Friday, September 18, 2009

ပြန်လည်ဖြေကြားပေးသည့် အဖြေများ

nanoonaw: ကိုညီနေမင်းရေ Password က အမည်းစက်ကလေးတွေ ကိုဖော်ကြည့်တဲ့ software ရှိရင် ပြောပြပေးပါလားခင်ဗျာ

ကျွန်တော် ဒီပို့စ် မှာ ရေးပေးထားပြီးသားပါ သေချာ မရှာလို့ဖြစ်မှာပါ .

=x=x=x=x=x=x=x=x=x=x=x=x=x=x=x=xx

မင်းမင်း: ကျွန်တော်ဒီမှာ winXtheme Os ကိုဒေါင်းလော့လုပ်ပြီး၊ install လုပ်တာအကိုရေ start Menu ဘားပျောက်သွားလို့ ....

ကျွန်တော်အကြံပေးချင်တာကတော့ system restore ပြန်လုပ်လိုက်ကြည့်ပါ . အဆင်ပြေသွားမှာပါ .
system restore လုပ်ပုံလုပ်နည်းကတော့ လွယ်ပါတယ် . Start >> Programs >> Accessories >> system tools >> system restore ကို ရွေးပြီး ရက်လောက် နောက်ပြန်ဆုတ်ပြီး restore ပြန်လုပ်လိုက်ပါ .

=x=x=x=x=x=x==x=x=x=x=xx

soco : IDM ကို ဘယ်လို့ Update လုပ်ရတယ်ဆိုတာကို ပြောပြပေးပါ့လား

စာအုပ်တင်ပေးလိုက်ပါတယ် . ကို့ဟာကို ဖတ်ပြီး လုပ်ကြည့်လိုက်ပါ . Download ebook from ifile.it

=x=x=x=x=x==x=x=x=x=x=x=x

မြတ်ကိုကို : portable ကိုဘယ်လိုသုံးမလည်းဆိုတာနည်းနည်းလောက်ရှင်းပြပေးပါအကို

Portable ဆိုတာမျိုးဟာ မိမိကွန်ပျူတာမှာ install လုပ်စရာမလိုပါဘူး .. Flash drive မှာပဲ ဒီ program လေးကို သိမ်းထားပြီး ကြိုက်တဲ့ကွန်ပျူတာမှာ သွားထိုးပြီး သုံးလို့ရပါတယ် .. ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရလွယ်ကူတဲ့ portable ဟာဆိုရင် အခုဆို အတော်လေး နေရာယူလာတာတွေ့ရပါတယ် .. ဘာဖြစ်လို့လဲဆိုရင် computer မှာ install စရာမလိုဘဲ ကိုသုံးချင်တဲ့ program ကိုသုံးနိုင်တယ် .. နောက်တစ်ချက်က Program အကြီးလိုမျိုး ကြီးမားတဲ့ဆိုက်မရှိပဲတာပါပဲ

No comments:

Post a Comment