Showing posts with label News ထူးဆန်းသတင်း. Show all posts
Showing posts with label News ထူးဆန်းသတင်း. Show all posts

Saturday, October 31, 2009

ထိုင်းနိုင်ငံအတွင်းရှိ window 7 တင်ချင်သူများ သတိထား

(ထိုင်းနိုင်ငံအတွင်းရှိ မြန်မာများအတွက်သာ)
ကဲဒါကတော့ သတင်းကြားကြားချင်း အသိပေးလိုက်တာပါ . အခု ဒီနေ့ကစပြီး နောက်ထပ် တစ်လ နှစ်လအတွင်း ထိုင်းနိုင်ငံနေရာအနှံကို microsoft company မှ ၀န်ထမ်းများနှင့် ထိုင်းရဲတပ်ဖွဲ့များ တိတ်တဆိတ် လိုက်လံစစ်ဆေး နေပါတယ် . window 7 ကို လိုင်စင်မဲ့ တင်မည့်သူများ သတိတော့ထားပါ . တစ်ချို့ အင်တာနက် ဆိုင်တွေမှာ လုပ်နေကြတဲ့ မြန်မာများ လက်တည့်စမ်းချင်သော အားဖြင့် သွားပြီးတော့ မိမိလုပ်တဲ့ ဆိုင်တွေရဲ့ pc တွေမှာ ဒီ window 7 ကို သွားပြီး မတင်လိုက်ကြပါနဲ့ . တစ်ခါတည်း မာလက ဇါန်ကြွပြီး တရားရုံးကိုပါ ရောက်သွားနိုင်ပါသည် . အစကတည်းက တဆိတ်ရှိ တစ်ခုခုဖြစ် မြန်မာတွေကိုပဲ ထိုးထိုးထည့်ပေး လိုက်တဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အကျင့်တွေကိုလဲ လုံးဝမမေ့ပါနဲ့ . လတ်တလော ကွန်ပျူတာဆိုင်တွေ ပိတ်ထားပြီး ၂ ဆိုင်လောက်တော့ ပါသွားတယ်လို့ သတင်းကြားပါတယ် . window 7 ကြီးတင်ပြီးတော့များ wireless free ရတဲ့ big C တို့လို Lotus တို့လို ကုန်တိုက်ကြီးတွေမှာ ကွန်ပျူတာလေးမပြီး သွားကစားလို့ .. နောက်ကနေ ရောက်နေတာ မသိလိုက်ပဲ ဆန့်ငင်ဆန့်ငင်နဲ့ ပါသွားဦးမယ် . သတိလဲထားပေါ့ . သုံးတာလဲသုံးပေါ့ .

Monday, July 13, 2009

007 မှာ ပါတဲ့ rocket belt ဆိုတဲ့ လေပေါ်ပျံတဲ့ ယာဉ်ကို တီထွင်လိုက်နိုင်ပါပြီ .

ဗဟုသုတအနေနဲ့တင်ပေးလိုက်တာပါ .. အတော်စိတ်ဝင်စားစရာကောင်းပါတယ် .. ကျွန်တော်တော့သဘောကျတယ်ဗျာ .. ဘယ်သူပျံချင်လဲ ပြောပါ ကျွန်တော် ကား workshop ဆိုင်က သံတွေကို ဂဟေဆော်ပြီး ပို့ပေးလိုက်ပါ့မယ် .. ပျံလို့ရတာ မရတာတော့ တာဝန်မယူဘူးနော် .. အဲ့ဒါကြိုပြောထားတာ ..







Friday, July 10, 2009

မြန်မာ့တိုင်းမ်ထဲမှာ သတင်းပါလာလို့

အဟီး ဒီနေ့ မြန်မာ့တိုင်းမ်ထဲ ကျွန်တော့်သတင်းပါလာတယ်လို့ သူငယ်ချင်းတစ်ယောက်မေးလ်ပို့တာနဲ့ သွားကြည့်ဖြစ်တယ် .. သူငယ်ချင်းတစ်ယောက်ရေးထားတာပါ .. သူက သတင်းထောက်လုပ်နေတယ် .. သွားဖတ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီကို နှိပ်လိုက်ပါ ..

