Thursday, October 30, 2008

မိန်းကလေးများ၏အချစ်ဇယား

ဒီတစ်ယောက်ကအချစ်ဦးမို့
တစ်သက်မမေ့နိုင်ဖြစ်ရသည်။
ဒုတိယတစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်။
ဟောဒီ့တစ်ယောက်က အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်။
ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့

သူ့နှုတ်ခမ်းလေးကို စွဲလမ်းသည်။
အဲ့ဒီ့တစ်ယောက်က တိုင်းရင်းသားလေးမို့
အသံဝဲလေးကို ချစ်မိပြီ။
စေ့စပ်ထားတဲ့ ကောင်လေးက
ခပ်မိုက်မိုက်မို့ လက်မလွှတ်ချင်အောင်ဖြစ်ပါသည်။
အထက်ပါခြောက်ယောက်ရက်တွေပြည့်လို့
တနင်္ဂနွေပိုသေးသည်။
စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါ
တနင်္ဂနွေအားသူဖြစ်ရမည်။

1 comment:

  1. ကောင်းလိုက်တဲ့ ကဗျာလေးပဲ အကိုရာ ကျနော့် ကောင်မလေးကို ပို့ပေးလိုက်တာ စိတ်တွေဆိုးလို့ မနည်းပြန်ချော့ရတယ် ဟာဟ....

    ReplyDelete