Tuesday, September 22, 2009

Bluetooth နဲ့ အင်တာနက် ဘယ်လိုချိတ်မလဲ .

ဇေယျာအေး : ... ကျနော်ဟာတော့ မဟုတ်ပါဘူး သူငယ်ချင်းတစ်ယောက်ကို ကူညီလုပ်ပေး မလိုပါ .. ကိုညီနေမင်းရေbluetooth နဲ့အင်တာနက် သွယ်တာ. အကို ရေးထားတာ bluetooth နဲ့သွယ်တာ မဟုတ်လား.. အဲဒီထဲက ဖုန်နံပတ်နေရာ အကွက်မှာ **99***1# အဲတာက ဖုန်းနံပတ်နဲ့၁နဲ့နောက်က ဟာနဲ့မဟုတ်လား .. 99 တွေမပါဘူးမဟုတ်လာ..ကျနော်က တုံးလိုပါ..

နောက်ထပ် ညီလေးတစ်ယောက်လဲ တောင်းဆိုထားပါတယ် . ကျွန်တော် အောက်မှာ ရှင်းပြထားပါတယ် . ဒါက ထိုင်းဖုန်းအတွက်ပါ ..

  • (1) bluetooth နဲ့ ချိတ်နည်း
  • (2) ကွန်ပျူတာမှာ usb ထိုးပြီး Dial up connection အနေဖြင့် Direct ချိတ်ဆက်နည်း .


(1) Bluetooth နဲ့ အင်တာနက် ချိတ်ဆက်နည်း
  • ပထမဦးဆုံး ကိုသုံးမယ့် ကွန်ပျူတာမှာ bluetooth တပ်ထားပါ .
  • Bluetooth အတွက် ကိုသုံးမယ့် bluetooth ရဲ့ Driver ကို တင်ထားဖို့လဲလိုပါတယ် . bluetooth ၀ယ်တိုင်း ပါလာတဲ့ CD ကို ဆိုလိုတာပါ . အဲ့ဒီ့ CD ကို install လုပ်ထားဖို့လဲ လိုပါတယ် .
  • တင်ပြီးသွားပြီဆိုရင်တော့ အောက်က အဆင့်တွေအတိုင်း လုပ်သွားလိုက်ပါ .
  • start menu bar က bluetooth လေးကို နှိပ်ပြီး ဖွင့်လိုက်ပါ . ဘယ်နေရာမှာပဲ bluetooth icon လေးရှိရှိပါ . အဓိကက ဖွင့်လိုက်ဖို့ပါပဲ .
  • Add ကို နှိပ်လိုက်ပါ ..
  • ပြီးတာနဲ့ ကျွန်တော်တို့က bluetooth နဲ့ ကွန်ပျူတာ ချိတ်ဆက်မှုရှိဖို့အတွက် အောက်မှာပြထားသလိုမျိုး code number ရိုက်ထည့်လိုက်ပါ . ဒါက ချိတ်ဆက်မယ့် သင်္ကေတဖြစ်တဲ့အတွက် bluetooth မှာ nyinaymin လို့ ရိုက်ထည့်မယ်ဆိုရင် ဖုန်းမှာလဲ nyinaymin လို့ရိုက်ထည့်ရမှာပါ . ကျွန်တော်က ဥမာပြောတာပါ . ကျွန်တော်တို့ရိုက်ထည့်ရင်တော့ နံပါတ်ကိုပဲ ရိုက်ထည့်ပါ . သူတို့ဂဏန်းနှစ်ခု တူဖို့ပဲ အရေးကြီးတာပါ . ရိုက်ချင်တာရိုက် . ပြီးပြီဆိုတာနဲ့ ချိတ်ဆက်မိသွားပါလိမ့်မယ် ..



  • ကဲ ပထမအဆင့်ပြီးသွားပြီဆိုရင် ဒုတိယအဆင့်လာမယ် ..
  • ဒုတိယအဆင့်ကတော့ ကျွန်တော်တို့ bluetooth နဲ့ ကွန်ပျူတာ ချိတ်ဆက်မိသွားပြီဆိုရင် ကျွန်တော်တို့အနေနဲ့ Dial up connection အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရတော့မယ် . အဲ့ဒီ့ပြင်ဆင်ဖို့အတွက် ဘယ်လိုလုပ်ရတယ် ဆိုတာကို ဒီမှာ ရေးပေးထားပြီးသားပါ ...


