Monday, September 21, 2009

မိုက်ရိုင်းတယ်ဗျာ

ကျွန်တော် ဒီနေ့ အွန်လိုင်းမှာ သူငယ်ချင်းတွေ မေးနေတာကို တစ်လှည့်စီ ဖြေပေးနေတုန်း dangerousking101@gmail.com အကောင့်က လာပြီး invite လုပ်လာတာနဲ့ လက်ခံလိုက်ပါတယ် . ကျွန်တော့်မှာ အားလုံးကို ပြန်ပြီးဖြေတာ ဖြစ်လို့ တစ်ခါတစ်လေ မှာ ၃ မိနစ်လောက် ကြာတတ်ပါတယ် . အောက်မှာတော့ တစ်ကယ့်ကို အပီအပြင်ကို ဆော်ကားလိုက်တာပါ . ဘယ်သူဘယ်ဝါဆိုတာကို ကျွန်တော် စိတ်မ၀င်စားပေမယ့် အတော်လေးကို မိုက်ရိုင်းတာပါ . သူငယ်ချင်းတို့ဆီမှာလဲ အဲ့ဒီ့အကောင့်ပိုင်ရှင် ရှိတယ်ဆိုရင် ပြောပြလိုက်ပါဗျာ . ကျွန်တော်ကတော့ သူဘယ်ကလဲ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို လိုက်ပြီး ရှာရင်ရနိုင်ပေမယ့် စိတ်မ၀င်စားတော့ပါဘူး . သူများတွေလိုပဲ မေးချင်တာမေး၊ ဖြေချင်တဲ့ စိတ်ကူးပေါက်မှ ထဖြေ ဒါပဲကောင်းပါတယ် . စိတ်ရောကိုယ်ရော နှစ်ပြီး ကျွန်တော် အပင်ပန်းခံသမျှတော့ အဆဲခံရတာပဲ အဖတ်တင်ပါတယ် . စိတ်တော့် အတော်လေးကို ကျသွားတာဗျာ . ဖိုင်တင်ဖို့ စိတ်ကူးထားတာတွေလဲ မတင်ဖြစ်တော့ဘူးဗျာ . အောက်မှာကြည့်လိုက်ပါ ကျွန်တော်ပြောတဲ့ စကားထဲမှာ ဘာများအမှားပါလဲလို့ .

dangerousking101: yes
7:27 PM that right
7:28 PM please tell me english speking
you hear
you reply me
7:29 PM me: ဘာအကြောင်းသိချင်လို့လဲ
dangerousking101: you cnn speak english
7:30 PM please tell
me: cnn
what do you mean?
I don't understand upon your typing
if you can type myanmar language, you can type easy.

7:31 PM dangerousking101: you say english
7:33 PM i do not myanmar typing
u understand
7:34 PM you can say english
me: okey
dangerousking101: please tell
7:36 PM me: what do you asked me?
7:37 PM dangerousking101: please wait i am busy
6 minutes
7:43 PM dangerousking101: saronara
7 minutes

7:50 PM dangerousking101: fuck you
7:51 PM moher fucker

12 comments:

  1. အေးဗျာ...ကြားရတာတကယ်ကိုစိတ်မကောင်းပါဘူးဗျာ
    ""အများအကြိုးရွက်သယ်ပိုးက
    ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း
    မရွှဲ့မစောင်းကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်ရှေ့ရှု နှင်လော့""


    ကုန်ရှုံးတစ်ခေါက်၊ လင်ကုန်ရှုံး တစ်သက်လုံးမှောက်၊ ဆရာရှုံးလျှင် တစ်သံသရာလုံးမှောက်သည်

    ကုန်သွယ်သူသည် ကုန်စည်အမျိုးအစားနှင့် ပေါက်ဈေးအတွက် အချက်မှားလျှင် ဖြစ်စေ၊ အခြေအနေအရ စရိတ်ပိုမို ကုန်ကျခြင်း၊ ဈေးကျခြင်း၊ ကုန်စည်ပျက်စီးခြင်း စသည် တို့ကြောင့်ဖြစ်စေ အရှုံးပေါ်လျှင် တစ်ခေါက်အတွက်သာ ရှုံးပေမည်။ နောက် တစ်ခေါက်တွင် မြတ်ကောင်း မြတ်နိုင်စရာရှိသည်။

    အိမ်ထောင်ပြုရာတွင် ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်းပြု၍ လုပ်ကိုင် ကျွေး မွေးသော အိမ်ရှင်လင်ယောက်ျားမျိုးကို မရဘဲ အလုပ်အကိုင် မလုပ်ချင် ပျင်းရိညံ့ဖျင်းရုံသာ မက မကောင်းမှုများဖြင့် သုံးဖြုန်းကာ နှိပ်စက်ရိုက်နှက်တတ်သော လင်ဆိုးနှင့်ကြုံရမည် ဆိုလျှင်မူကားတစ်သက်တာလုံးအတွက်
    မှောက်မှားခြင်းဖြစ်၍ ပြုပြင်ရန် ခက်ခဲစေတော့သည်။