Wednesday, July 8, 2009

Google က os ထုတ်လိုက်ပြီ .

Microsoft window OS ကိုတိုက်ရိုက်စိန်ခေါ်တဲ့ အနေနဲ့ Google က သူ့ကိုယ်ပိုင် OS တစ်ခုကို ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း အင်္ဂါနေ့က ကြေငြာ ခဲ့ပါတယ်။ သူတို့ရဲ့ OS ကို လက်ရှိ ထုတ်လုပ်ထားတဲ့ Google Chrome Browser ရဲ့ နာမည်အတိုင်း Google Chrome Operating System လို့ သတ်မှတ်ထား ပါတယ်။

ပထမခြေလှမ်းအနေနဲ့ ဒီ OS ကို ဈေးနှုန်းနိမ့် netbook များ စတင်သုံးစွဲဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီ OS ကို PC တွေမှာလဲ သုံးဆွဲနိုင်အောင် ဆက်လက် ဆောင်ရွက်သွားမယ်လို့ Google က ပြောခဲ့ပါတယ်။

ဒီကြေငြာချက်ကြောင့် Search Engine ထိပ်သီး Google နဲ့ OS ထိပ်သီး Microsoft တို့အကြား ပိုမိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို တွေ့မြင်ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ Microsoft ကလဲ မကြာသေးမီက ထုတ်လွှင့်လိုက်တဲ့ Bing Search Engine နဲ့ Search Engine လောကထဲကို ခြေလှမ်းစတင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်ဆန်မှု၊ ရိုးရှင်းမှုနဲ့ လုံခြုံမှုတို့ဟာ Google Chrome OS ရဲ့ အဓိကပန်းတိုင် ဖြစ်တယ်၊ ပိုမိုပေါ့ပါး မြန်ဆန်ပြီး Web ပေါ်ကိုလည်း စက္ကန့်ပိုင်းအတွင်း အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်တဲ့ OS တစ်ခုအဖြစ် စီစဉ်ထားပါတယ်လို့၊ Google ရဲ့ ထုတ်လုပ်မှု စီမံခန့်ခွဲရေးဆိုင်ရာ ဒုတိယ အတွင်းရေးမှူး Sundar Pichai နဲ့ အင်ဂျင်နီယာချုပ် Linus Upson တို့က ကုမ္ပဏီ blog မှာ ပြောကြားထားပါတယ်။

Google ကပြောကြားရာမှာ ဒီ OS အသစ်ဟာ Internet ကို ဗဟိုပြုတဲ့စနစ်ကို အခြေခံမှာ ဖြစ်ပါတယ်တဲ့။ Desktop ပေါ်က software တွေထက် Web ပေါ်ကဖြန့်ချိနေတဲ့ software တွေဟာ ပိုမိုအရေးပါတဲ့ ကဏ္ဍအဖြစ် တိုးတက်ပြောင်းလဲ လာလိမ့်မယ်လို့ Google ကယုံကြည်နေပါတယ်။ အဲဒီကာလ ရောက်လာရင် Software တွေဟာ Internet Browser ပေါ်မှာ တိုက်ရိုက်သုံးစွဲ လာနိုင်လိမ့်လို့ ဆိုပါတယ်။

ဒီကြေငြာချက်ဟာ Microsoft ကိုသာစိန်ခေါ်ရုံ မဟုတ်တော့ပဲ PC software တွေကို ထုတ်လုပ်ရောင်းချနေတဲ့ စီပွားရေး လောကကိုပါ ပူးတွဲ စိန်ခေါ်လိုက်တာပါပဲ။

