Wednesday, October 29, 2008

အုံပုံးအချစ်

လှမ်းဆွတ်ချင်လည်း
မနမ်းဝံ့ပါ ...
ရင်ထဲက အတွေး
စိတ်ကူးနဲ့ပဲ မွှေးပါရစေ .....

ကြင်နာချင်ပေမယ့်
ဝင်္ကပါလို ဖြစ်မှာစိုး၊
ရင်ခွင်စိတ်ကူး
အိပ်မက်နဲ့ ရူးပါရစေ ....
တွေ့ချင်ပေမယ့်
မေ့ရင် ပိုကောင်းမလားမသိ
သံယောဇဉ်ကြိုး
ပြတ်မှာလဲ စိုးတယ် .....
ဖွင့်ပြောချင်ပေမယ့်
သခင့်သဘောကို မသိ၊
တိတ်တဆိတ်ကလေး
သူမမြင်အောင် ငေးမိ။
အချစ်ကို ရင်မှာပွေ့
သခင်မတွေ့အောင် လျှို့ဝှက်
ဒို့အတွက် .....
သတ္တိမရှိသူဖြစ်နေလား ......
ကံကြမ္မာကို မယုံရဲ
ငိုပွဲတွေ မကြုံစေချင်
လိုနေရင် ဖြည့်ပေး
ပိုနေရင် ထွက်ပြေး
ဆက်စပ်လို့တွေးကြည့်ရင်
ဒီပန်းကလေးတစ်သက်လုံး
ညိုးမှာကို စိုးလို့ပါကွယ် ...................

No comments:

Post a Comment