Monday, September 21, 2009

ဆုံးဖြတ်ပေးကြစေလိုပါတယ်

Portable စပေးဖြစ်တဲ့အကြောင်းကတော့ အင်တာနက်ဆိုင်တွေမှာ တစ်ချို့ program တွေကို တင်ခွင့်ပိတ်ထား လို့ပါ . အဲ့ဒီ့အတွက် အသုံးပြုတဲ့သူတွေ အနေနဲ့က အတော်လေး ကသိကအောင့်နိုင်လို့ portable တွေ တင်ပေးနေတာပါ . အဲ့ဒီ့လို အသုံးပြုတဲ့အတွက် အင်တာနက်ဆိုင်မှာ သွားပြီး သုံးစွဲတဲ့ ညီအစ်ကိုများအတွက် အတော် အဆင်ပြေတာကို တွေ့ရပါတယ် . အဲ နောက်တစ်ခု ထပ်ဖြစ်တာက အင်တာနက်ဆိုင်မှာ လုပ်တဲ့ ညီအစ်ကိုများက လာပြီး အကူအညီထပ်တောင်းတယ် . ဘာလဲဆိုရင် ကျွန်တော့်တို့ဆိုင်မှာ portable နဲ့ flash drive တွေ ထိုးထိုးပြီး သုံးနေကြတယ်တဲ့ . အဲ့ဒါ portable တွေ သုံးလို့မရအောင် ပိတ်လို့ရတဲ့ နည်းရှိရင် ပြောပြပါလားတဲ့ . ပြောပြပြန်ရင်လဲ သုံးစွဲသူတွေအနေနဲ့ အခက်အခဲထပ်ဖြစ်ရဦးမယ် . ပြီးတော့ အဲ့လို ပိတ်တဲ့အတွက်လဲ အဆိုပါအင်တာနက်ကို နာရီနဲ့ ဆိုင်မှာ သုံးစွဲတဲ့ ညီအစ်ကိုတွေက အစ်ကိုရေ ကျွန်တော်တို့ကို portable သုံးစွဲလို့မရအောင်လို့ ပိတ်ထားတယ် . အဲ့ဒါဘယ်လိုကျော်ရဦးမလဲလို့ မေးကြမှာပါပဲ . အဲ့ဒီ့တော့ ကျွန်တော့်အနေနဲ့က ဘယ်လိုလုပ်ပေးရမှန်းကို မသိတော့ပါဘူး .. ဟိုပုံပြင်ထဲကလို ဖြစ်နေပြီဗျာ ..

ဟိုးအရင်တုန်းက နှစ်နိုင်ငံ စစ်ဖြစ်တယ်တဲ့ .. ဒီဖက်က ဘုရင်က သစ္စာပြုလိုက်တယ် . ကျွန်တော်မျိုးသည် မိဘများအား မိမိအသက်ထက် ချစ်မြတ်နိုးပါတယ် . ဒီမှန်ကန်တဲ့ သစ္စာကြောင့် ယခုတိုက်သော တိုက်ပွဲ အောင်မြင်ရပါလို၏။တဲ့ . အဲ့တော့ သစ္စာတစ်ရာက မှန်နေတော့ သူက စစ်နိုင်ကိုနိုင်မှာလေ . ဘုရားက သူတောင်းတဲ့ဆိုကို ပြည့်စေလို့ ပေးလိုက်တယ်တဲ့ .. နောက်တစ်နိုင်ငံကလဲ အဲ့လိုပဲ ဆုတောင်းတယ် . ကျွန်တော်သည် ၅ ပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံရုံသာမက မိဘနှစ်ပါးအားလဲ ယခုအချိန်အထိ ဦးထိပ်တွင် ထားရှိပါသည် . တစ်သက်လုံး စိတ်ဆင်းရဲမှု မြှူမှုံမျှလောက်ကို မပေးခဲ့ပါ . ဒီမှန်ကန်တဲ့ သစ္စာစကားကြောင့် ယခုတိုက်သော စစ်ပွဲအောင်မြင်ရပါလို၏။တဲ့ . အဲ့ဒီ့မှာ ဇာတ်လမ်းက စတော့တာပဲ . သူဆိုတဲ့ သစ္စာစကားကလဲ မှန်တယ်လေ . နောက်ဆုံးတော့ ဘုရားက သူတောင်းတဲ့ သစ္စာတရားကို ဘယ်လိုလုပ်လိုက်တယ်လို့ သူငယ်ချင်းလို့ထင်လဲ . နှစ်ယောက်စလုံးက မှန်ကန်တဲ့ သစ္စာကို ဆိုကြတာပါ . ဒါပေသိ စစ်ပွဲမှာ အနိုင်အရှုံးဆိုတာ တစ်ခုမဟုတ်ရင် တစ်ခု ရမှာပဲ . နိုင်ရင်နိုင် မနိုင်ရင် ရှုံးပဲ . အခုလဲ အဲ့လိုဖြစ်နေပြီ .