    ထိုမှတစ်ပါး တရားစစ်တရားမှန်ကို ညွှန်ပြနိုင်မည် အထင်ဖြင့် ဆရာအမှတ်ပြု ကာ ဆည်းကပ်နည်းခံရာတွင် ဆရာကောင်း ဆရာမြတ်မဟုတ်ဘဲ တရားစစ် တရားမှန် မသိဘဲ အကျင့်အယူ မှားယွင်းစွာ ဟောပြောညွှန်ပြခြင်းခံရပါမူ သံသရာမှ ထွက်မြောက် နိုင်ခြင်းမရှိဘဲ သံသရာဘ၀ ရှည်လျား သံသရာဘ၀အဆက်ဆက် မှောက်မှားစရာသာ ဖြစ်ချေမည်ဟုဆိုလို သည်။

    မှားယွင်းနစ်နာမှုသည် အကြောင်းကိစ္စလိုက်၍ ဆုံးရှုံးမှုသေးငယ်သောအရာ လည်း ရှိသည်။ ကြီးမားသော အရာလည်း ရှိသည်။ အနည်းအပါး ဆုံးရှုံးမှုမှာ မထောင်း သာသော်လည်း ကြီးမားသော ဘ၀တစ်လျှောက်လုံးအတွက် ထိခိုက်နိုင်သဖြင့် ဆုံးရှုံး ရမည့် အကျိုးအပြစ် ပမာဏကို ချင့်ချိန်တွက်ဆ၍ ဆုံးရှုံးနစ်နာမှုမရှိအောင် သတိထားကြည့်ပါကိုညီနေမင်း
    ခုဆိုရင်...ကိုညီနေမင်းရဲ့Blog ကိုအမှီပြုအားကိုးနေတဲံ
    သူတွေဟာအများကြီးပါ..သူတို့တွေကိုဆရာသမား
    ကောင်းနဲ့မလွဲစေချင်ပါဘူး...အထူးသဖြင့်မြန်မာက
    လူငယ်တွေကိုဆက်လက်ပီးမျှဝေပေးပါလို့....
    မေ့ပစ်လိုက်ပါဗျာ...ခွေးလေးခုန်လို့ဖုန်မထစေချင်ဘူး
    ဗျာ...လူမိုက်သောင်းကဲ့ရဲ့ရှောင်းလဲ..လူကောင်းတစ်
    ယောက်ချီးမွန်းပြောက်၏..တဲ့...။
    လုပ်စရာရှိတာဆက်ပါဂရုစိုက်မနေပါနဲ့ဗျာ...။။။။။။။

    ReplyDelete
  2. အစ်ကိုရေ အဲလိုလူတွေရှိကြတာပဲ စိတ်ဓာတ်မကျပါနဲ့နော်
    အစ်ကို့ပဲ အားကိုးနေရတာ

    ReplyDelete
  3. အင်း ကြားရပြန်ပြီဗျာ ဟိုတစ်ခါ ကိုသံလုံငယ်တုန်းကလည်း တစ်ခေါက် ... အေးဗျာ မြန်မာလူမျိုးတွေကလည်း ကိုယ့်အပေါ်စေတနာထားလုပ်ပေးနေတဲ့ လူတွေဆို သိပ်စော်ကားချင်ကြတာ ... ကိုယ်ချင်းစာပါတယ် ကိုညီနေမင်း ... စေတနာဆိုတာ အကျိုးပေးမှာပါ ...

    ReplyDelete
  4. ကိုညီရေ..
    အဲဒါမျိုးတွေ...ညီမလည်း ကြုံဖူးတယ်...
    မသိချင်ယောင်ဆောင်လိုက်တာ အကောင်းဆုံးပဲ..
    “ငှက်ဆိုးတစ်ကောင် လမ်းမှားပြီး အိမ်ထဲဝင်လာတယ်”..လို့သာမှတ်လိုက်ပါ...
    စိတ်ထဲဘာမှထားမနေပါနဲ့...
    ကိုညီ...စိတ်ပင်ပမ်းပါတယ်..။

