movie ရှင်းပြချက်များ. Show all posts
Showing posts with label အသုံးပြုနည်း Movie ရှင်းပြချက်များ. Show all posts

Sunday, November 29, 2009

မျက်နှာအနေအထားကို professional ကျကျပြုပြင်ပြောင်းလဲလိုလျှင်

သူကတော့ မျက်နှာပြုပြင်တဲ့ နေရာမှာ photoshop ထက် အားသာချက် တွေ တစ်ပုံတစ်ပင်နဲ့ပါ . photoshop မှာ ပြုလုပ်လို့ မရတဲ့ မျက်နှာကို professional ကျကျ ပုံစံအမျိုးမျိုး ပြုပြင်မယ် . မျက်နှာအနေ အထားကို ပုံစံပြန်ချိုးမယ် . ပြီးတော့ ဓါတ်ပုံရဲ့ lighting ကို ပြန်ပြီး adjust လုပ်မယ်ပေါ့ . သူ့ရဲ့ အားသာ ချက်ကတော့ မျက်နှာကို ပုံစံအမျိုးမျိုး ပြုပြင်နိုင်တာပါပဲ . တစ်ချို့ ဓါတ်ပုံရိုက်လိုက်တယ် . သိပ်ပြီး မပြုံးလိုက်မိဘူး . အဲ့လိုဖြစ်နေတဲ့ပုံတွေကို သူက နဲနဲလောက် ပြုံးခိုင်းလို့ရသလို၊ အသက်မ၀င်တဲ့ ပုံစံမျိုးတွေကို action ကျကျ ပြန်ပြီး setting ပြန်ချလို့လဲရပါတယ် . သုံးကြည့်လိုက်ပါ . ဒါက ဓါတ်ပုံပြုပြင်နေတဲ့ ညီအစ်ကိုများ အတွက် သီးသန့် တင်ပေးလိုက်တယ် ဆိုပေမယ့် တစ်ခြားလေ့လာချင်တဲ့ ညီအစ်ကိုများလဲ စမ်းချင်ရင် စမ်းလို့ရပါတယ် . ဓါတ်ပုံပြုပြင်တဲ့နေရာမှာ တစ်ခါတစ်လေ Photoshop တစ်ခုတည်းကိုပဲ အားမကိုးဘဲနဲ့ တစ်ခြား ဓါတ်ပုံပြင်တဲ့ program တွေကိုလဲ ပေါင်းစပ်ပြီးသုံးရပါတယ် . ဒါမှလဲ သူများနဲ့ မတူဘဲ တစ်ကယ့်ကို အသက်ဝင်ပြီး ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတစ်ပုံရလာမှာပါ . photoshop ဟာ တစ်ကယ့်ကို ကောင်းမွန်တဲ့ ဓါတ်ပုံပြုပြင်တဲ့ program ကောင်းတစ်ခုပါ . သူ့မှာ လုပ်လို့မရတဲ့ effect မျိုးကို တစ်ခြား ပြုလုပ်လို့ရတဲ့ program နဲ့ ပေါင်းစပ်လိုက်မှာ ကိုလိုချင်တဲ့ ပုံစံမျိုးရလာမှာပါ . ကဲစမ်းကြည့်လိုက်ပါဦး အောက်မှာ အသုံးပြုပုံ အသုံးပြုနည်းကို ကျွန်တော် Movie နဲ့ တစ်ပုံကို အစမ်းလုပ်ပြလိုက်ပါတယ် . ကြည့်လိုက်ပါ . ဘယ်လို သုံးရတာလဲလို့ ပြန်ပြီးမေးလာမယ် ဆိုတာကို ကြိုသိလို့ program နဲ့ အသုံးပြုပုံ တစ်ခါတည်း တွဲပြီး ပို့စ်တင်ပေး လိုက်ပါတယ် .