ကိုဇေယျာအေးကိုလဲ ပြောချင်တာက ကျွန်တော်တို့ ချိတ်တဲ့နေရာမှာ ကုမ္ပဏီက ဖုန်းလိုင်းကို အသုံးပြုပြီး အင်တာနက်ချိတ်တာဖြစ်တဲ့အတွက် ကုမ္ပဏီက သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်ကိုတော့ ရိုက်ထည့်ပေးရမှာဖြစ်ပါတယ် . 12 call ဆိုရင်တော့ *99***1# (or) *99***2# (or)*99***3# တစ်ခုခု ရိုက်ထည့်ရပါတယ် . Dtac ဆိုရင်တော့ *777*1# လားမသိဘူး Dtac တော့ မမှတ်မိတော့ဘူး . ကျွန်တော်ကတော့ အင်တာနက်သုံးမယ်ဆို 12call ပဲ သုံးတယ် . *99***1# ဆိုတာက ကျွန်တော်တို့ ဖုန်းရဲ့ နံပါတ်မဟုတ်ပါဘူး . ဖုန်းကို modem အနေနဲ့ အသုံးပြုဖို့အတွက် ကုမ္ပဏီက ပေးထားတဲ့ ကုတ်ပါ . တစ်ကယ်ဖုန်းနံပါတ်ကို ရိုက်ထည့်ရမှာ မဟုတ်ပါဘူး . password ကတော့ မပေးလဲ ကိစ္စမရှိဘူး . အဓိကက *99***1# ရိုက်ထည့်ဖို့ပဲ . အဲ့ဒါလေး သတိထားပေးပါ ..

ဖုန်းမှာ အင်တာနက်သုံးဖို့ နာရီ မ၀ယ်တတ်ရင် ဒီမှာ ရေးပေးထားပါတယ် ..

နောက်တစ်နည်းကတော့ ဖုန်းကို USB port ထိုးထားပြီးကွန်ပျူတာနဲ့ ချိတ်ဆက်ကာ အင်တာနက် ကို Direct သုံးတဲ့နည်းပါ . အဲ့ဒီ့နည်းအတွက်တော့ ကိုသုံးမယ့် ဖုန်းရဲ့ modem ကိုတော့ install လုပ်ထားဖို့လိုပါတယ် . ကျွန်တော့်ရုံးခန်းမှာက အင်တာနက်ကို 24 နာရီရပါတယ် . ဒါပေမယ့် ကျွန်တော့် အခန်းကိုရောက်ရင်တော့ wireless မမိတော့ ဖုန်းနဲ့ ချိတ်ပြီးသုံးရတယ် . Nokia 5300 နဲ့ ချိတ်နေပါတယ် . ဖုန်းချိတ်တာ အကောင်းဆုံးလို့ ကျွန်တော်ထင်တာကတော့ nokia တွေပါ . အကြမ်းခံသလို . လိုင်းအားလဲ အတော်ကောင်းတာကို တွေ့ရပါတယ် . Nokia တွေကို ကြိုးနဲ့ Direct ချိတ်ပြီးသုံးမယ်ဆိုရင်တော့ Nokia pc suite ကို Download လုပ်ပြီး install လုပ်ထားဖို့လိုပါတယ် . ပြီးတာနဲ့ အောက်က ပုံထဲကအတိုင်းလုပ်လိုက်ပါ .

  • (၁) Nokia pc suite ကို ဖွင့်လိုက်ပါ ..
  • (၂) အဲ့မှာဆို ကျွန်တော်တို့ bluetooth နဲ့ ချိတ်မှာလား USB modem အနေနဲ့သုံးမှာလားဆိုတာ မေးပါလိမ့်မယ်
  • (၃) bluetooth ကနော့ ကြိုးမဲ့ (ကြိုးမလို) ၊ USB modem ကတော့ ကြိုးထိုးပြီးသုံးတာ (ကြိုးလို)
  • (၄) ကိုသုံးချင်တာကိုရွေးပြီး Next ကို နှိပ်လိုက်ပါ .
  • (၅) အခုဆိုရင် ကွန်ပျူတာနဲ့ ဖုန်းနဲ့ ချိတ်ဆက်မိနေပါပြီ . နောက်တစ်နည်းပဲကျန်ပါတော့တယ် . အဲ့ဒါကတော့
  • (၆) ချိတ်ဆက်ပြီးသုံးဖို့ ပြင်ဆင်ရတော့မှာပါ . ဒီက နည်းအတိုင်း ဆက်လုပ်လိုက်ပါ ..



2 comments:

  1. အကိုရေ အဲဒါ ဘယ်လောက်အကွာအဝေးထိ မိလဲမသိဘူးနော်။

    ReplyDelete
  2. အစ်ကို ကျွန်တော့ ဟန်းဆက်က NTC G-20 ဆိုတဲ့ တရုတ်ဟန်းဆက်ပါ။အဲဒါကို ကွန်ပြူတာနဲ့ချိတ်ဆက်ပြီး အင်တာနက်သုံးလို့ရအောင် ဘယ်လိုလုပ်ရမလဲအစ်ကို။နည်းလမ်းလေးပေးပါဦး။

    ReplyDelete