    ReplyDelete
  5. မောင်စေတနာSeptember 21, 2009 at 7:27 PM

    ဟုတ်တယ်။ ကိုညီနေမင်းရေ။

    ကျနော်လဲ ခံခဲ့ရဖူးတယ်။ တစ်ကြိမ်မကပါဘူး။ ကျနော်တို့က ပရိသတ်အတွက် လာအက်သမျှကို လက်ခံပြီး ပြန်ဖြေလေ့ ရှိပါတယ်။ ဒါပေမယ့် အမြဲတမ်းမအားနိုင်ဘူးလေ။ မဖြေနိုင်တာတွေလဲ ရှိတယ်။ ဒါပေမယ့် မဖြေရင်အဲဒီလို ရိုင်းသွားတာတွေ တစ်ကြိမ်မက ကြုံဖူးပါတယ်။ ဒါကြောင့် ကျနော်တောင်
    ""အများအကြိုးရွက်သယ်ပိုးက
    ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း
    မရွှဲ့မစောင်းကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်ရှေ့ရှု နှင်လော့"" အဲဒီစာသားလေး တင်ပြီးကိုယ်စိတ်ကိုယ်ဖြေရတယ်။ စိတ်မပျက်ပါနဲ့။


    ခင်မင်လျက်။

    ReplyDelete
  6. အောက်တန်းကျတယ်ဗျာဒီကောင်...

    ReplyDelete
  7. ငါ့ညီရေ...စိတ်ဓာတ်မကျနဲ့ ဒီလိုသူများစိတ်ဆင်းရဲအေင်
    လုပ်ရင် ကိုယ်လဲပြန်ခံစားရမှာပဲ။ နည်းပညာရှင်မှန်သမျှ
    စိတ်ချမ်းသာ ကိုယ့်ကျမ္မာနဲ့ အလုပ်ကိုဆထက်တပိုးဆက်
    လုပ်နိုင်ပါစေဗျာ....

    ReplyDelete
  8. ကြားရတာ စိတ်မကောင်းပါဘူး။ လောကကြီးမှာ အမှိုက်တွေအများကြီးရှိနေတယ် ဆိုတာ အထူးပြောစရာမလိုပါဘူ။ ကိုညီဆိုက်လ်ကို ကွှန်တော်တို့တွေ အားကိုးပါတယ်၊ ပိုစ် တင်အားကောင်းတဲ့ လူတစ်ယောက်ဆိုပါတော့၊ ဆက်ပြီး ပညာဒါနတွေ အများကြီး ပေးနိုင်ပါစေ. .. လေးစားစွာဖြင့်

    ReplyDelete
  9. အကိုဘယ်လို ခံစားရမယ် ဆိုတာနားလည်ပါတယ်ဗျာ...ဒါပေမယ့်် ဂရုစိုက်မနေပါနဲ့...အကို့စေတနာကို တစ်ယောက်နားမလည်ပေမဲ့ တစ်သန်းလောက်က အားပေးနေပါတယ်....

    ReplyDelete
  10. တချို့လူတွေ တော်တော် မိုက်ရိုင်းကြတယ်ဗျာ . .
    ကိုယ်က ပညာဒါနလုပ်နေတာပဲ ကိုညီနေမင်းရယ်
    ထားလိုက်ပါ ဒီလိုလူမျိုးတွေကို ဂရုစိုက်မနေပါနဲ့တော့ . . .

    ReplyDelete
  11. မိုက်ရိုင်းသူတွေပေါတယ်ဗျာ
    Cupid လည်းကြုံခဲ့ရတယ်ဗျ
    ဒီပို့ ဖတ်ပြီးစိတ်ဖြေသာခဲ့ရတယ်လေ
    စိတ်ရှိတိုင်းသာလုပ်လိုက်ရလို့ကတော့လေ
    တကယ် လူမတွေ့ရတိုင်းခွေးစိတ်ပေါက်နေကြတယ်
    ခက်ထန်ကြတယ် မြန်မာပြည် မှာမနေကြရင်ကောင်းမယ်
    အဲလေဗျာ ..........ခက်ပါတယ်လေ
    စိတ်တွေကိုဖြေခဲ့ရတယ်ဗျ
    ကိုညီနေမင်းကိုကျေးဇူးအထူးတင်တယ်..။

    ReplyDelete
  12. စိတ်မကောင်းပါဘူး ကိုညီ.....လူအမိုး၂စိတ်အမိုး၂ပေါ့...အဲ့လိုအောက်တန်းကျအဆင့်တန်းနှိမ့်တဲ့..စုန်းပြူတွေလဲရှိပါတယ်...သူအကုသိုလ်သူအကိုးပေးမှာပါ...ကျွန်တော်တို့ပညာအရည်အချင်းနဲ့ကဘာမှနာမလည်ဘူး...ကိုညီဆိုဒ်ကိုပဲအားကိုးနေရတာ...ကိုညီကျေးဇူးကြောင့်တော်၂များ၂အဆင့်ပြေပါတယ်...အဲ့ဒီအတွက်ကြောင့်ကိုညီကျွန်တော်တို့အတွက်အန္တနဂိုက်းဝင်ဆရာ၁ယောက်ပါပဲ...
    အစဉ်လေးစားကျေးဇူးတင်လျှက်

    ReplyDelete