တကယ်တော့ Google ဟာ mobile phone တွေအတွက် Open-Source OS တစ်ခုဖြစ်တဲ့ Android OS ကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ထုတ်လုပ်သူတွေက ဒီ OS ကို Netbook တွေမှာပါ သုံးစွဲဖို့ စီစဉ်ခဲ့ကြပေမယ့် Google ကတော့ Android ကို Netbook ပေါ်မှာ သုံးဆွဲဖို့ အားမပေးခဲ့ပါဘူး။ ဒါဟာ Chrome OS ကို Netbook တွေမှာ သုံးစွဲလာဖို့ ကုမ္ပဏီက ရည်ရွယ်ထားပုံရတယ်လို့ သုံးသပ်ကြပါတယ်။

Friday, March 27, 2009

ထူးထူးခြားခြားဖြစ်ရပ်များ ..

Image Hosting by Picoodle.com
ဓါတ်ပုံကိုကြည့်ကြည့်ပြီး နှာခေါင်းတောင် ယားကျိယားကျိ ဖြစ်လာတယ် .. အဲ့ဒီ့လူကလဲ ပေါက်ကရ မြွှေကိုများ နှာခေါင်းကနေ သွင်းပြီး ပါးစပ်ကနေ ပြန်ထုတ်ရတယ်လို့ ....

Image Hosting by Picoodle.com

Image Hosting by Picoodle.com

Wednesday, March 11, 2009

မြန်မာပြည်က Mtalk ဆိုပါလား ???

ရင်ထဲက စကားကိုမပြောပြချင် အောက်ကသတင်းတွေကို အရင်ဖတ်ကြည့်စေချင်ပါတယ် .......

မြန်မာနိုင်ငံ၏ ပထမဆုံးသော အွန်လိုင်းမှပြည်တွင်း၊ ပြည်ပဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်၊ ချက်တင်အသုံးပြုခြင်းများကို ၀န်ဆောင်မှုပေးမည့် Mtalk ဆားဗစ်ကို မကြာမီကာလအတွင်း အများပြည်သူသို့ စတင်သုံးစွဲခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဝန်ဆောင်မှုအား ပြည်တွင်းမှနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Myanmar Technology Gateway မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ Mtalk ဆားဗစ်မှာ မြန်မာပြည်တွင်း၌လူသုံးများလျက်ရှိသော Gtalk နှင့် Pfingo ကဲ့သို့ ၀န်ဆောင်မှုများအတိုင်း ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။

“ Mtalk ဆားဗစ်ကို စပြီးအကောင်အထည်ဖော်ခဲ့တာကြာပါပြီ။ အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာရှိတဲ့သူတွေအနေနဲ့ နိုင်ငံတကာသို့ အွန်လိုင်းပေါ်ကနေဖုန်းခေါ်တာတို့၊ chatting လုပ်တာတွေကို ပြည်တွင်းကနေ ၀န်ဆောင်မှုပေးချင်တာကြောင့် ဖြစ်ပါတယ်။ နောက်ထပ် ၂လ၊ ၃လအတွင်းလောက်မှာ Pfingo လိုမျိုးအကောင့်ရှိရုံနဲ့ ပြည်တွင်းရော၊ ပြည်ပရော အွန်လိုင်းကနေဖုန်းခေါ်ပြောဆိုနိုင်မဲ့ဝန်ဆောင်မှုကို စတင်တော့မှာဖြစ်ပါတယ်” ဟု Myanmer Technology Gateway မှ တာဝန်ရှိသူ ဦးအောင်ကျော်စိုးဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။