Portrait professional Max 6.3
Download ifile.it ၊ Download mediafire ၊ Download multiuplaod

Movie ရှင်းပြချက်
Download ifile.it ၊ Download mediafire

Thursday, November 19, 2009

CD ကူးထားပြီးသား အခွေတစ်ခွေကို ထပ်ပြီးတော့ data တွေ ဘယ်လိုထပ်ထည့်ပြီး burn မလဲ .

ဦးပိဏ္ဍောလ : ဦးဇင်း တစ်ခုလောက် ကူညီပါဦး- cd မှာ သိမ်းထားမည့် ဖိုင်များ cd ထဲမှာ မပြည့်ပဲ နောက်တစ်ခါ ထပ်ထဲလို့ ရသလား? နည်းလမ်းရှိရင် ကူညီပါအုံ့း။

Nero burning room နဲ့ ကူးပြလိုက်ပါတယ် . ဦးဇင်း ကူးမည့် အခွေဟာ ပထမအကြိမ် ကူးတဲ့အခါမှာ start multisession disc နဲ့ စပြီးတော့ ကူးရမှာဖြစ်ပါတယ် . ဒုတိယအကြိမ် ကူးတဲ့အခါမှာတော့ continue multisession Disc ကို ရွေးပေးရမှာပါ . တပည့်တော် movie နဲ့ ရှင်းပြပေးထား ပါတယ် . သဘော ပေါက်မယ်လို့ မျှော်လင့်ပါတယ် . ဓါတ်ပုံတွေနဲ့ မရှင်းပြတာက တပည့်တော်မှာ အချိန် မလောက်တာက တစ်ကြောင်းနှင့်၊ နားမလည်မှာ စိုးတာက တစ်ကြောင်းကြောင့် လက်တွေ့ အခွေတစ်ခွေကို ကူးပြလိုက်ပါတယ် .

Movie ရှင်းပြချက် Download
Download multiupload ၊ Download mediafire

Friday, November 13, 2009

BluffTitler DX9 7.52 with keygen

မိုးငယ် "BluffTitler DX9 7.24 လေးလိုချင်လို့ပါကိုညီ ကူညီပါဦးရှင်"


installing error ဖြစ်နေတယ်ဆိုရင် အရင်ဆုံး ဒါကို download လုပ်ပြီးမှ blufftitler ကို install လုပ်ပါ .

ကျွန်တော် အဆင်ပြေအောင် version 7.52 ကို တင်ပေး လိုက်ပါတယ် . အဆင်ပြေမယ်ထင်ပါတယ် . ဒါကတော့ 3D ဒီဇိုင်းအမျိုးမျိုး လုပ်ချင်သူများအတွက်ပါ .. အောက်မှာ ဖြစ်တာတွေကို ရေးပေးထားပါတယ် . effect keygen ပါပါတယ် .




Effects that can be created with BluffTitler include:
  • - golden beveled titles
  • - blood dripping titles
  • - JPG textured titles
  • - MPG textured titles
  • - slimy titles
  • - hairy titles
  • - exploding titles
  • - reflection mapped titles
  • - twisted titles
  • - cartoon shaded titles
  • - golden glowing titles
  • - spooky lightened titles
  • - titles with silver spikes
  • - jumbling titles
  • - inverted titles
  • - bouncing titles
  • - powerfield emitting titles
  • - titles with flying hearts
  • - pumping titles
  • - plasma backgrounds
  • - background videos morphing into donuts
  • - particle effects
  • - MP3 audio
  • - morphing JPG pictures
  • - exploding video backgrounds
  • - fractal backgrounds
Download ifile.it ၊ Download mediafire

ကဲအထဲမှာ ပါတဲ့ keygen ကို မသုံးတတ်သူများ အောက်မှာ movie ရှင်းပြချက်ကို ကြည့်လိုက်ပါ .
Download movie ရှင်းပြချက်
Download ifile.it

Wednesday, November 4, 2009

kaspersky 2010 ကို ဘယ်လို update လုပ်မလဲ ( Movie ရှင်းပြချက်)

ကီးကိုတော့ download လုပ်ထားလိုက်ပါ . kaspersky 2010 သမားများ 2009 ကနေ ပြောင်းလာစတုန်း ကဆိုရင် key ကို ဘယ်လိုထည့်ရမယ် ဆိုတာကို အတော်လေး ခက်ခဲပါလိမ့်မယ် . ဒီ့အတွက် 2010 သမားများ ဘယ်လို update လုပ်ရမယ်ဆိုတာကို ရှင်းပြသွားမှာပါ .

