Wednesday, July 8, 2009

Google က os ထုတ်လိုက်ပြီ .

Microsoft window OS ကိုတိုက်ရိုက်စိန်ခေါ်တဲ့ အနေနဲ့ Google က သူ့ကိုယ်ပိုင် OS တစ်ခုကို ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း အင်္ဂါနေ့က ကြေငြာ ခဲ့ပါတယ်။ သူတို့ရဲ့ OS ကို လက်ရှိ ထုတ်လုပ်ထားတဲ့ Google Chrome Browser ရဲ့ နာမည်အတိုင်း Google Chrome Operating System လို့ သတ်မှတ်ထား ပါတယ်။

ပထမခြေလှမ်းအနေနဲ့ ဒီ OS ကို ဈေးနှုန်းနိမ့် netbook များ စတင်သုံးစွဲဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီ OS ကို PC တွေမှာလဲ သုံးဆွဲနိုင်အောင် ဆက်လက် ဆောင်ရွက်သွားမယ်လို့ Google က ပြောခဲ့ပါတယ်။

ဒီကြေငြာချက်ကြောင့် Search Engine ထိပ်သီး Google နဲ့ OS ထိပ်သီး Microsoft တို့အကြား ပိုမိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို တွေ့မြင်ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ Microsoft ကလဲ မကြာသေးမီက ထုတ်လွှင့်လိုက်တဲ့ Bing Search Engine နဲ့ Search Engine လောကထဲကို ခြေလှမ်းစတင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်ဆန်မှု၊ ရိုးရှင်းမှုနဲ့ လုံခြုံမှုတို့ဟာ Google Chrome OS ရဲ့ အဓိကပန်းတိုင် ဖြစ်တယ်၊ ပိုမိုပေါ့ပါး မြန်ဆန်ပြီး Web ပေါ်ကိုလည်း စက္ကန့်ပိုင်းအတွင်း အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်တဲ့ OS တစ်ခုအဖြစ် စီစဉ်ထားပါတယ်လို့၊ Google ရဲ့ ထုတ်လုပ်မှု စီမံခန့်ခွဲရေးဆိုင်ရာ ဒုတိယ အတွင်းရေးမှူး Sundar Pichai နဲ့ အင်ဂျင်နီယာချုပ် Linus Upson တို့က ကုမ္ပဏီ blog မှာ ပြောကြားထားပါတယ်။

Google ကပြောကြားရာမှာ ဒီ OS အသစ်ဟာ Internet ကို ဗဟိုပြုတဲ့စနစ်ကို အခြေခံမှာ ဖြစ်ပါတယ်တဲ့။ Desktop ပေါ်က software တွေထက် Web ပေါ်ကဖြန့်ချိနေတဲ့ software တွေဟာ ပိုမိုအရေးပါတဲ့ ကဏ္ဍအဖြစ် တိုးတက်ပြောင်းလဲ လာလိမ့်မယ်လို့ Google ကယုံကြည်နေပါတယ်။ အဲဒီကာလ ရောက်လာရင် Software တွေဟာ Internet Browser ပေါ်မှာ တိုက်ရိုက်သုံးစွဲ လာနိုင်လိမ့်လို့ ဆိုပါတယ်။

ဒီကြေငြာချက်ဟာ Microsoft ကိုသာစိန်ခေါ်ရုံ မဟုတ်တော့ပဲ PC software တွေကို ထုတ်လုပ်ရောင်းချနေတဲ့ စီပွားရေး လောကကိုပါ ပူးတွဲ စိန်ခေါ်လိုက်တာပါပဲ။

တကယ်တော့ Google ဟာ mobile phone တွေအတွက် Open-Source OS တစ်ခုဖြစ်တဲ့ Android OS ကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ထုတ်လုပ်သူတွေက ဒီ OS ကို Netbook တွေမှာပါ သုံးစွဲဖို့ စီစဉ်ခဲ့ကြပေမယ့် Google ကတော့ Android ကို Netbook ပေါ်မှာ သုံးဆွဲဖို့ အားမပေးခဲ့ပါဘူး။ ဒါဟာ Chrome OS ကို Netbook တွေမှာ သုံးစွဲလာဖို့ ကုမ္ပဏီက ရည်ရွယ်ထားပုံရတယ်လို့ သုံးသပ်ကြပါတယ်။

No comments:

Post a Comment