Saturday, October 31, 2009

ထိုင်းနိုင်ငံအတွင်းရှိ window 7 တင်ချင်သူများ သတိထား

(ထိုင်းနိုင်ငံအတွင်းရှိ မြန်မာများအတွက်သာ)
ကဲဒါကတော့ သတင်းကြားကြားချင်း အသိပေးလိုက်တာပါ . အခု ဒီနေ့ကစပြီး နောက်ထပ် တစ်လ နှစ်လအတွင်း ထိုင်းနိုင်ငံနေရာအနှံကို microsoft company မှ ၀န်ထမ်းများနှင့် ထိုင်းရဲတပ်ဖွဲ့များ တိတ်တဆိတ် လိုက်လံစစ်ဆေး နေပါတယ် . window 7 ကို လိုင်စင်မဲ့ တင်မည့်သူများ သတိတော့ထားပါ . တစ်ချို့ အင်တာနက် ဆိုင်တွေမှာ လုပ်နေကြတဲ့ မြန်မာများ လက်တည့်စမ်းချင်သော အားဖြင့် သွားပြီးတော့ မိမိလုပ်တဲ့ ဆိုင်တွေရဲ့ pc တွေမှာ ဒီ window 7 ကို သွားပြီး မတင်လိုက်ကြပါနဲ့ . တစ်ခါတည်း မာလက ဇါန်ကြွပြီး တရားရုံးကိုပါ ရောက်သွားနိုင်ပါသည် . အစကတည်းက တဆိတ်ရှိ တစ်ခုခုဖြစ် မြန်မာတွေကိုပဲ ထိုးထိုးထည့်ပေး လိုက်တဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အကျင့်တွေကိုလဲ လုံးဝမမေ့ပါနဲ့ . လတ်တလော ကွန်ပျူတာဆိုင်တွေ ပိတ်ထားပြီး ၂ ဆိုင်လောက်တော့ ပါသွားတယ်လို့ သတင်းကြားပါတယ် . window 7 ကြီးတင်ပြီးတော့များ wireless free ရတဲ့ big C တို့လို Lotus တို့လို ကုန်တိုက်ကြီးတွေမှာ ကွန်ပျူတာလေးမပြီး သွားကစားလို့ .. နောက်ကနေ ရောက်နေတာ မသိလိုက်ပဲ ဆန့်ငင်ဆန့်ငင်နဲ့ ပါသွားဦးမယ် . သတိလဲထားပေါ့ . သုံးတာလဲသုံးပေါ့ .

No comments:

Post a Comment