လက်ရှိအချိန်တွင် Mtalk Application အားစတင်သုံးစွဲရန် Download လုပ်ခွင့်ပေးထားပြီး သုံးစွဲသူ၏အမည်နောက်တစ်ခုနှင့် email Chatting အသုံးပြုနိုင်ကြောင်းသိရသည်။ Mtalk ၏၀န်ဆောင်မှုတွင် ထူးခြားချက်မှာ Mtalk အသုံးပြု သူများသည် Gtalk အသုံးပြုသူများကိုပါဖိတ်ခေါ်၍ ပြောဆိုနိုင်ခြင်း၊ Mtalk မှတဆင့် နိုင်ငံတကာဖုန်းများကို တိုက်ရိုက်ခေါ်ဆိုနိုင်သည့်ဝန်ဆောင်မှုများကို ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“ လတ်တလောမှာ အီးမေးလ်နဲ့ chatting ကိုအခမဲ့သုံးခွင့်ပေးမယ်၊ VOIP ကိုစမ်းသုံးခွင့်ပေးမယ်၊ အွန်လိုင်းပေါ်ကနေ ဖုန်းခေါ်ဆိုတဲ့စနစ်အတွက်ကိုတော့ ငွေပေးသွင်းတဲ့စနစ်နဲ့ စီစဉ်ထားပါတယ်။ လောလောဆယ်ကတော့ ဘယ်လောက် ပေးသွင်းရမယ်ဆိုတာကို မသတ်မှတ်ရသေးပါဘူး” ဟုတာဝန်ရှိသူ ဦးဇော်မင်းဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။

ယင်းကုမ္ပဏီ၏ Mtalk အတွက်အသုံးပြုသည့်ဆာဗာမှာ ပြည်တွင်း၌ပင်ရယူထားကြောင်းသိရသည်။ Mtalk ၀န်ဆောင်မှုအား အသေးစိတ်လေ့လာလိုသူများအနေဖြင့် www.Myanmartalk.net တွင် ၀င်ရောက်လေ့လာနိုင်သလို Mtalk Application Software ကိုလည်း အခမဲ့ Download လုပ်ခွင့်ပေးထားကြောင်းသိရသည်။

ကျွန်တော့်စိတ်ထဲမှာပေါ်နေတဲ့ သံသယစိတ်တစ်ခုကိုပြောပြချင်တယ်ဗျာ .. အလကားရတဲ့ Gmail ဆိုတာကိုတောင် ပိတ်ဖို့ကြိုးစားကြတယ် .. စကားပြောလို့ရတဲ့ ဆိုက်တော်တော်များများကို ပိတ်ကြတယ် .. ပြီးတော့ File hosting လုပ်လို့ကောင်းတဲ့ ဆိုက်ကောင်းကောင်းလေးတွေကိုလဲ ပိတ်ထားကြတယ် .. နည်းပညာကောင်းတွေဖြန့်ဝေမှုကို အလွယ်တစ်ကူ ရှာလို့ရတဲ့ youtube လိုမျိုးဆိုက်တွေကိုလဲပိတ်ကြတယ် .. အဲ့လိုပိတ်ပြီးမှ အခုဘာမဟုတ်တဲ့ Mtalk လိုမျိုး application လေးတစ်ခုကို ထုတ်လိုက်တာက ကျွန်တော့်စိတ်ထဲ စိုးရိမ်နေတယ် .. တစ်ခုခုများ ဆင်ဖို့ထွင်ထားတဲ့ ထောင်ချောက်တစ်ခုလားလို့ပေါ့ .. ပြီးတော့ သူတို့က ပိုက်ဆံပေးရမယ်လို့ဆိုထားတယ်ဗျ ... အလကားရတဲ့ဆိုက်တွေကျတော့ ပိတ်ထားကြပြီး ပိုက်ဆံပေးရတဲ့ဆိုက်ကျတော့ ဖွင့်ပေးထားတယ် .. ဒီ့ထက်တစ်ခု သတိထားရမှာက gmail username နဲ့ passward ကို ရိုက်မယ့်နေရာမှာ စိတ်ချယုံကြည်မှုတွေနဲ့ မက်လုံးတွေကို နားယောင်ပြီး သွားရောက် မ၀င်စေချင်ပါဘူး .. ရိုးရိုးသားသား လူတွေအတွက်ကတော့ စိုးရိမ်စရာမရှိပါဘူး ...