ပထမဦးဆုံး အင်တာနက်ကို disable ပေးထားလိုက်ပါ . အင်တာနက် connection ကို ဖြတ်တောက်ထားလိုက်ပါ . ရှင်းပြချက်မှာ အသံတော့ မထည့်တော့ဘူး . အသံက သိပ်မကောင်းလို့ . အဟဟ

အခုလုပ်ပြတဲ့ ရှင်းပြချက်နှင့် အခုထည့်ပြတဲ့ keys file တွေကို အောက်မှာ download လုပ်ယူလိုက်ပါ .

Download ifile.it ၊ Download movie mediafire

Monday, November 2, 2009

Mediafire ကနေ Download လုပ်မလဲ (movie ရှင်းပြချက်)

Mediafire ဆိုက်ကနေ Download လုပ်ပုံလုပ်နည်းကို ရှင်းပြပေးထားတာပါ . အားလုံးနားလည်မယ်လို့ မျှော်လင့်ပါတယ် . အဆင်မပြေရင်ပြောပါ . ကျွန်တော် ထပ်ကြိုးစားပြီး ရှင်းပြပေးပါ့မယ် .

mediafire ကနေ ဘယ်လို Download လုပ်မလဲ (movie ရှင်းပြချက်)
Download ifile.it ၊ Download mediafire

ifile.it ကနေ upload တင်နည်း (movie ရှင်းပြချက်)

ဆိုက်ကတော့ သေးသေးလေးပါပဲ . တစ်ချို့ ifile.it ဆိုက်ကနေ ဖိုင်တွေ မတင်တတ်ဖူးလို့ ပြောနေတဲ့သူများအတွက် ifile.it ကနေ ဖိုင်တင်နည်းကို movie file နဲ့ ရှင်းပြပေးထားပါတယ် . နားလည်မယ်လို့ မျှော်လင့်ပါတယ် .. နားမလည်သေးရင် ဆက်ပြီးတော့မေးလို့ ရပါတယ် .

ifile.it ကနေ ဖိုင်တင်ဖို့ ဘတွေလိုအပ်မလဲ
(၁) adobe flash player 10 လိုအပ်ပါမယ် . ရှာဖို့အခက်အခဲရှိရင် မပူပါနဲ့ ဒီမှာ သွား download လုပ်ယူလိုက်ပါ
(၂) install လုပ်ယူလိုက်ပါ . အားလုံးပြီးသွားရင်တော့ ဖိုင်တစ်ဖိုင်ကို တင်ပြပါ့မယ် . အောက်မှာ ရှင်းပြချက် movie ရှိပါတယ် . download လုပ်ယူပြီး ကြည့်လိုက်ပါ . ဖိုင်ဆိုက် သေးသေးလေးနဲ့ အဆင်ပြေအောင် လုပ်ပေးထားပါတယ် .

Teamviewer file ကို rar နဲ့ ချုံ့ပြီးတော့ upload ဘယ်လိုတင်မလဲ ဆိုတဲ့ movie ပါ .

