Monday, November 2, 2009

rapidshare ကနေ download လုပ်နည်း (movie ရှင်းပြချက်)

ကျွန်တော် ဒီရှေ့လျှောက် ရှင်းပြချက်တွေကို movie ဖိုင်တွေနဲ့ပဲ တင်ပေးပါတော့မယ် . ဘာ့ကြောင့်လဲ ဆိုရင် အချိန်ကုန်သက်သာသလို . လိုက်ပြီး လုပ်တဲ့သူအတွက်လဲ ပိုပြီး နားလည်လွယ်တာက တစ်ကြောင်း၊ ဓါတ်ပုံတွေ တင်ရတဲ့ ဒုက္ခအတွက်က တစ်ကြောင်းကြောင့် ကျွန်တော် movie နဲ့ပဲ ရှင်းပြတော့မှာ ဖြစ်ပါတယ် . အခု ပထမဦးဆုံး rapidshare ကနေ ဘယ်လို Download လုပ်ယူရမလဲဆိုတာကို ရှင်းပြထားတဲ့ ပုံကို အောက်မှာ တင်ပေးထားပါတယ် . Download လုပ်ယူလိုက်ပါ .

အားလုံးကို တစ်ခုတော့ပြောပြ ချင်ပါတယ် . ကျွန်တော်ဆရာကြီး မဟုတ်သလို၊ ဘ၀င်လဲ မမြင့်တတ်ပါ . တစ်ချို့ အကူအညီတောင်းတာကို ချက်ခြင်း မဖြေပေးနိုင်တာကတော့ လက်ရှိကျွန်တော် အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် အလုပ်ချိန်အတွင်းမှာ ၀ဘ်ဆိုက်ဖက်ကိုချည်းပဲ အတင်းဖိနေရင် ကြာလာရင် အလုပ်ပြုတ်ရကိန်း မြင်ပါတယ် . ဒါပေမယ့် တတ်နိုင်သလောက်တော့ ဆိုက်ဖက်ကို လှည့်နေတာ အခုအချိန်အထိပါပဲ . ကိုယ်ပိုင် အလုပ်လုပ်နေတာမဟုတ်တဲ့ အတွက် ဒါလေးကိုတော့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . တစ်ချို့က မေးပါတယ် မင်းကဆရာကြီးလားတဲ့ . အဲ့ဒီ့လိုပြောနေတဲ့သူများကို ကျွန်တော် ပြောပြချင်ပါတယ် . ကျွန်တော်ဆရာကြီးမဟုတ်ပါဘူး . ပညာရှင်လဲမဟုတ်ပါဘူး . နိုင်တဲ့ဖက်ကနေ လုံးဝမသိတဲ့သူတွေကို အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ဆွဲခေါ်နေတာပါ . ဘာတစ်ပြားတစ်ချပ်မှ မရဘဲနဲ့ စေတနာကို ရှေ့ထားပြီး ကူညီနေတာပါ . ဒါလေးကိုတော့ နားလည်ပေးကြပါ . နောက်ပြီး တစ်ခုထပ်ပြောပြ ချင်ပါသေးတယ် . အခုအချိန်အထိ ၀ဘ်ဆိုက်ရေးလာတာ တစ်နှစ်ခွဲကျော်သွားပါပြီ . ဘယ်မိန်းကလေးတွေ နဲ့မှ အဓိပ္ပါယ်မရှိတဲ့ စကားလုံးတွေ ပြောပြီး chatting မ၀င်ခဲ့ဖူးပါဘူး . ကျွန်တော်နဲ့ စကားပြောဖူးတဲ့သူများ chat ဖူးတဲ့သူများ အသိဆုံးဖြစ်မှာပါ . online ၀င်တိုင်း မေးတာကိုပဲ ဖြေခဲ့တာပါ . အရေမရ အဖတ်မရတွေ အခုအချိန်အထိ မပြောခဲ့သလို . ၀ဘ်ဆိုက်တစ်ခုကို ဘန်းပြပြီး ကျူတတ်တဲ့သူ တစ်ယောက်မဟုတ်ဘူး ဆိုတာကိုလဲ သိစေချင်ပါတယ် . အပင်ပန်း အဆင်းရဲခံ အပြောအဆိုခံပြီး လုပ်ပေးနေတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ . မသိတဲ့သူတွေ သိစေချင်တယ်၊ မတတ်တဲ့သူတွေ တတ်စေချင်တယ် . ဒါလေးပါပဲ . တစ်ခါကလဲ ကောင်မလေးတစ်ယောက် လာပြောပါတယ် . သူမေးတာကို ချက်ခြင်းမဖြေလို့ပါ . မေးတာကလဲ အခက်အခဲဖြစ်နေတဲ့ မေးခွန်းမျိုးမဟုတ်ပါဘူး. ကျွန်တော့်ရဲက personal ကိစ္စကိုမေးတာပါ၊ ဘာနဲ့ကျောင်းပြီးတာလဲ၊ အခုလုပ်နေတာ ကိုယ်ပိုင်အလုပ်လား၊ အသက်ဘယ်လောက်ရှိပြီလဲ၊ နာမည်ကကော ဘယ်လိုခေါ်လဲ၊ ဖုန်းနံပါတ်လေးပေးပါလား၊ ဒါတွေချည်းပါပဲ ၊ ချက်ချင်းမပြေပေးလိုက်လို့ သူပြောတဲ့စကားက ဒါမျိုးတွေရိုးနေပြီတဲ့ သိပ်ပြီး ဘ၀င်မြင့်မနေနဲ့တဲ့ ၀ဘ်ဆိုက်ဘန်းပြပြီး ကျူနေတဲ့သူတွေ တစ်ပုံကြီး ငါတွေ့ခဲ့ ဖူးတာပဲတဲ့ သိပ်ပြီးတော့လဲ မြင့်မနေနဲ့တဲ့၊ အဲ့တုန်းကလဲ အတော်လေးကို ကျွန်တော်စိတ်တိုသွားတာပါ . သူတွေ့ဖူးတဲ့သူတွေက အဲ့လိုမျိုးဖြစ်တာနဲ့ပဲ ကျွန်တော့်ကိုပါ ၀ါးလုံးရှည်နဲ့ သိမ်းရိုက်လိုက်တာဗျာ . အခုအချိန်အထိ ကျွန်တော် ဘယ်သူ့ ကိုယ်ရေးကိုယ်တာ ကိုမှ မမေးခဲ့ဖူးပါဘူး . လူအထင်ကြီးခံချင်လို့ ရေးနေတာ မဟုတ်ဘူး ဆိုတာကိုတော့ သိစေချင်ပါတယ် . ကျွန်တော့် ပိုက်ဆံနဲ့ အကုန်အကျခံပြီး hosting ကိုတောင်မှ ၀ယ်ပြီးတော့ တင်ပေးတာပါ . download လုပ်တာ အဆင်ပြေပါစေဆိုပြီးတော့ပါ . ဒါပေမယ့် file download လုပ်တဲ့သူဦးရေက ကျွန်တော်မှန်းထားတာထက် အတော်လေးကို များသွားတဲ့အတွက် hosting server down သွားပါတယ် . ကျွန်တော့်စိတ်ထဲ ဘယ်လိုမှမခံစားရပါဘူး . ဒါပေမယ့် ကျွန်တော်သိမ်းထားတဲ့ ဖိုင်တွေနဲ့ တစ်ချို့ data တွေတော့ link တွေ အလုပ်မလုပ်တော့ပါဘူး . ကျွန်တော့်မှာ အလုပ်လဲများနေတာနဲ့ server down သွားလဲ မထူးတော့ပါဘူး ဆိုပြီးတော့ ပစ်ထားလိုက်တာပါ .

