Sunday, September 6, 2009

တိုတိုထွာထွာ အဖြေများ

Mg. Chit Soe: How to open APYTZ Dj by manual start. I mean I want to listen the song by manual.

ကိုမောင်ချစ်စိုးရေ ကျွန်တော်တို့အနေနဲ့ apytz.net ရဲ့ radio ကို manual အနေနဲ့ ဖွင့်လို့မရပါဘူး .. အဲ့ဒါ online radio ပါ သူတို့ လွှင့်သမျှကိုပဲ ကျွန်တော်တို့က နားထောင်လို့ရမှာပါ . ဒါရိုက်လွှင့်ပေးတာဖြစ်လို့ အစ်ကိုပြောသလို manual ဖွင့်လို့မရနိုင်ပါဘူး . ကျွန်တော်တို့ bbc, boa တို့လို online radio တစ်ခုပါပဲ ..

အာကာ: CAT CDMA ပါ ဘတ်၇၉၀၀ တောင်ပေးရတယ်အကိုရမကောင်းဘူးဖြစ်နေတယ်
ပြောပြပေးပါဦးဘာကြောင့်လဲဆိုတာဝယ်ထားတာက 3mbsကိုဝယ်ထားတာပါ ... လိုင်းကဒေါင်းလုလုပ်တာတောင်အရမ်းကြာနေတယ် ...

အကြံပေးချင်တာက CDMA တိုင်ထောင်ပြီးမှ သုံးပါ . သူ့မှာပါတဲ့ လက်ညိုးလောက် တိုင်လေးနဲ့ ဖြစ်ညှစ်ပြီး မသုံးပါနဲ့ speed က ပိုနှေးသွားမှာပါ . ဖုန်းတိုင် တစ်တိုင်ကို 1500 လောက်ရှိပါတယ် . ကျွန်တော်တို့ TV တိုင်လိုပါပဲ . အဲ့ဒီ့တိုင်ကနေ ကြိုးတစ်ချောင်းရလာပါလိမ့်မယ် . အဲ့ဒီ့ကြိုးရှိတဲ့ တိုင်ကိုထောင်တဲ့အခါမှာလဲ ခပ်နိမ့်နိမ့်လေးထောင်ရင် လိုင်းအားသိပ်မကောင်း ပါဘူး . မြင့်နိုင်သမျှမြင့်လိုက်ပါ . တိုင်ထောင်နေတုန်း cdma မှာ လိုင်းအားကိုကြည့်ပါ . ဘယ်နှစ်တုံးအထိ မိနေလဲလို့ပါ . အနည်းဆုံး 4 တုံးနှင့် အထက် မိမှသာ Download speed ကောင်းမှာပါ . မဟုတ်ရင် Download လုပ်တာ ရပ်ရပ်နေတတ်ပါတယ် .


ကိုမင်းထက်: အကိုရေ pdf creator လေးရဲ့ ကီးလေးရှိရင်တင်ပေးပါလား
ကိုမင်းထက်ရေ ဒီမှာ ကျွန်တော်ပေးထားပြီးသားပါ . အဲ့ကောင်လေးလဲကောင်းပါတယ် . pdf နဲ့ ပတ်သက်လို့ နဲနဲရှာကြည့်လိုက်ပါ . ကျွန်တော် တင်ပေးထားပါတယ် . word ကို pdf ပြောင်းတဲ့ program က အစ တင်ပေးထားပါတယ် ..

ဝါကြီး: ကိုညီ..blogspot ရဲ့posting page မှာ ဓါတ်ပုံတွေ ,ဗွီဒီယို တွေ ထည့်တဲ့ menu line ပျောက်နေလို့.ကူညီပါဦ
menu tab လုပ်ပုံလုပ်နည်းကို သေချာနားလည်အောင် သွားဖတ်ပြီးတော့ ပြန်လုပ်လိုက်ပါ . လွယ်ပါတယ် . ဒီကို သွားလိုက်ပါ ..

No comments:

Post a Comment