Sunday, September 27, 2009

အင်တာနက် web page တွေ ဖွင့်ရင် မြန်စေဖို့ FullSpeed software သုံးကြစို့

ကဲ အင်တာနက် speed နှေးနေတဲ့သူတွေ အတွက် ဒီပို့စ်လေးကို တင်ပေးလိုက်တာပါ . ကျွန်တော်ဒီ software ကို ကိုရဲနောင်ဆီကနေ ရတာပါ . ဒီ့ထက်မြင့်တဲ့ version ကို ထပ်တင်ပေးပါဦးမယ် . အင်တာနက် speed ကတော့ ယခင်ကထက် ပိုမြန်လာတာကို တွေ့ရမှာပါ . နောက်ပိုင်း ကွန်ပျူတာတစ်လုံးကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဗိုင်းရပ်စ်ရန်ကို အတတ်နိုင်ဆုံး ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ရေးပေးပါဦးမယ် . pdf နဲ့ ရေးပေးဖို့ စိတ်ကူးထားပါတယ် . အခုကတော့ သိတဲ့အတိုင်း အလုပ်နဲ့ နဘန်းလုံးနေရတာက များတယ် . ဒီကြားထဲ မေးလာတဲ့သူတွေကိုလဲ အတတ်နိုင်ဆုံး ကိုနားလည်တတ်ကျွမ်းသလောက် အတွေ့အကြုံနဲ့ ယှဉ်ပြီးတော့ ပြန်ဖြေပေးနေရတော့ အဲ့ဖက်ကို မျက်စိစုံမှိတ်ပြီး ထားထားရတာပါ . လုပ်ပေးချင်တာကတော့ လက်ကိုယားနေတာပါပဲ . လုပ်ပေးချင်တာတွေက များပြီး အချိန်က ဆင်းရဲနေတော့ ခဏလေးတော့ သီးခံပြီး စောင့်ပေးပါလို့ ကြိုတင်တောင်းပန်ချင်ပါတယ် . ကျွန်တော့်ရင်ထဲမှာ ပြောချင်တာ တစ်ခုတော့ရှိပါတယ် . မပြောဘဲနေမလို့ဘဲ .