Download ifile.it ၊ Download mediafire

rapidshare ကနေ download လုပ်နည်း (movie ရှင်းပြချက်)

ကျွန်တော် ဒီရှေ့လျှောက် ရှင်းပြချက်တွေကို movie ဖိုင်တွေနဲ့ပဲ တင်ပေးပါတော့မယ် . ဘာ့ကြောင့်လဲ ဆိုရင် အချိန်ကုန်သက်သာသလို . လိုက်ပြီး လုပ်တဲ့သူအတွက်လဲ ပိုပြီး နားလည်လွယ်တာက တစ်ကြောင်း၊ ဓါတ်ပုံတွေ တင်ရတဲ့ ဒုက္ခအတွက်က တစ်ကြောင်းကြောင့် ကျွန်တော် movie နဲ့ပဲ ရှင်းပြတော့မှာ ဖြစ်ပါတယ် . အခု ပထမဦးဆုံး rapidshare ကနေ ဘယ်လို Download လုပ်ယူရမလဲဆိုတာကို ရှင်းပြထားတဲ့ ပုံကို အောက်မှာ တင်ပေးထားပါတယ် . Download လုပ်ယူလိုက်ပါ .

အားလုံးကို တစ်ခုတော့ပြောပြ ချင်ပါတယ် . ကျွန်တော်ဆရာကြီး မဟုတ်သလို၊ ဘ၀င်လဲ မမြင့်တတ်ပါ . တစ်ချို့ အကူအညီတောင်းတာကို ချက်ခြင်း မဖြေပေးနိုင်တာကတော့ လက်ရှိကျွန်တော် အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် အလုပ်ချိန်အတွင်းမှာ ၀ဘ်ဆိုက်ဖက်ကိုချည်းပဲ အတင်းဖိနေရင် ကြာလာရင် အလုပ်ပြုတ်ရကိန်း မြင်ပါတယ် . ဒါပေမယ့် တတ်နိုင်သလောက်တော့ ဆိုက်ဖက်ကို လှည့်နေတာ အခုအချိန်အထိပါပဲ . ကိုယ်ပိုင် အလုပ်လုပ်နေတာမဟုတ်တဲ့ အတွက် ဒါလေးကိုတော့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . တစ်ချို့က မေးပါတယ် မင်းကဆရာကြီးလားတဲ့ . အဲ့ဒီ့လိုပြောနေတဲ့သူများကို ကျွန်တော် ပြောပြချင်ပါတယ် . ကျွန်တော်ဆရာကြီးမဟုတ်ပါဘူး . ပညာရှင်လဲမဟုတ်ပါဘူး . နိုင်တဲ့ဖက်ကနေ လုံးဝမသိတဲ့သူတွေကို အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ဆွဲခေါ်နေတာပါ . ဘာတစ်ပြားတစ်ချပ်မှ မရဘဲနဲ့ စေတနာကို ရှေ့ထားပြီး ကူညီနေတာပါ . ဒါလေးကိုတော့ နားလည်ပေးကြပါ . နောက်ပြီး တစ်ခုထပ်ပြောပြ ချင်ပါသေးတယ် . အခုအချိန်အထိ ၀ဘ်ဆိုက်ရေးလာတာ တစ်နှစ်ခွဲကျော်သွားပါပြီ . ဘယ်မိန်းကလေးတွေ နဲ့မှ အဓိပ္ပါယ်မရှိတဲ့ စကားလုံးတွေ ပြောပြီး chatting မ၀င်ခဲ့ဖူးပါဘူး . ကျွန်တော်နဲ့ စကားပြောဖူးတဲ့သူများ chat ဖူးတဲ့သူများ အသိဆုံးဖြစ်မှာပါ . online ၀င်တိုင်း မေးတာကိုပဲ ဖြေခဲ့တာပါ . အရေမရ အဖတ်မရတွေ အခုအချိန်အထိ မပြောခဲ့သလို . ၀ဘ်ဆိုက်တစ်ခုကို