နေ့ကောညကော ကူညီပေးနေတဲ့ ပင်ပန်းမှုတွေကို ဘာမဟုတ်တဲ့ ၀ဘ်ဆိုက်ဘန်းပြပြီး ကျူနေတာပါကွာ ဆိုတဲ့ စကားလုံးတစ်လုံးလေးနဲ့တော့ ဘယ်တော့မှ အလဲအလှယ်မလုပ်ပါဘူး . အဲ့ဒါကိုတော့ သိထားပေးပါ .

Download ifile.itDownload mediafire

1 comment:

  1. ကို ညီနေမင်းရဲ့ စိတ်ကိုလေးစားပါတယ်..အကိုရဲ့ Sharing အတွက်လဲ ကျေးဇူးတင်ပါတယ်..လူတွေက တော့ ဒီလိုပါဘဲဗျာ..ကျွန်တော်လဲ ဆရာမဟုတ်ပါဘူး...အကောင်းအဆိုးတော့ ဒွန်တွဲနေတာဘဲ..အကိုရဲ့ စိတ်ဓာတ်ခံယူချက် ပြောင်းမသွား အောင် ကျေးဇူးပြုပြီး ထိန်ထားပေးပါ...ဘာလို့လဲ ဆိုတော့ အဒီလို မိန်းကလေးတွေ ယောကျာင်္းလေးတွေ ကြောင့် အကိုသိစေချင်တဲ့ သူတွေ မသိတော့ဘူးဖြစ်သွားမှာ ဆိုတယ်..ကျွန်တော်လည်း ဆက်လက် အားပေးနေမှာပါ...အကို အခုလို အပြောခံရတာတွေ အတွက်တော့ စိတ်မကောင်းဘူးဗျ...ကိုယ့်လို ဘဲလိုမှတ်တာဖြစ်မှာပါ....
    ဘာဘဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ် ဘရားသား...

    ReplyDelete