Saturday, February 14, 2009

ထူးထူးဆန်းဆန်းအပင်များနှင့် တိရိ စ္ဆာန်များ

Image Hosted by ImageShack.us
ဒီပုံလေးကတော့ ကျွန်တော်တို့ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ အပင်လေးပါ
နတ်သမီးထောင်ချောက်လို့ခေါ်ပါတယ်.. သက်ရှိ တိရိစ္ဆာန်တစ်ကောင်ကောင် အဲ့ဒီ့ ပန်းပွင့်လေးပေါ်ကို နားရင်ဖြစ်စေ၊ သွေးတစ်စက်စက် ကျရင်ဖြစ်စေ၊ ပွန်းပွင့်လေးဟာ သူ့အပွင့်လေးကို ချက်ခြင်း ပိတ်လိုက်ပါတယ်။ သူအစာချက်ပြီးတာနဲ့ ပြန်ဖွင့်ပါတယ်။ အဲ့ဒီ့အချိန်ဆိုရင်တော့ အခုနက ၀င်ခဲ့တဲ့ ပိုးကောင်ပဲဖြစ်ဖြစ် သွေးစက်ပဲဖြစ်ဖြစ် မရှိတော့ပါဘူး။

Image Hosted by ImageShack.us
အမွှေးများရှိတဲ့ လိပ်ပြာတစ်ကောင်ရဲ့ပုံပါ ..


Image Hosted by ImageShack.us
By nyinaymin

Image Hosted by ImageShack.us
By nyinaymin

Image Hosted by ImageShack.us
By nyinaymin


This is amazing tree named "Nareepol" in Thai. Naree means "girl/woman" and pol means plant/tree or "buah" in Malay. It means women tree. It is amazing what God create the World in many forms that amused human beings….

You can see the real tree at Petchaboon province about almost 500 kms away from Bangkok.



အသေးစိတ်သိချင်ရင်တော့ ဒီလင့် လေးကိုသွားကြည့်လိုက်ပါ

Tuesday, February 10, 2009

Mobile Phone ခြေရာခံစနစ်



Googleသည် မိုဘိုင်းလ်ဖုန်း အသုံးပြုသည့် ခြေရာခံစနစ်တစ်ခုအား ထုတ်လုပ်လိုက်ပြီး မိဘများအနေနှင့် သားသမီးများ မည်သည့်အချိန်တွင် မည်သည့်နေရာ ရောက်ရှိနေမည်ကို လွယ်ကူစွာ သိရှိနိုင်မည့် ၀န်ဆောင်မှုကို စတင်ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ထိုအခြေအနေကြောင့် အိမ်ရှင်မကို လှည့်ပတ်ပြောဆိုကာ အလည်အပတ် ၀ါသနာထုံသော ယောက်ျားများအတွက် စိတ်ညစ်စရာ ဖြစ်လာနိုင်ကြောင်းလည်း ပညာရှင်များကဆိုသည်။

Google Latitudeဟု အမည်ပေးထားသော အဆိုပါ Softwareသည် မိုဘိုင်းလ်ဖုန်း Versionအမြင့်စားများတွင် အသုံးပြုနိုင်ပြီး Blackberryလက်ကိုင် ကွန်ပျူတာ အငယ်စားလေးများတွင်လည်း ထည့်သွင်းထား နိုင်မည်ဖြစ်သည်။ ထိုService အသက်ဝင် လှုပ်ရှားလာချိန်တွင် ဖုန်းကိုင်ဆောင်သူ ရောက်ရှိနေမည့်နေရာကို အခြားမိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ထားပြီး ၎င်းကိုယ်တိုင်က သိရှိစေရန် ခွင့်ပြုထားသူများက မြေပုံမှတဆင့် သိရှိနေမည်ဖြစ်သည်။ Googleကမူ ယခုဝန်ဆောင်မှုသည် မိမိအလေးထား မြတ်နိုးသူတစ်ဦးကို မျက်စိအောက်မှ အပျောက်မခံနိုင်သူများအတွက် အကောင်းဆုံး တီထွင်ဆန်းသစ်မှု တစ်ခုဟု ညွှန်းဆိုထားသည်။ သို့သော်လည်း အချို့သူများက ယခုServiceကြောင့် Privacyပိုင်းတွင် ထိခိုက်လာမည်ကို စိုးရိမ်နေကြဆဲဖြစ်သည်။ ထိုSoftwareတွင်

