Wednesday, September 23, 2009

Portable Face Smoother 1.35

ဒါကတော့ အလှအပကြိုက်တဲ့ သူများအတွက်နှင့် ဓါတ်ပုံပြင်ဆိုင်တွေမှာ မရှိမဖြစ် လိုအပ်တဲ့ program တစ်ခုပါ . မျက်နှာကို ပြေပြစ်သွားအောင် ချောယူတာပါ . ချောလားမချောလား ပုံကိုသာကြည့်လိုက်တော့ . နောက်ဆုံး ချောလွန်းအားကြီးပြီး ပြောင်တောင် ပြောင်လာဦးမယ် . ဟီးဟီး . တကယ်ကောင်းတာပါ နောက်တာ မဟုတ်ပါဘူး . ပြင်တာတော့ ပြင်ပေါ့ဗျာ . တော်ကြာနေ အချောလွန်ပြီးတော့လဲ ဓါတ်ပုံကို လ.၀.က ကို သွားပေးလို့ ဟိုက လက်မခံရင် ပြဿနာတက်တတ်တယ်နော် . အဟီး ကျွန်တော်မှတ်မိသေးတယ် . ရန်ကုန်က ဘဲတစ်ယောက်လေ . ပါးမှာက အမာရွတ်ရှိနေတယ်ဗျာ တော်တော်ကြီးတာဗျ . သိလား . အဲ့ဒါ ကျွန်တော့်ကို ဖျောက်ခိုင်းတယ် . အလှက ဘာကြိုက်သလဲမမေးနဲ့ ဓါတ်ပုံလာရိုက်တာတောင်မှ ဘီးက လက်ကကိုင်ထားသေးတယ် . ခဏခဏဖီးနေတာဗျာ . မျက်စိကို နောက်ရော . အဲ့ဒါ ကျွန်တော်က မေးတယ် . အစ်ကို ဘာလုပ်ဖို့လဲလို့ဆိုတော့ နိုင်ငံကူးလက်မှတ်လုပ်ဖို့တဲ့ အစ်ကို ဒါဆိုရင် အမာရွတ်ကို ဖျောက်လို့မရဘူးလို့ . ဟာငါ့ညီတဲ့ ဖျောက်သာဖျောက်လိုက်တဲ့ . အစ်ကိုက ဘယ်လူကြီးနဲ့ ဘာတော်တာပေါ့ဗျာ . ကျွန်တော်က ထပ်မေးသေးတယ် . အစ်ကိုသေချာလားလို့ . ငါ့ညီတဲ့ ချောဖို့က အရေးကြီးတယ်တဲ့ . ဖျောက်လိုက်တဲ့ ကျန်တာ အစ်ကို့တာဝန်တဲ့ . အိုကေဆိုပြီး အမာရွတ်အကြီးကြီးကို ဖျောက်ပြီး . မျက်နှာကို ချောပေးလိုက်တယ်ဗျာ . ခဏနေ ပါတ်စပို့စ်ပုံ ထုတ်ပေးလိုက်တော့ သဘောကိုကျလို့ . ငါ့ညီတော်တယ်ဆိုပြီးတော့ . လ.၀.က ကို ဓါတ်ပုံသွားပေးတယ် . တစ်နာရီလောက်ကြာတော့ မျက်နှာငယ်လေးနဲ့ ပြန်ရောက်လာရော . အစ်ကို ဘာဖြစ်တာလဲဆိုတော့ ဟာကွာ ဒီလ.၀.က ကလူတွေ အတော်ရစ်တာကွ. ငါ့ပုံပါလို့ပြောတာ မယုံဘူးကွာ . အမာရွတ်ကို ကြည့်လိုက် . ပုံကိုကြည့်လိုက်နဲ့ . ငါ့ကို လူပွဲစားထင်ပြီး မေးလိုက်တာ နာရီဝက်လောက်ကြာတယ်ဟ . မနည်းကံကောင်းလို့ဟေတဲ့ . ကျွန်တော်က ပြန်မေးလိုက်တယ် . အစ်ကိုပဲ ဟိုလူကြီးနဲ့ ပိုင်ဆိုလို့ ဆိုတော့ . ဟ အဲ့ဒီ့လူကြီးက ရန်ကုန်မှာ ကျန်ခဲ့ပြီတဲ့ . မှတ်ကရောအဲ့ဒါ .. နောက်တစ်ခါ ဖျက်မယ်ဆိုတာတောင် မရတော့ဘူး . ရုပ်ဆိုးချင်ဆိုးပါစေကွာတဲ့ မူရင်းလေးနဲ့ပဲ ဖြစ်အောင် လုပ်လိုက်ပါတယ် . ကျွန်တော်ဆို ရီရတာ အူကိုနာလို့ .

Download ifile.itDownload mediafireDownload multiupload

No comments:

Post a Comment