Saturday, September 12, 2009

Live CD နဲ့ CD ပေါ်က window ကို Run ပြီး သုံးကြည့်ရအောင်

တန်ဖိုးရှိတဲ့ Live CD ကို မသိသေးတဲ့သူတွေ အတော်များပါတယ် . ဒီအတွက် ဒီပို့စ်ကို ရေးဖြစ်တာပါ . ဒီအကြောင်းကို ရေးဖို့ စိုင်းပြင်းနေတာ ကြာပါပြီ . အခုတော့ မထူးတော့ပါဘူးဆိုပြီး ရေးပေးလိုက်တာပါ . ဖိုင်တင်ရတာ အခုတစ်လော သိပ်အဆင်မပြေဘူးဖြစ်နေတယ် . အလုပ်က များနေတာနဲ့တင် ပြီးနေတာ . အခုတော့ မျက်စိမှိတ်ပြီး တင်ပေးလိုက်ပါတယ် . ဘာဖြစ်လို့လဲဆိုရင် computer သများများအတွက် အလွန်အမင်း အရေးပါနေလို့ တိုက်တွန်းလိုက်တာပါ . .

ဘာ့ကြောင့် ကျွန်တော်တို့ Live CD ကို crazy ဖြစ်ရလဲဆိုတာကို အရင်ဦးဆုံး ပြောပြပါ့မယ် . ကျွန်တော်တစ်ခု မေးချင်ပါတယ် . ကွန်ပျူတာ HDD တစ်ခုမှာ အပိုင်း (၂) ပိုင်း (C:, D:) ဆိုပါတော့ဗျာ . တစ်ခါတစ်လေမှာ အောက်ပါ ပြဿနာများ တက်လာမယ်ဆိုပါစို့ .. ဘယ်လိုဖြေရှင်းမလဲ ?????






  • window တင်တယ်ဗျာ . partition ပိုင်းတဲ့ အဆင့်ကိုမရောက်ပဲ HDD ကို မတွေ့ဘူးလို့ချည်း ပြောနေတယ်ဆိုပါစို့ . (thailand မှာ မြန်မာတွေဆိုရင် ညစ်တာ တစ်ခုရှိတယ် . ဘာလဲဆိုရင် Computer တစ်လုံးကို ကုမ္ပဏီကနေ ၀ယ်လိုက်တယ် ကုမ္ပဏီက service သမားတွေက ညစ်ပတ်တတ်တယ် . ဘယ်လို ညစ်ပတ်တာလဲဆိုရင် HDD တစ်လုံးကို ဘယ်နှစ်လ ကြာရင် window ပြုတ်ကျမယ် . အတော်အသင့်နားလည်တဲ့ သူဆိုရင် window ပြန်တင်မယ် . အဲ့လိုအချိန်မျိုးမှာ . window တင်လို့မရအောင် program တစ်ခုခုနဲ့ ပိတ်ထားလို့ရပါတယ် . window တင်တိုင်း partition ပိုင်းတဲ့အဆင့်အထိကို မရောက်အောင်ပေါ့ . partition အဆင့်ရောက်တိုင်း error ပဲ ပြပြီး အပြာရောင် screen ပဲပြနေမယ် ) (Computer တစ်လုံးဝယ်တိုင်း window တင်ခ 800ဘတ် ပေးရပါတယ် . မပေးလို့မရပါ)

  • နောက်တစ်ခုက HDD တစ်လုံးထဲက window ကို အသုံးပြုနေရင်းနဲ့ virus ရဲ့ တိုက်ခိုက်မှုကြောင့် ၀င်းဒိုး ပြန်တင်ချင်တယ် . ဒါပေမယ့် virus က ၀င်းဒိုးမတင်တဲ့ HDD အပိုင်းတစ်ခုထဲမှာ ၀င်ခိုနေတယ်စိုပါစို့ဗျာ . အဲ့ဒါဘယ်လိုလုပ်မလဲ ... C: ထဲမှာ window တင်ထားတယ် . D: ထဲမှာ Data တွေ သိမ်းထားမယ် . C: ကို window ပြန်တင်ပေမယ့် . D: ထဲမှာ ဗိုင်းရပ်စ် ရှိနေတဲ့အတွက် တစ်ခုခုတော့ ပြဿနာပေးမှာပဲ . အဲ့လိုအချိန်မျိုးမှာ ဘယ်လိုလုပ်သင့်လဲ ???

  • နောက်တစ်ခုက window တစ်ခုကို အသုံးပြုနေတဲ့ အချိန်တုန်းက File တွေ Data တွေကို မေ့ပြီးတော့ desktop မှာ သိမ်းထားမိမယ် . ဒါမှမဟုတ် C: ထဲမှာ သိမ်းထားမိတယ် . တင်ထားတဲ့ window က C: ထဲမှာ သိမ်းထားမိလိုက်တယ် . window ကလဲ လုံးဝဖွင့်လို့မရတော့ဘူး . window ပြန်တင်ရင်လဲ C: ထဲမှာရှိတဲ့ file တွေက ပျက်သွားမယ် . ဒီပြဿနာကို ဖြေရှင်းဖို့ ဘယ်လိုလုပ်မလဲ ...

ကျွန်တော် အကောင်းဆုံး အကြံပေးချင်တာက နံပါတ်(၁) ပြဿနာကိုဖြစ်စေတဲ့ C: အပိုင်းကို Live CD ကို အသုံးပြုရင်း Formatting လုပ်ပစ်လိုက်လို့ရပါတယ် . နံပါတ်(၂) နဲ့ (၃) ပြဿနာကို ဖြေရှင်းဖို့ကတော့ Live CD ကို အသုံးချပြီး ဖိုင်တွေကို Flash drive ထဲကို copy ကူးထည့်ထားလိုက်ပါ ..