Google Mapနောက်ဆုံး Versionပါ တပေါင်းတည်း ပါဝင်နေပြီး ဗြိတိန်၊ အမေရိကန်နှင့် အခြားနိုင်ငံပေါင်း (၂၄)ခုတို့တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ Google၏ ထုတ်ကုန်မန်နေဂျာ ဒေးဗစ်လီးကမူ ဖုန်းအသုံးပြုသူသည် ၎င်း၏နေရာကို မသိစေချင်သူများ ကမ်းလှမ်းလာမှုကို Rejectပြုလုပ်နိုင်မည် ဖြစ်သောကြောင့် Privacyအတွက် ခြိမ်းခြောက်မှု တစုံတရာ မဖြစ်နိုင်ပါဟု သုံးသပ်ထားသည်။ ထိုServiceကို အသုံးပြုရန် GPSစနစ်တော့ လိုအပ်နေကြောင်းလည်း Googleက ရှင်းလင်းပြောကြားထားသည်။ Google Latitudeသည် မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်သူ၏ တည်နေရာကိုသာ ညွှန်ပြမည်ဖြစ်ပြီး ထိုသူ၏ လုပ်ဆောင်မှု၊ လှုပ်ရှားမှုများကိုမူ ဖော်ထုတ်ပြသထားမည် မဟုတ်ဟုဆိုသည်။ လက်ရှိအချိန်တွင် Google Latitude ၀န်ဆောင်မှုကို အမေရိကန်နှင့် ဗြိတိန်တို့တွင် အသုံးပြုနိုင်ကြောင်း သိရသည်။


မှတ်ချက် .. ရွှေအိုးဝဘ်ဆိုက်မှ တစ်ဆင့် ကူးယူဖော်ပြလိုက်ပါသည်။

Saturday, January 3, 2009

ဝဋ်ကြွေးထင်ပါရဲ့

ကျွန်တော် ဒီသတင်းကိုရှာနေတာ တော်တော်ကြာပါပြီဗျာ .. စာနဲ့ပဲလဲမရိုက်ချင်ဘူး. အရမ်းထူးဆန်းတဲ့ ၀ဋ်ကြွေးတစ်ခုကိုခံစားနေရတယ်ထင်တာပဲ .. သူ့နေရာမှာ ကိုဝင်ကြည့်လိုက်တယ်။ တော်တော်လေးကို ခံစားရခက်မယ့်အဖြစ်မျိုးပဲ ဘ၀တစ်ခုလုံး လူတောထဲတိုးလို့မရတော့တဲ့အဖြစ်လေ။ ကမ္ဘာကသူ့ကို ထူးဆန်းရောဂါတစ်ခု အဖြစ်လေ့လာနေကြဆဲဖြစ်ပြီး ဆေးကုသမှုခံယူခဲ့သော်လည်း ပိုမိုပြီးများပြားလာသည်ကလွဲပြီး ဘာတစ်ခုမှ ထူးခြားမလာခဲ့ပါဘူး။
download လုပ်ချင်ရင်တော့ ဒီမှာ ပါ