မနေ့က ညီမငယ်လေးတစ်ယောက် ကျွန်တော့်ကို ရင်လာဖွင့်ပါတယ် . သူ့ရဲ့ email address နဲ့ password တွေကို တစ်ခြားသူတစ်ယောက်က ယူသွားတယ်တဲ့ . တစ်ကယ့်ကို စိတ်ဆင်းရဲနေတာပါ ကောင်မလေးကြည့်ရတာ . ကျွန်တော့် စိတ်ထဲမှာတော့ မကောင်းပါဘူး . သူက အင်တာနက်ကို ကိုယ်တိုင် မသုံးနိုင်လို့ ဆိုင်ကနေ သုံးသုံးနေရတာပါတဲ့ . သူ့ရဲ့အိမ်တွင်းရေးတွေ ကိုယ်ရေးကိုယ်တာတွေကို သူ့ email ထဲမှာ အကုန်ရှိပါတယ်တဲ့ . သူ့ကောင်လေးနဲ့ နှစ်ကိုယ်ကြားပြောခဲ့တဲ့ စကားတွေလဲ ပါချင်ရင်ပါမှာပေါ့ . ဘယ်လိုပြန်ယူရမလဲတဲ့ ကျွန်တော်ကြိုးစားကြည့်ပါသေးတယ် . အဲ့ကောင်မလေး ကံကောင်းသွားတာ တစ်ခုတော့ရှိပါတယ် . သူ့ရဲ့ secondary email လိပ်စာကို ယူသွားတဲ့သူက မပြောင်းထားဘူး . ကျွန်တော် သူ့ရဲ့ secondary email လိပ်စာနဲ့ သူ့ password ကို ပြန်ရအောင် လုပ်ပေးလိုက်ပါတယ် . အဲ့ဒီ့တော့ ကျွန်တော်ပြောချင်တာက . ကိုယ့်ကိုယ်ကို လူတစ်ယောက်လို့ သတ်မှတ်တဲ့ သူဆိုရင်တော့ ကိုယ့်ဆိုင်ကို လာအားပေးတဲ့ ညီငယ် ညီမငယ်တွေကို ကိုသိတဲ့ လက်တစ်ဆစ်လောက် ပညာလေးနဲ့ ဘာမှမသိသေးတဲ့ သူတွေကို သွားပြီးတော့ အနိုင်မကျင့်ကြပါနဲ့ . ကျွန်တော်လဲ မကျွမ်းကျင်ပါဘူး . ဒါပေမယ့် ကိုသိသလောက် ကလေးတွေကို ပြောပြတယ် . ဖလှယ်ပေးတယ် . ဒီလိုဖလှယ်ပေးတာတွေက . တစ်ကယ်တော့ ကို့လောက် မသိနားမလည်တဲ့ သူတွေကို အနိုင်ကျင့် ဆော်ကားဖို့ မဟုတ်ပါဘူး . ကိုအဲ့လိုမျိုး လုပ်လိုက်လို့ကော ဘာတွေ ထူးခြားပြီးပြောင်းလဲသွားမှာ မို့လို့လဲဗျာ . မလုပ်ကြပါနဲ့ . တိရိစ္ဆာန်တွေတောင်မှ သစ္စာမမဲ့ကြပါဘူး . ကျွန်တော်တို့တွေက လူတွေလေ . တွေ့လိုက်တဲ့သူတိုင်း ဘာတဲ့ Hacker ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ၊ ကျွန်တော်ဗျာ သူများ email ကို ဟက်ချင်တယ် . ဘယ်လိုလုပ်ရမလဲ ကိုညီနေမင်းရယ်တဲ့ . ပြောထွက်လိုက်တဲ့ပါးစပ် . ကျွန်တော့်ညီဆိုရင် နဘန်ကျင်းပစ်တာကြာပြီ . အဲ့လိုလူမျိုးတွေကို မေးကြည့်တယ် program မပြောနဲ့ html ကိုတောင် အဖွင့်အပိတ် နားမလည်တဲ့သူတွေ များတယ် . ကျွန်တော့်အထင် ကျွန်တော့်စကား မှားသွားတယ်ဆိုရင်တော့ ကြိုက်သလို ဆုံးဖြတ်လို့ရပါတယ် . ရိုင်းတယ်လို့ထင်ရင်လဲ ခံပါ့မယ် . ကျွန်တော်က ပျော်ပျော်ပဲနေတတ်တာပါ . အခုအချိန်အထိ ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ခဲ့ဖူးဘူး . အဲ့ဒါမှန်သောစကားပါ . အင်တာနက်က တွေ့တဲ့ keylogger လို program မျိုးလောက်ကို အဟုတ်ပြီးထင် . သူများအတွင်းရေးတွေ လိုက်ကြည့် . သူများ password တွေလိုက်ခိုး . ပြီးတော့ မဟုတ်တရုတ်တွေ လျှောက်ဟုတ် ၊ အဲ့လိုလူတွေဟာ တစ်ကယ်တော့ ခွေးလောက်ကို သစ္စာတရားမရှိတဲ့သူတွေပါ . ဘာဖြစ်လို့လဲလို့မေးလာရင် ဖြေဖို့ အဖြေက အရံသင့်ပါပဲ . ကိုတတ်တဲ့ မတောက်တစ်ခေါက်နဲ့ ကို့လောက်မသိတဲ့ သူတွေကို ဖြတ်လမ်းနည်းသုံးပြီး အနုနည်းနဲ့ အနိုင်ကျင့်လိုက်တာ ၊ ဆော်ကားလိုက်တာပါပဲ ၊ ကိုယ်ကိုယ်တိုင်ကော သူတို့လိုပဲ ကိုယ့် password ကို အခိုးခံလိုက်ရရင် ဘယ်လိုနေမလဲ ၊ စဉ်းစားကြည့်လေ ၊ လူသတ်သမားတွေလိုပေါ့ ၊ သူများကို သတ်နေရရင်တော့ ပြုံးပြုံးလေးနဲ့ ကိုယ့်အလှည့်လဲရောက်ရော သေမှာ ကြောက်တတ်လိုက်တာ သေးပါထွက်တယ် ဆိုသလိုမျိုးဖြစ်နေတယ် ၊ အဲ့လိုအောက်တန်းကျင်တဲ့သူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတာဟာ မကောင်းတဲ့လက်က္ခဏာပါ ၊ လာလိုက်ရင် ဟက်ကာ ဟက်ကာနဲ့ Hacker ဆိုတဲ့ စကားလုံးအဓိပ္ပါယ်ကို မေးကြည့်လိုက် ၊ သမှန်း နမှန်းတောင် မသိကြဘူး၊ အဲ့တော့ ကျွန်တော့် ညီအစ်ကိုများလဲ အဲ့လိုမျိုး မလုပ်ကြပါနဲ့ ၊ ၀ဋ်ဆိုတာ လည်တတ်ပါတယ် ၊ သူများကို ဒုက္ခရောက်အောင် လုပ်ခဲ့ပြီးရင် ကိုယ့်အလှည့်ဆိုတာကို ရောက်လာရင် ပြုံးပြုံးလေး ခံစားတတ်အောင် လေ့ကျင့်ထားကြပါ ၊ သူများကို တစ်မတ်ဖိုးလောက် ဒုက္ခပေးခဲ့ရင် ကိုယ့်အလှည့်ဆိုရင် တစ်ကျပ်လောက်တော့ ခံစားရမှာပါ ၊ အခုခေတ်က အတိုးခေတ်လေ ၊ သိတယ်မဟုတ်လား ၊ ကဲ ကျန်းမာချမ်းသာကြပါစေဗျာ ။