အဲ့တော့ ဒီလိုလုပ်ဗျာ အင်တာနက်ဆိုင်ဖွင့်တဲ့ သူများကလဲ portable ကို သုံးစွဲတာကို ဘယ်လိုပိတ်ရမလဲဆိုတာကို မမေးတဲ့အပြင် portable သုံးစွဲခွင့်လောက်တော့ သုံးစွဲသူတွေကို ခွင့်ပေးလိုက်ပါ . ကျွန်တော်ကတော့ အဲ့ဒီ့ portable သုံးစွဲတာကို ဘယ်လိုပိတ်ရမလဲဆိုတဲ့ မေးခွန်းကို ပြန်မဖြေပေးတဲ့ အတွက် နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . ကျွန်တော့်ဆိုက်ကို လာကြည့်တဲ့ သူထဲက 90% လောက်ဟာ အင်တာနက်ဆိုင်တွေမှာ လာပြီးသုံးတဲ့သူက များတဲ့အတွက် အဆိုပါ မေးခွန်းကိုတော့ဖြင့် ကျွန်တော် မဖြေပေးတော့ပါ . အရမ်းသိချင်နေရင်တော့ google ကနေ ပဲ ရှာပြီး ကိုယ့်ဟာကို လေ့လာလိုက်ပါ .

ကျွန်တော့်ကို commant ရေးပေးခဲ့ကြပါဦး . portable သုံးစွဲခွင့်ကို ပိတ်ချင်တဲ့သူနဲ့ ပိတ်ချင်တဲ့သူတွေ တစ်ခုခု ရေးပေးခဲ့စေချင်ပါတယ် . အဲ့ဒါမှ ကျွန်တော် ရေးသင့် မရေးသင့် ဆုံးဖြတ်လို့ရမှာပါ ..

စေတနာများစွာဖြင့်
ညီနေမင်း

11 comments:

  1. ကျွန်တော်အနေနဲ့တော့ တင်ပေးသင့်တယ်လို့ထင်တာပဲဗျာ
    ပညာဆိုတာ သူ့နေ၇ာနဲ့တူအသုံးဝင်တာပဲမဟုတ်လားဗျာ
    သုံးတဲ့သူအပေါ်မှာမူတည်တာမဟုတ်လားဗျာ ပညာကဆိုးတာမှမဟုတ်တာ ကိုညီနေမင်းအနေနဲ့ ပညာတွေဖြန့်ပေးနေတယ်ဆိုတာ မကောင်းအောင်လုပ်တာမှမဟုတ်တာ ဒါလဲဒါနမလုပ်လားဘက်လိုက်တယ်ဘက်မလိုက်ဘူးဆုံးဖြတ်စ၇ာမှမလိုတာဗျာ ဒိသာပါမောက္ခတွေဟာကိုယ်ဆီလာတဲ့ပညာသင်တွေကို ၇န်သူမင်းအချင်းချင်းဆိုပြီးညင်းလွှတ်တာမရှိသလို ဆ၇ာဝန်တွေဆို၇င်လဲ ကိုယ်ဆီလာတဲ့လူနာကိုကုပေးတာပဲလေဗျာ ကိုညီနေမင်းအနေနဲ့ ဆက်လက်ဖြေကြားသင့်တယ်ထင်တာပဲ
    ဗျာ