Live CD နဲ့ ဘာလုပ်လို့ရလဲ .
(၁) ဖိုင်တွေကို back up လုပ်ယူနိုင်ခြင်း
(၂) C:/ D: (HDD: တစ်ခုလုံး) ထဲမှာရှိတဲ့ virus တွေကို Live CD မှာပါတဲ့ kaspersky 2009 ကို အသုံးပြုပြီး စစ်လို့ရခြင်း . စတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် Live CD က အကောင်းဆုံးပါ .

Live CD က ဘယ်လိုအလုပ်လုပ်သလဲ
Live CD ဟာ window ကို HDD က window ကို run စရာမလိုပဲ ..
CD နဲ့ Ram နှစ်ခု ပူးပေါင်းပြီး Window တစ်ခုကို တည်ဆောက်ထားတာ
ဖြစ်တဲ့အတွက် HDD ထဲမှာရှိတဲ့ Data မှန်သမျှကို အရယူနိုင်ခြင်းဖြစ်ပါတယ် . ကျွန်တော်တို့အတွက် Live CD တစ်ချပ်ဟာ အရမ်းကို အဖိုးတန်တဲ့ နည်းပညာတစ်ခုပါ . ကွန်ပျူတာသမားတိုင်း တစ်ချပ်တော့ မဖြစ်မနေ ဆောင်ထားသင့်တာပါ . ဒီလိုတန်ဖိုးရှိတဲ့ အသိပညာတစ်ခုကို ကျွန်တော်လက် ဆင့်ကမ်းလိုက်ပါတယ် . အလုပ်မအားတဲ့ကြားထဲကနေ တင်တာဖြစ်တဲ့အတွက် တစ်ချို့ ပို့စ်လေးတွေ ဖြေပေးတာ နောက်ကျတာကိုတော့ သီးခံခွင့်လွှတ် ပေးစေချင်ပါတယ် . ကျွန်တော် အခု live CD ကို ရှင်းပြတဲ့အထဲက HDD တစ်လုံးကို service လုပ်တဲ့ သူတွေ ဘယ်လိုမျိုး program ကို အသုံးပြုပြီး သူ့သတ်မှတ်ရက်အတွင်း window ပြုတ်ကျသွားအောင် ဘယ်လို လုပ်တယ်ဆိုတဲ့ မေးခွန်းကိုတော့ မမေးကြဖို့ ကြိုတင်တောင်းပန်ထားပါရစေ . ကျွန်တော် အဲ့ဒီ့အဖြေကိုတော့ ဖြေပေးမှာမဟုတ်ပါဘူး . သိချင်ရင် google ကနေပဲ ရှာကြည့်ပါ .

ဘယ်လိုအသုံးပြုမလဲ ???
  • (၁) Live CD ကို CD Room ထဲကို ထည့်ပြီး ကွန်ပျူတာကို restart ပေးလိုက်ပါ .
  • (၂) live CDrun နေပါပြီ .
  • (၃) live CD အလုပ်လုပ်ဖို့အတွက် ခဏတော့ စောင့်ရမှာ ဖြစ်ပါတယ် .

ကျွန်တော် live CD အလုပ်လုပ်ပုံကို movie ရိုက်ပြီး တင်ထားပေးပါတယ် . အဲ့လိုမျိုး မလုပ်ဖူးတော့ အသံတော့ သိပ်မရဲဘူးဖြစ်နေတယ် . ကြိုးစားပြီး နားထောင်လိုက်ပါ . ကျွန်တော့် ကွန်ပျူတာမှာ live CD ထည့်ပြီး အလုပ်လုပ်ပုံကို movie နဲ့ ရှင်းပြထားပါတယ် . အောက်မှာ ယူလိုက်ပါ .. ဆိုက်မှာ ကြည့်ရတာ အဆင်မပြေသူများအတွက် movie file ကိုပါ တင်ပေးလိုက်ပါတယ် .

Download movie
Download ifile.itDownload mediafireDownload multiupload

Download Live CD iso
Downloda mediaifre >> Part (1)Part (2)Part(3)part(4)Part(5)Part(6)
Download multiupload
Download ifile.it

5 comments:

  1. window ပြန်တင်မယ် . အဲ့လိုအချိန်မျိုးမှာ . window တင်လို့မရအောင် program တစ်ခုခုနဲ့ ပိတ်ထားလို့ရပါတယ် . window တင်တိုင်း partition ပိုင်းတဲ့အဆင့်အထိကို မရောက်အောင်ပေါ့ . partition အဆင့်ရောက်တိုင်း error ပဲ ပြပြီး အပြာရောင် screen ပဲပြနေမယ်

    ကျွန်တော့်စက်မှာ အဲဒီလို ဖြစ်နေတယ် အစ်ကို၊ windows တော့ မကျသေးပါဘူး၊ ကျွန်တော် Windows XP အခွေနဲ့ စမ်းပြီး Boot လုပ်ကြည့်တာပါ၊ အဲဒါကို ပြန်ဖြည်တဲ့နည်းရှိလားဟင်၊

    ReplyDelete
  2. thank a lot for your kindness.it is very useful for every computer user.

    ReplyDelete
  3. live cd ရဲ့ အကျိုးကျေးဇူးက တော်တော်ကြီးမားပါတယ်ခင်ဗျာ....

    ReplyDelete
  4. live cd က တော်တော်ကောင်းပါတယ်ခင်ဗျာ...

    ReplyDelete