Saturday, September 19, 2009

Rapidshare မှာ Download အတွက် 15မိနစ် စောင့်စရာမလိုအောင် ဘယ်လိုလုပ်မလဲ

ကိုကို: ကျနော်တခုလောက်မေးချင်လို့ပါ။ rapid share ကနေ အဆင်ပြေပြေ ဒေါင်းလို့ရမဲ့ software လေးရှိရင် တင်ပေးပါခင်ဗျာ။ ကျနော် software မျိုးစုံနဲ့စမ်းကြည့်တာ ဘယ်ဟာမှ အဆင်မပြေလို့ပါ။ ကျေးဇူးတင်လျှက်

ကဲ ဒါလေးကတော့ Rapidshare အတွက် စိတ်သောက ဖိစီးပြီး မစားနိုင် မသောက်နိုင် မအိပ်နိုင်ဖြစ်ပြီး တမှိုင်မှိုင် တထွေထွေဖြစ်နေတဲ့ သူများအတွက်ပါ . (ရွှေပုပ္ပါးသွေးဆေးကြော်ငြာတာ မဟုတ်ပါ ) ကောင်းသလားတော့ မမေးနဲ့ Download လုပ်ဖို့အတွက်
၁၅ မိနစ် စောင့်စရာမလိုပါဘူး . ကျွန်တော်တို့ rapidshare က နေ Download လုပ်ရင် ဘာ့ကြောင့် စောင့်ရသလဲသိလား . rapidshare ဆိုက်က Download လုပ်တဲ့သူရဲ့ ip လိပ်စာကို မှတ်ထားတာလေ . အဲ့ဒီ့အတွက် ကျွန်တော်တို့အနေနဲ့ ip address ကို ပြောင်းဖို့လိုတယ် . အထဲကနေ လိုက်ပြောင်းနေရင် ကြာတယ် . မလုပ်တတ်တဲ့သူများအတွက် အခက်အခဲရှိနိုင်တယ် . ဒီ Rapidshare Time Resetter လေးကို သုံးလိုက်ရင် ကျွန်တော်တို့ရဲ့ ip address ကို မှတ်ထားတဲ့ rapidshare ဆိုက်ကို တစ်ခါ Download လုပ်ရင် ip address တစ်ခုနဲ့ တစ်ခုပြီးတစ်ခု ဒီ program လေးရဲ့ အကူအညီနဲ့ ပြောင်းသွားလို့ရပါတယ် . စောင့်စရာမလိုပါဘူး .

အသုံးပြုနည်း .
  • (၁) အခုပေးထားတဲ့ Rapidshare Time Resetter ကို Download လုပ်ပါ .
  • (၂) ကို က rapidshare လင့်တစ်ခုကို Download လုပ်ပြီးတိုင်း နာရီပုံစံလေးဖြစ်နေတဲ့ Rapidshare Time Resetter ကို နှိပ်လိုက်ပါ . (install လုပ်စရာမလိုပါ) ..
  • (၃) Command တက်လာပါလိမ့်မယ် . ကီးဘုတ်က တွေ့တဲ့ ဂဏန်းတစ်ခုခုကို နှိပ်လိုက်ပါ . မဟုတ်ရင်လဲ space bar ခေါက်လိုက်လဲ ဖြစ်ပါတယ် . ၂ စက္ကန့်လောက်ပဲ ကြာမယ် . သူက ip address ကို ပြောင်းလိုက်တယ် . ပြောင်းပြီးပြီ ဆိုတာနဲ့ နောက်ထပ် rapidshare ကို ထပ်ပြီး Download လုပ်ကြည့် . တစ်ခါတည်း တက်လာလိမ့်မယ် .
  • (၄) ကဲ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်တယ်ဗျာ . ကျွန်တော်လဲ အခုအချိန်အထိ rapidshare ကို မစွန့်လွှတ်နိုင်သေးဘူး . သူ့မှာက သိတဲ့အတိုင်း အားသာချက်တွေ များတာကြောင့် program တိုင်းလိုလို rapidshare မှာပဲ ရှိတတ်တာများတယ် .

အောက်မှာ Download လုပ်လိုက်ပါ .

Download ifile.itDownload mediafireDownload multiupload

No comments:

Post a Comment