Friday, December 5, 2008

ကမ္ဘာကြီးပျက်မယ်တဲ့

ကျွန်တော်သတင်းလေးတစ်ပုဒ်ကို ဆိုဒ်တစ်ခုကနေဖတ်လိုက်ရတာ စိတ်ထဲခိုးလိုး ခုလုဖြစ်နေတယ်ဗျာ ...
ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြားအကြောင်း အရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ်အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။ အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဠာ နဲ့ ပါတ်သတ်တဲ့ YouTube video တွေအကြောင်းပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ ကိစ္စပါ။ အဲဒီ ဗွီဒီယို တွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ keyword တွေနဲ့ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့ ဦးတည်ချက်က တစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ့ အကြောင်းအရာပါ။ ဘာကြောင့် ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ ရေးတဲ့ အတိုင်း ကျနော် ပြန်ရေးပါ့မယ်။ အောက်မှာရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား မဟုတ်ပါ။ သူတို့ ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။ (ပေရှည် နေတာတွေကို ဖျက်ထုတ်ခဲ့ပါတယ်)



ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေမဟုတ်ကြ ပါဘူး။ ဥပမာ - Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိ ရှိနေဆဲပါ။ သူတို့ကို ဘယ်သူတည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လို ဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ
ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ် ရေပြင်ကျယ် ကြီး အလယ် လောက်မှာ ရှိတာ၊ ဘယ်တုန်းက များ ရှေးဟောင်းလူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ.. ကျနော်လည်း အံ့သြော မိပါတယ်)။ ကျနော်အခုရှင်းပြမယ့် အကြောင်း အရာကလည်း သေချာ ရှင်းမပြ နိုင်တဲ့ အကြောင်းအရာတစ်ခုပါ။ ကမ္ဘာ ကြီးပျက်မယ့် နေ့စွဲကို ပြောတာပါ။ အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့် သွားနိုင်ပါတယ်။ ဒါပေမယ့် NASAနဲ့ Governments တွေကတော့ အံ့အား သင့်မယ် မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြ နှင့်ပြီးသားဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက ကျနော်တို့ ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။ Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။ Albert
Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ် ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ် ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြား သော
အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။ အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။ 1983 ခုနှစ်မှာ NASA ဟာ IRAS
(Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။

သူ ဖြတ်သန်းမယ့် အနေ အထား ကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ အဲဒီ အချက်ကြောင့် Atlantis မြို့ ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့ လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်။ ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ ကမ္ဘာ တစ်ခုပဲ ရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိ တာလဲ။ ဖြစ်နိုင်တာက အရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး သေဆုံး သွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်။

Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက် နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ် လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။ ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီ နေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်။ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည် နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဆွဲငင်အား က ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်။ အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်း ရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာ ပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည် ထွက်ခွါသွားပါလိမ့်မယ်။

အပေါ်မှာ ရေးပြခဲ့တာတွေကတော့ YouTube video တွေထဲက တစ်ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အရာအားလုံးသည် သင်္ခါရ ဆိုပေမဲ့ ၂၀၁၂ ဆိုတာ တော့ တော်တော် ကြီးများ စောလွန်း နေမလားလို့။ အခုစာလာ ဖတ်တဲ့ မိတ်ဆွေတွေ ရော.. ဒီကိစ္စကို ယုံလား။ paranormal.about.com မှာ အဲဒီ အကြောင်း pool လုပ်ထားတဲ့ result ကို အပေါ်ကပုံမှာ တွေ့နိုင် ပါတယ်။ ယုံကြည်တယ်၊ ဘာကြောင့်၊ မယုံ ကြည်ဘူး၊ ဘာကြောင့် ဆိုတာလေး comment ရေးပေး စေချင်ပါတယ်ဗျာ။ ကျနော့် အမြင်ကိုလည်း ပို့စ် တစ်ခုတင်ပြီး ရှင်းပေးပါ့မယ်။ ကျေးဇူး တင်ပါတယ်ဗျာ။