Friday, December 12, 2008

ကျွန်တော့်မွေးနေ့ပွဲ

မနက်ဖြန် (13.12.2008) ဟာ ကျွန်တော့်မွေးနေ့ပွဲဖြစ်ပါတယ် . ကျွန်တော့်ကို ချစ်ခင်ကြတဲ့ သူငယ်ချင်းများအားလုံး ဒီပို့စ်လေးအောက်မှာပဲ မွေးနေ့ပွဲ ဆုတောင်းများ ရေးပေးစေ လိုပါတယ် . ဒီကျွန်တော့်အတွက် အမှတ်တရ ဖြစ်သွားတာပေါ့တစ်ကယ်တော့ မွေးနေ့ဆိုတာ ကိုသေမယ့်ရက်ကို တစ်နှစ်ပိုနီးလာပြီဆိုတာ အသိပေးခြင်းသက်သက်ပါ ... ကျွန်တော်လည်း တစ်ရက်တစ်ရက် အလုပ်တွေများ၊ ဦးနှောက်တွေစားနေတာနဲ့ မွေးနေ့ပွဲဆိုတာကို တစ်ခါတစ်ခါ မေ့နေတတ်တယ်ဗျာ ..ကျွန်တော်ရဲ့ မွေးဖွားခြင်းမှသည် သေဆုံးခြင်းသို့တိုင် လျှောက်လှမ်းနေဆဲကာလသည် တစ်ဖြည်းဖြည်းနဲ့ တိုသွားပါပြီဗျာ ... ကျွန်တော့် မိဘနှစ်ပါးစလုံးကို ဒီနေရာမှ ဒီပို့စ်လေးနဲ့ပဲ လက်အုပ်ချီပြီး ကန်တော့လိုက်ပါတယ် .. သားဒီစာလေးကိုရေးနေတာ မျက်ရည်တွေနဲ့ပါ အမေ .. သူများတိုင်းပြည်ကို အလုပ်သွားလုပ်ကြခြင်းဟာ ဘယ်လောက်ပဲ ပြီးပြည့်စုံမှုတွေပေးပေး အေးမြတဲ့မိဘအရိပ်အာဝါသကိုတော့ ဘယ်လိုမှမရနိုင်ပါဘူး ....

သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ .....

8 comments:

  1. မွေးနေ့ မင်္ဂလာပါ ညီနေမင်းရေ့ အသက်ဘယ်လောက်မှန်းလည်းမသိတော့ ခင်၂မင်၂ပဲ ခေါ်လိုက်တော့တယ် ။ မွေးနေ့မှာပျော်ပါစေ အစ်ကို အနားမှာ မိသားစုမရှိပဲ ရှင်သန်းရတဲ့ ဘ၀ကို ကိုယ်ချင်းစာပါတယ် ။ နောက်နှစ် ဒီထက့်ပျော်ပါစေလို့ ဆုတောင်းပါ တယ် ။
    Happy Birthday NyiNayMin

    (ထိုင်းက ဘလော့ဂါပဲဆိုတာသိထားတော့ မိတ်ဆွေ ဖြစ်ချင်ပါတယ် ကျနော့် ဖုန်းနံပါတ်က 083-6316643 ပါ )

    ReplyDelete
  2. ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးပါပဲကိုနေ အသက်က ၂၃ နှစ်ပြည့်လား ၂၄ နှစ်ပြည့်လားကိုနေ.......... ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးမှာ ချစ်သောမိဘ ညီအကိုမောင်နှစ်မတွေနဲ့အတူတူနေနိုင်ပါစေဗျာကိုနေ
    ချစ်သောချစ်သူလေးနဲ့လည်းအတူတူနေနိုင်ပါစေကိုနေ.... မွေးနေ့ဆုတောင်းပေးမယ်နော်............ ချစ်သောချစ်ချစ်နဲ့ အမြန်ဆုံးဆုံစည်းရပါစေလို့ကိုနေရေ.........

    ReplyDelete
  3. ကိုနေ မွေးနေ့မှာ ပျော်ရွှင်ပါစေနော်၊မိဘ နဲ့ဝေးနေရတဲ့ သူအားလုံး ခံစားချက်တွေ တူတူပါ ကိုနေ.....

    ReplyDelete
  4. ဒီဇင်ဘာ ၁၈ ရက်နေ့မှ အင်တာနက် ဖွင့်မိတော့ ညီလေး
    မွေးနေ့ကို တွေ့မိမှ နောက်ကျ နေပေမယ့်လည်း
    အကို ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်.
    ” မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ မိမိအကျိုး လူသားတွေရဲ့အကျိုး ကိုသယ်ပိုးဆောင်ရွက်နိုင်တဲ့
    သူတစ်ယောက်အဖြစ် ရှင်သန် နိုင်ပါစေ“
    အောင်ကျော်မင်း

    ReplyDelete
  5. ဒီဇင်ဘာ ၁၈ ရက်နေ့မှ အင်တာနက် ဖွင့်မိတော့ ညီလေး
    မွေးနေ့ကို တွေ့မိမှ နောက်ကျ နေပေမယ့်လည်း
    အကို ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်.
    ” မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ မိမိအကျိုး လူသားတွေရဲ့အကျိုး ကိုသယ်ပိုးဆောင်ရွက်နိုင်တဲ့
    သူတစ်ယောက်အဖြစ် ရှင်သန် နိုင်ပါစေ“
    အောင်ကျော်မင်း

    ReplyDelete
  6. ကိုညီ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်သော ဘ၀ကိုပိုင်ဆိုင်ပြီး အိုင်တီပညာဖြင့် လူသားတွေရဲ့အကျိုးကိုသယ်ပိုးဆောင်ရွက်နိုင်တဲ့
    သူတစ်ယောက်အဖြစ်ပါစေ
    ညီ တေဇာ

    ReplyDelete
  7. ကိုညီ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကျရောက်သော မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့သောဘ၀ဖြင့် မြန်မာလူငယ်များကို အိုင်တီပညာ ဆက်လက်ပြန့်ပွားပေးနိုင်ပါစေ
    ညီ တေဇာ

    ReplyDelete
  8. "Happy Birthday" ပါ ညီနေမင်း။ ၂၀၀၉ နှစ်မှသည် နောင်နှစ်ပေါင်းများစွာ ကိုယ်ချစ်သော မိသားစုနှင့် အိုးမကွာအိမ်မကွာ လူသားများအကျိုးကိုထမ်းဆောင် နိုင်ပါစေ လို့ဆုမွန်ကောင်းတောင်းပေးပါတယ်။

္တခေတ္တစင်္ကာပူ - ကိုဌေး

    ReplyDelete