ဘန်းပြပြီး ကျူတတ်တဲ့သူ တစ်ယောက်မဟုတ်ဘူး ဆိုတာကိုလဲ သိစေချင်ပါတယ် . အပင်ပန်း အဆင်းရဲခံ အပြောအဆိုခံပြီး လုပ်ပေးနေတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ . မသိတဲ့သူတွေ သိစေချင်တယ်၊ မတတ်တဲ့သူတွေ တတ်စေချင်တယ် . ဒါလေးပါပဲ . တစ်ခါကလဲ ကောင်မလေးတစ်ယောက် လာပြောပါတယ် . သူမေးတာကို ချက်ခြင်းမဖြေလို့ပါ . မေးတာကလဲ အခက်အခဲဖြစ်နေတဲ့ မေးခွန်းမျိုးမဟုတ်ပါဘူး. ကျွန်တော့်ရဲက personal ကိစ္စကိုမေးတာပါ၊ ဘာနဲ့ကျောင်းပြီးတာလဲ၊ အခုလုပ်နေတာ ကိုယ်ပိုင်အလုပ်လား၊ အသက်ဘယ်လောက်ရှိပြီလဲ၊ နာမည်ကကော ဘယ်လိုခေါ်လဲ၊ ဖုန်းနံပါတ်လေးပေးပါလား၊ ဒါတွေချည်းပါပဲ ၊ ချက်ချင်းမပြေပေးလိုက်လို့ သူပြောတဲ့စကားက ဒါမျိုးတွေရိုးနေပြီတဲ့ သိပ်ပြီး ဘ၀င်မြင့်မနေနဲ့တဲ့ ၀ဘ်ဆိုက်ဘန်းပြပြီး ကျူနေတဲ့သူတွေ တစ်ပုံကြီး ငါတွေ့ခဲ့ ဖူးတာပဲတဲ့ သိပ်ပြီးတော့လဲ မြင့်မနေနဲ့တဲ့၊ အဲ့တုန်းကလဲ အတော်လေးကို ကျွန်တော်စိတ်တိုသွားတာပါ . သူတွေ့ဖူးတဲ့သူတွေက အဲ့လိုမျိုးဖြစ်တာနဲ့ပဲ ကျွန်တော့်ကိုပါ ၀ါးလုံးရှည်နဲ့ သိမ်းရိုက်လိုက်တာဗျာ . အခုအချိန်အထိ ကျွန်တော် ဘယ်သူ့ ကိုယ်ရေးကိုယ်တာ ကိုမှ မမေးခဲ့ဖူးပါဘူး . လူအထင်ကြီးခံချင်လို့ ရေးနေတာ မဟုတ်ဘူး ဆိုတာကိုတော့ သိစေချင်ပါတယ် . ကျွန်တော့် ပိုက်ဆံနဲ့ အကုန်အကျခံပြီး hosting ကိုတောင်မှ ၀ယ်ပြီးတော့ တင်ပေးတာပါ . download လုပ်တာ အဆင်ပြေပါစေဆိုပြီးတော့ပါ . ဒါပေမယ့် file download လုပ်တဲ့သူဦးရေက ကျွန်တော်မှန်းထားတာထက် အတော်လေးကို များသွားတဲ့အတွက် hosting server down သွားပါတယ် . ကျွန်တော့်စိတ်ထဲ ဘယ်လိုမှမခံစားရပါဘူး . ဒါပေမယ့် ကျွန်တော်သိမ်းထားတဲ့ ဖိုင်တွေနဲ့ တစ်ချို့ data တွေတော့ link တွေ အလုပ်မလုပ်တော့ပါဘူး . ကျွန်တော့်မှာ အလုပ်လဲများနေတာနဲ့ server down သွားလဲ မထူးတော့ပါဘူး ဆိုပြီးတော့ ပစ်ထားလိုက်တာပါ .

နေ့ကောညကော ကူညီပေးနေတဲ့ ပင်ပန်းမှုတွေကို ဘာမဟုတ်တဲ့ ၀ဘ်ဆိုက်ဘန်းပြပြီး ကျူနေတာပါကွာ ဆိုတဲ့ စကားလုံးတစ်လုံးလေးနဲ့တော့ ဘယ်တော့မှ အလဲအလှယ်မလုပ်ပါဘူး . အဲ့ဒါကိုတော့ သိထားပေးပါ .

Download ifile.it ၊ Download mediafire