Installation File ရယ် ၊ Crack Key လေးရယ် ပါတယ်။ Installer ကို run လိုက်ပါ။ ပြီးသွားရင် application ကို မသုံးပါနဲ့ အုံး။ အရင်ဆုံး C:\Program Files\Full Speed ဆိုတဲ့ Folder ထဲကို ခုန ဒေါင်းလုဒ်ချထားတဲ့ ဖိုင်ထုပ်ထဲက Crack Key ( အရိုးခေါင်းပုံလေးနဲ့ ) ကို ကော်ပီယူပြီး Paste လုပ်ပါ။ ပြီးတာနဲ့ Crack key ကို run ပါ။ crack key window မှာ Apply Patch ကိုပေးလိုက်ပါ။ ဒါဆိုရင် ဒီ Full Speed ကို မိတ်ဆွေ Full Version နဲ့ သုံးလို့ ရပါပြိ။


အောက်မှာ Download လုပ်လိုက်ပါ .
Download mediafireDownload ifile.itDownload multiupload

2 comments:

  1. ကိုညီရေ
    ဒီအယူအဆလေးကို အတော်သဘောကျတယ်။ ဟုတ်တယ်။ ခွေးတောင်မှ သူများဒုက္ခရောက်တာကို ကြည့်ပြီး မပျော်ရွှင်တတ်ဘူး။ ဘာကြောင့် ဒီမဟာလူသားဆိုတဲ့ သတ္တ၀ါက သူများဒုက္ခရောက်တာကို ကြည့်ပြီး ပျော်ရွှင်ချင်ရတာလဲ။ ကလေးတွေဆိုတော့လဲ သူ့အမြင်နဲ့ သူပေါ့နော။ ထားလိုက်ပါတော့။
    ဦးဇင်းပြောချင်တာလေးက ကြားဖူးတဲ့ စကားလေးပါ။
    --ငါ--- အဲဒီကောင်ကို သောက်မြင်ကပ်လို့ ချီးတွေငုံပြီး ထွေးလိုက်တာ---ဆိုသလို အခု သူများ passwordခိုးတဲ့သူကလဲ ချီငုံထွေးတဲ့ လူနဲ့ ဘာမှ မထူးပါဘူး။ အဲဒီအလုပ်ကို လုပ်လိုက်တော့ သူ့ရဲ့ ကိုယ်ကျင့်သိက္ခာ၊ အသိဥာဏ်အဆင့်အတန်းက အောက်ဆုံးပြုတ်ကျသွားတာပါပဲ။ အထက်နားက ပြောခဲ့သလို ဟိုအကောင်ရဲ့ အသိဥာဏ်လောက်တောင် မမြင့်မြတ်တော့ပါဘူး။ ချီးငုံထွေးတာကမှ ပလုပ်ကျင်းသွားတိုက်ပစ်လိုက်ရင် ပြောင်စင်သွားဦးမယ်။ စိတ်ဓာတ်အညစ်အကြေးကတော့ သွားပေရော့----------------------။ သူ့ဘ၀ရဲ့နောက်မှာ အရိပ်ပမာ မခွဲမခွာပါပဲ။ (တတော နံ ဒုက္ခမနွေတိ၊ ဆာယာဝ အနုပါယိနီ။)
    ဦးဇင်းတစ်ပါး(အိန္ဒိယ)

    ReplyDelete
  2. ကိုညီ ကျွန်တော်က ခုမှကိုညီ blog ကိုရောက်ဖူးတာပါ..ုကည့်နေရင်းနဲ့မပြောခဲ့ရရင်ဟာတာတာ
ြုကီးဖြစ်နေမှာမို့လို့ပြောခဲ့ပါရစေ...ကျွန်တော်သာ ကိုယ်ညီ လိုအနေအထားမျိုးရောက်ခဲ့ရင်တောင်ကိုညီလိုလုပ်ဆောင်မိမှာမဟုတ်ပါဘူး..
    ကျွန်တော်တကယ်ပြောတာပါ...ကျွန်တော်က နယ်မြို့တစ်မြို့က လူငယ်တစ်ဦးပါ...ကွန်ပျူတာကိုအရမ်းစိတ်ဝင်စားပါတယ်..မြို့ပေါ်မှာရှိတဲ့ဆရာဆိုသူများကိုမသိတာနားမလည်တာတွေကိုမေးမြန်းဘူးပါတယ်..
    မပြောချင်သလိုလိုပြောချင်သလိုလိုနဲ့ပါပဲ...ကျွန်တော်တို့နိုင်ငံဟာ IT နဲ့ပတ်သက်ရင်အလွန်ကိုပဲနောက်ကောက်ကျပါတယ်..သိလွန်းတတ်လွန်းလို့ပြောတာမဟုတ်ပါ..တစ်ရောက်နဲ့တစ်ယောက်ဖေးမသင့်ပါတယ်..ကိုညီ blog ကိုရောက်တော့ ကျွန်တော်အားတက်မိပါတယ်..လေးလဲလေးစားပါတယ်..ဆက်လက်လည်းအောင်မြင်မှုတွေရအောင်ဆုတောင်းပေးလိုက်ပါတယ်..ကျွန်တော်မြန်မာလိုရိုက်တာမကျွမ်းလို့အမှားပါရင်ခွင့်လွတ်ပါ..ကျွန်တော့် mail က toemmo@gmail.com ပါ...

    ReplyDelete