အတိတ်ဆိုတာ တစ်ကယ်တမ်းပြောရရင် သေဆုံးမသွားတဲ့ ၀ိညာဉ်လိုပါပဲ။ အမြဲတမ်းလျှောက်လှန့်နေသလို၊ အမြဲတမ်းလမ်းဆန်းနေတဲ့ ပန်းတစ်ပွင့်လိုပါပဲ. ဒါ့ကြောင့်လူတိုင်းမှာ အတိတ်ဆိုတာရှိကြစမြဲပါပဲ...................
ငယ်ငယ်တုန်းကတည်းက ကျောင်းသားဘ၀ဆိုတာကို အရမ်းခုံမင်ခဲ့တဲ့သူတစ်ယောက်မို့ ကျောင်းသားဘ၀အကြောင်း၊ စာသင်သားဘ၀စသည့် ၀တ္တုတိုလေးလေးတွေကအစ ဖတ်မိပြီဆိုရင် မျက်ရည်ဝိုင်းခဲ့မိတာချည်း ပါပဲ. ဒါပေမယ့် ဖြေသိပ်ကြည့်ပါတယ်။ အလကားပါပဲ။ ဘာဖြစ်လို့လဲဆိုရင် လွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အထက်တန်းကျောင်းသားဘ၀ဆိုတာလေးကို ပြန်ပြီးတမ်းတနေလည်း ရနိုင်တော့မယ့် အရာမဟုတ်ပါဘူး ....
ငယ်ငယ်တုန်းကတည်းက ကျောင်းသားဘ၀ဆိုတာကို အရမ်းခုံမင်ခဲ့တဲ့သူတစ်ယောက်မို့ ကျောင်းသားဘ၀အကြောင်း၊ စာသင်သားဘ၀စသည့် ၀တ္တုတိုလေးလေးတွေကအစ ဖတ်မိပြီဆိုရင် မျက်ရည်ဝိုင်းခဲ့မိတာချည်း ပါပဲ. ဒါပေမယ့် ဖြေသိပ်ကြည့်ပါတယ်။ အလကားပါပဲ။ ဘာဖြစ်လို့လဲဆိုရင် လွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အထက်တန်းကျောင်းသားဘ၀ဆိုတာလေးကို ပြန်ပြီးတမ်းတနေလည်း ရနိုင်တော့မယ့် အရာမဟုတ်ပါဘူး ....
ဖြစ်ပြီးခဲ့တဲ့ အရာအားလုံးဟာ အတိတ်သမိုင်းလေးအဖြစ်(ပါးစပ်ရာဇ၀င်လေးတစ်ခု) ကျန်နေခဲ့မှာပါ .. တစ်ခါ တစ်လေတော့လဲ ပြန်စဉ်းစားမိတိုင်း တမြေ့မြေ့နဲ့ ခံစားနေရဆဲပါပဲ ... အပြစ်ကင်းစင်တဲ့ ကျောင်းသားဘ၀ဆိုတဲ့ ဂုဏ်ပုဒ်လေးကကို အရမ်းချစ်စရာကောင်းပါတယ်။ ကျွန်တော်က သူငယ်ချင်းဆိုတာကို အရမ်းခုံမင်တယ်။ အနစ်နာလဲခံတယ်.. ချစ်လဲချစ်တယ် .. သူငယ်ချင်းအတွက်ဆိုရင် ဘာပဲလုပ်ပေးရလုပ်ပေးရဆိုသလိုမျိုးပေါ့။ မေမေက ''သားရယ် . မင်းဒီလောက် သူငယ်ချင်းတွေကို ချစ်နေတယ်ဆိုရင် သားသူငယ်ချင်းတွေနဲ့ တစ်ပတ် လောက်နေကြည့်ပါလား" နောက်လိုက်တဲ့ မေမေ့စကားတစ်ခွန်းကြောင့် သူငယ်ချင်းတွေနဲ့ ငှားထားတဲ့ တစ်ထပ် တိုက်ပုလေးမှာ တစ်ပတ်လောက်သွားနေလိုက်တုန်းကလဲ ပျော်ခဲ့မိပါသေးတယ် .. အဲ့ဒီ့အချိန်တုန်းက မိဘရဲ့ အေးမြခြင်းဆိုတာထက် သူငယ်ချင်းများနဲ့ ပျော်ရွှင်ခြင်းဆိုတဲ့အရသာက ပိုကဲနေဦးမယ်ထင်ပါတယ် .. သူငယ်ချင်းတွေနဲ့ အတူတူအိပ်၊ အတူတူစား၊ အတူတူသွားတာကအစ ဘယ်အရာ မဆို သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်ခဲ့မိတယ် ... စာကျက်ရင်လဲ တစ်နေရာထဲ အတူတူကျက်ကြတာကအစ လွမ်းဆွတ်မှုသင်ခန်းစာထဲမှာပါသွားပါတယ် ... န၀မတန်း ပထမအစမ်းစာမေးပွဲနီးတုန်းက အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်အနက် အောင်နေစိုး (နယ်ထိန်း-ကပတ)ကို နိုးတာလုံးဝကိုမရတာပါ .. ဒီကောင်က အရမ်းကို အအိပ်ကြီးတာလေ .. အဲ့ဒါနဲ့ နောက်ထပ် သူငယ်ချင်းဖြစ်သူ ငြိမ်းချမ်းဇော်(ဗကငြိမ်းချမ်းဇော်)နဲ့ အတူတူ သတင်းစာ စက္ကူကို လိပ်၊ ခြေမကြားထဲကို ညှပ်၊ ပြီးတော့မီးရှို့လိုက်တာ ဘသားချော ဘယ်ခံ နိုင်မလဲလေ ... အော်လိုက်တာများဘေးတိုက်ခန်းတွေကကို အပြင်ထွက်လာကြတယ် ... "ဘာဖြစ်တာလဲ သားတို့တဲ့" "မဖြစ်ပါဘူး အန်တီ"လို့ ပြောလိုက်တဲ့ ရှုံ့မဲ့နေတဲ့ဒီကောင့် မျက်နှာကို အခုအချိန်အထိ မျက်ရည်များရဲ့ကြားထဲကနေ ပြုံးပြီး မြင်ယောင်နေဆဲပါပဲ ....
ဖတ်ရှု့ခံစားပေးသည့် သူငယ်ချင်းများကို ကျေးဇူးအထူးတင်ပါတယ် . ဖြစ်နိုင်လျှင် ဆက်ရေးချင်ပါသေးတယ် ..
သူငယ်ချင်းတွေလွမ်းတာလဲလွမ်းပေါ့ .. tag ထားတဲ့ ဖြစ်သလိုစားတဲ့အကြောင်းလေးများလည်း ရေးပေးပါဦး ကိုနေမင်းရေ့ ..
ReplyDelete