    ReplyDelete
  2. protable ကို ပိတ်တဲ့နည်း မပြောပြစေလိုပါ ကိုညီရေ။

    ReplyDelete
  3. မပြောတာကောင်းမယ်ထင်ပါတယ်ခင်ဗျာ..
    မြန်မာနိုင်ငံကသူများနိုင်ငံနဲ့မတူပါဘူး....
    ကိုယ်ပိုင်အင်တာနက်...ကိုယ်ပိုင်ကွန်ပျူတာဆိုတာ..
    ကိုညီနေမင်းပြောသလိုပါပဲ10%လောက်သာ
    ရှိကြတာပါဆိုင်မှာသုံးတဲ့သူတွေ90%များပါတယ်..
    ကိုယ်ပိုင်ကွန်ပျူတာသုံးနိုင်မှတော့..
    ဘာ portable မှဘယ်သူမှသုံးမနေတော့ပါဘူး...
    ဆိုလိုတာကတော့..ကိုယ်ပိုင်ကွန်ပျူတာ
    မတတ်နိုင်တဲ့မြန်မာကပညာရှာနေတဲ့လူငယ် တွေကွန်ပျူတာပညာလိုက်စားနေတဲ့လူငယ်တွေ.
    ဆိုင်မှာမှမစမ်းသပ်ရင်ဘယ်မှာသွားစမ်းမလဲဗျာ..
    အဲလိုမှမလုပ်ရရင်ကြာရင်သူတို့ပညာတွေဟာ
    တဖြည်းဖြည်းလုံးပါးပါးသွားဖို့ပဲရှိတော့မှာပေါ့...
    အခမဲ့သုံးတာမှမဟုတ်တာဗျာ..ကိုယ်ပိုင်တာရှိနေရင်
    ဘယ်သူမှဆိုင်လာသုံးမှာမဟုတ်ဘူး..
    နားလည်ပေးစေလိုပါတယ်...လူငယ်တွေရဲ့
    တိုးတက်မှုလမ်းကြောင်းကိုပိတ်သလိုဖြစ်နေမှာစိုးလို့
    ကျွန်တော်အမြင်ပြောရရင်..(လုံးဝ)ကိုမပြောစေလိုပါ
    သိချင်တယ်ဆိုရင်ကိုညီနေမင်းပြောသလို..Google ကသာရှာဖတ်ကြပါလို့.....။

    ReplyDelete
  4. ညီနေ
    လူဆိုတာ စိတ်ကောင်းထားတတ်ဖို့ လိုပါတယ်။ အလှူတွေထဲမှာ ပညာအလှူက ပိုမြင်မြတ်ပါတယ်။
    ဒီတော့ အပိတ်ရှိရင် အဖွင့်ရှိစမြဲမို့ နှစ်မျိုးလုံးကို တင်ပြသင့်ပါတယ်။

    ReplyDelete
  5. ကျွန်တော့ အနေနဲ့ ကတော့ အင်တာနက်ဆိုင်တွေမှာ ဟိုဟာပိတ် ဒီဟာပိတ်တွေမလုပ်သင့်ဘူးလို့ထင်ပါတယ်
    website တွေက MPT ကပိတ်.. နည်းပညာပိုင်းတွေက သုံးတဲ့ဆိုင်က ပိတ်ဆိုရင်...
    အင်တာနက်ဆိုင်ကို လာသုံးတဲ့လူတစ်ယောက်ရဲ့ ပညာကတော်တော်လေး တိုးတက်မယ့်လမ်းကတော့မမြင်မီတော့ပါဘူးဗျာ...အစ်ကို့အနေနဲ့ portable ပိတ်နည်းကို တင်တော့တင်သင့်ပါတယ် ဘာပဲဖြစ်ဖြစ် ပညာရတာပေါ့...

    ReplyDelete
  6. ဟုတ်ပါတယ် ဖွင့်သုံးခွင့်ပေးသင့်တယ် လို့ထင်ပါရဲ့ ဒါပေမယ့်လည်း အင်တာနက်ဆိုင်ဖွင့်သူများအနေနဲ့ ဗိုင်းရပ်စ်ပါလာမှာကို စိုးရိမ်တတ်ကြတော့လည်း........
    ဘယ်လိုဖြစ်ဖြစ် သုံးတဲ့ဘက်က ထောက်ခံလိုက်ပါတယ် ဒါပေမယ့် နည်းတော့ သိသင့်တယ်လို့ထင်ပါတယ် ဒါမှ ပိတ်ထားရင် ဖွင့်ရမှာကိုသိမှာပေါ့ ဒီတိုင်း ထင်တာရေးပေးတာပါနော်

    ReplyDelete
  7. မှန်နေတာတွေပါလား ပြောသူတွေလဲ မှန် ပို့စ်ရေးထားတာလဲ အကုန်မှန်ဗျ။ကျနော် ပုဂ္ဂလိက စိတ်နဲ့ဆိုရင် မပေးနဲ့ဗျာ။စေတနာ မှန်တယ် ထားဦး ..အများ အကျိုးရှိမယ့်ဘက်ကို ဦးစားပေးသင့်တယ် ထင်ပါတယ်။

    ReplyDelete
  8. Anonymous said...

    ဟုတ်ပါတယ် ဖွင့်သုံးခွင့်ပေးသင့်တယ် လို့ထင်ပါရဲ့ ဒါပေမယ့်လည်း အင်တာနက်ဆိုင်ဖွင့်သူများအနေနဲ့ ဗိုင်းရပ်စ်ပါလာမှာကို စိုးရိမ်တတ်ကြတော့လည်း........


