Thursday, November 5, 2009

online radio station

ဒါကတော့ ညီငယ်တစ်ယောက် Online radio ထောင်ထားလို့ ကျွန်တော့်ကို ကြော်ငြာပေးဖို့ အပူကပ်တာနဲ့ပဲ ပို့စ်တင်ဖြစ်သွားတာပါ . http://www.justmusicradio.net/radio မှာလဲ နားဆင်လို့ရပါတယ် . သူက အဖြူရောင်သံစဉ်ရေဒီယိုလိုပါပဲ .24 hours ဖွင့်ပေးနေတာပါ . အခုလိုမျိုး online မှာ နားထောင်ဖို့အတွက် ဖျော်ဖြေမှုတွေကို ကိုယ့်ရဲ့ ကိုယ်ကျိုးမကြည့်ပဲ ပြည်ပရောက် ညီအစ်ကိုမောင်နှစ်မများ စိတ်အပန်းဖြေမှုရအောင် ကူညီပေးနေကြတာ အခုဆိုရင် Online မှာ အတော်လေးကို များနေပါပြီ . ကျွန်တော်ကျောင်းမှာတုန်းက လေးစားရတဲ့ ဆရာတစ်ယောက်ပြောသွားတဲ့ စကားတစ်ခွန်းရှိပါတယ် . ကလေးငယ်လေးတစ်ယောက် ဆော့နေတာကို လက်ညိုးထိုးပြပြီးပြောတဲ့ စကားပါ . တပည့်တဲ့ ဟိုဆော့နေတဲ့ ကလေးလေးကို မင်းသွားအထင်မသေးနဲ့နော်တဲ့ . ငါတို့အနာဂတ်ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုတွေဟာ နောင်တက်လာမယ့် ဒီလိုကလေးလေး တွေရဲ့ လက်ထဲမှာတဲ့ . အဲ့ဒါကို မင်းတို့ ကောင်းကောင်း သဘောပေါက်ထားတဲ့ . ဆရာပြောတာဟုတ်ပါတယ် . နောက်တင်လာမယ့် ညီငယ်လေး ညီမငယ်လေးတွေဟာ ကြိုးစားအားထုတ်မှုရှိဘဲ ဘ၀ကို ခပ်ပေါပေါ့တွေးနေရင် နောက်တစ်ချိန် မြန်မာနိုင်ငံကြီးဟာ သူများနိုင်ငံထက် နိမ့်ကျသွားမှာတော့ အမှန်ပါ . အခုခေတ်လူငယ်လေးတွေက ကျွန်တော့်တို့ထက် ဥာဏ်ရည် ဥာဏ်သွေးထက်မြက်ကြတယ်ဆိုတာ ကိုတော့ ကျွန်တော်လက်ခံပါတယ် . စကားက ဟိုရောက်ဒီရောက် ရောက်ကုန်တယ်ဗျာ .. ဆောရီးပါ . အခု radio station အသစ်ကို နားထောင်ချင်လို့ပဲ ဖြစ်ဖြစ် . blog မှာ ထည့်ချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ html code တင်ပေးလိုက်ပါတယ် . download လုပ်ပြီး ထည့်လိုက်ပါ .

Download mediafire

No comments:

Post a Comment