    အင်တာနက်ဆိုင်ဖွင့်ထားမှာတော့ဗိုင်းရပ်ကြောက်နေ
    သေးလားဗျာ...ကြောက်ရင်...deep freeze သုံးပေါ့ဗျာ့
    အကိုညီနေမင်း...ပြောခဲ့သလိုပဲ..သိချင်ရင် Google မှာ
    ရှာဖတ်ပါစေဗျာ...ပညာဆိုတာကတော့ပေးကောင်း
    ပါတယ်ဒါပေမဲ့..အဆိုးအကောင်းခွဲခြားနိုင်
    ရင်ပိုကောင်းမယ်ထင်ပါတယ်ဗျာ...
    အဲလိုပဲ..နှစ်ခုလုံးပေးလိုက်ပြန်ရင်လဲ..ဆိုင်ရှင်ကပိတ်
    လိုက်..သုံးတဲ့သူကဖွင့်လိုက်နဲ့..အလုပ်တောင်ပိုလာဦး
    မယ်လို့ကျွန်တော်မြင်တယ်...အင်တာနက်ပညာဟာ
    လေ့လာလိုက်စားလို့မကုန်ပါဘူး...ဗိုင်းရပ်ထုတ်တဲ့
    သူရှိရင်...ဗိုင်းရပ်သတ်တဲ့သူလဲရှိလာမှာပဲ...
    နှစ်ခုလုံးမတင်ပေးတာကောင်းပါတယ်....
    သိချင်ရင်တော့..ရှာဖတ်သင့်တယ်။

    ReplyDelete
  9. ကောင်းမြတ်သူSeptember 23, 2009 at 2:17 AM

    ကဲပါဗျာ.............

    ကျွန်တော်ကိုက အပျင်းထူတာ...ပါ..ကျွန်တော့အမှားပါ.
    ဆရာကို တောင်းဆိုလိုက်တာ ရွာကိုပျက်ကရော..
    ကျွန်တော် လည်း အစ်ကိုပြောတဲ့ Google အားကိုးနဲ့ အဆင်ပြေနေပါပြီ..
    ဒါပေမယ့် ပညာဆိုတာ ပြောပြသင့်ပါတယ်အစ်ကိုရ..
    ပိတ်ထားတာ သိမှ ဖွင့်လို့ရမှာပေါ့.
    ကျွန်တော်ကတော့အဲလိုခံယူတယ်ဗျ..တစ်ခုသင်ပေးလိုက်ရင်နောက်တစ်ခုပါတတ်တာပေါ့
    ကျွန်တော့် အမြင်ကတော့ ဖြေကြားသင့်ပါတယ်.ခင်ဗျ

    ReplyDelete
  10. ဟုတ်ကဲ့ဗျာ မဆီမဆိုင် ဝင်ပြီးပြောလိုက်ဦးမယ် လောလောဆယ်တော့ ကျွန်တော်က ကိုယ်ပိုင်သုံးနေတဲ့သူပေါ့ :-) မြန်မာမှာဆိုရင်တော့ ကျွန်တော်လည်း နက်ဆိုင်ပဲပြေးရမှာ :P အခုကိုယ်ပိုင်ကွန်ပျူတာတောင် ကျွန်တော်က portable လေးတွေပဲသုံးတယ် ။ သုံးရတဲ့သူအတွက် အဆင်ပြေသလို စက်မှာလည်း ဝန်မများဘူးလေ ။ အဲ့ဒါကိုမှ အင်တာနက်ဆိုင်က ပိတ်နေဦးမယ်ဆိုရင်တော့ ဖွင့်မနေပါနဲ့တော့ဗျာ ။ ကိုယ်ပိုက်ဆံရဖို့တစ်ခုထဲ ကြည့်မယ်ဆိုရင်တော့ အနာဂတ်မှ တိုးတက်ဖို့ဆိုတာ ဝေလာဝေးပဲ :(

    ReplyDelete
  11. ကျွန်တော်ကတော့မပြေညပြစေလိုပါ။ဒီ portable သုံးလို့ဆိုင်ရှင်တွေမှာပြောပလောက်အောင်မထိခိုက်သွားပေမဲ့သုံးစွဲသူတွေအတွက်တော့တော်တော်အဆင်ပြေပါတယ်
    သုံးစွဲသူတွေအနေနဲ့ဒီလောက်တော့အခွင့်အရေးရသင့်တယ်လို့ထင်ပါတယ်။

    ReplyDelete