အဲ့ဒီ့မှာ ဇာတ်လမ်းကစတော့တာပဲဗျာ ... တစ်ခါမှလဲ tag ဖူးဘူးလေ.. နေ့အိပ်မက်နဲ့ ၀ှိုက်က လာလာပြီး တဂ်ခိုင်းနေတာနဲ့ Tag ဖြစ်သွားတာ ဖတ်တာအဆင်မပြေ ရင်လဲ ခွင့်လွှတ်ပေးပါ.
ကျွန်တော် ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်တာရှိတယ်။ ပြီးတော့ ငယ်ငယ်လေးကတည်းက လုပ်ချင်တာတစ်ခုဆိုရင် မဖြစ်မနေ ရအောင်လုပ်တတ်တယ်။ ရပြီဆိုတော့မှ ဟင်း... ဆိုသက်ပြင်းချပြီး ကျန်တာကို ဆက်လုပ်တာ။ တစ်ခုတော့ရှိတာပေါ့ ဘယ်လိုနေရာပဲ ရောက်ရောက် ကိုကမှန်တယ်ထင်ရင် ဇွတ်လုပ်တတ်တာမျိုးနဲ့ ကိုယ်ကျင့်တရားကို ထိပါးလာရင် ဘာမှကို မြင်နိုင်စွမ်းမရှိအောင် ဒေါသဖြစ်မိတာကတော့ ကျွန်တော့်ရဲ့အားနည်းချက်တစ်ခုပဲလေ။ ဟိုတစ်ရက်ကဆိုရင် ကျွန်တော်နဲ့ office တစ်ခုတည်းမှာ နေတဲ့ Thailand သူနဲ့ အဲ့ဒီ့ case နဲ့ပဲ ပြသနာဖြစ်ခဲ့ဖူးတယ်။ ကျွန်တော် ရည်မှန်းချက်တစ်ခုထားတယ်ဆိုရင် ဘုရင့်နောင်ဖောင်ဖျက်တဲ့နည်းကို သုံးတယ်။ အဲ့ဒီ့အကြောင်းကိုပြောပြပါ့မယ် သိပြီးသားလဲဖြစ်မယ်လို့ထင်တယ် တစ်ခါတုန်းက ဘုရင့်နောင်ဟာ သူ့ရဲ့ နဲပါးလှတဲ့ စစ်သည်အင်အားလေးနဲ့ ရန်သူ့စခန်းကို သွားသိမ်းတယ်။ အဲ့လိုသိမ်းတဲ့နေရာလေးမှာ သူ့ဘက်က စစ်သည်အင်အားနည်းပါးတာကိုလဲ သူသိတယ်။ ဟိုဘက်က သူ့ထက် စစ်သည်အင်အား ထက်ဝက်ကျော်ပိုများနေတယ်။ လူအင်အားမမျှဘူးပေါ့။ အဲ့ဒါ ဘုရင့်နောင်ရဲ့ တပ်သားတွေက စိတ်ဓါတ်ကျနေတာကို သူကလဲသိတယ်။ အဲ့မ ... တိုက်လို့ကလဲ မဖြစ်ဘူးလေ။ အဲ့ဒါနဲ့ ရန်သူ့စခန်းကို သိမ်းပိုက်ဖို့ ဖောင်တွေနဲ့ချီတက်လာကြတယ်။ ဟိုဘက်ကမ်းလဲရောက်ရော ပါလာတဲ့ဖောင်ကြိုးတွေကို တစ်ခုမကျန် ဓါးနဲ့ဖြတ်ပြီးတော့ မြစ်ထဲမျှောပစ်လိုက်တယ်။ အဲ့ဒီ့တော့ စစ်သည်တွေက အင်းငါတို့မှာ ပြေးဖို့လဲ ဖောင်မရှိတော့ဘူး။ ရန်သူ့နယ်နိမိတ်ထဲကိုလဲရောက်လာပြီ။ ဒိ့တော့ အိမ်ကိုပြန်လို့လဲမဖြစ်တော့ဘူးလို့ တွေးတောမိတာကနေ ပြန်ဖို့အရေးထက် တိုက်ခိုက်ရေးကိုပဲ အမြဲစဉ်းစားနေရတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူကို မသတ်နိုင်ရင် ကိုက သေရမှာကို။ ဒီလိုနောက်ဆံတင်းမှုမရှိတော့ စိတ်ဓါတ်က အနိုင်ရရေးကိုပဲ ဦးတည်ထားတယ်လေဒ အဲ့ဒါနဲ့ စိတ်ဓါတ်အင်အားအပြည့်နဲ့တိုက်လိုက်တာ အောင်မြင်သွားတယ်ဗျ။ ဒါဘာလဲဆိုတော့ ကိုလုပ်မယ့်အရာရာတိုင်းကို နောက်ပြန်လှည့်မကြည့်ပဲ ရှေ့ကိုပဲ တစ်စိုက်မတ်မတ် လုပ်သွားကြဖို့တော့လိုတာပေါ့။ ကဲဘုရင့်နောင်အကြောင်းပြောမိတာ တော်တော်လဲရှည်သွားပြီဗျာ။ စပြီး တဂ်တော့မယ် ......
ငါလေ ကျန်စစ်သားနည်းတူ ဘယ်ဘက်က ချစ်သူကိုထွေးပိုက်ပြီး။ ညာဘက်နဲ့ စီးပွားရှာချင်တယ်ချစ်သူ။ ကိုယ့်ကို အသက်နဲ့ထပ်တူချစ်ရတဲ့ချစ်သူမျိုးပေါ့။
လောကကြီးရဲ့အလယ်မှာ ကောင်းမွန်တဲ့ စံပြလူတန်းစားမျိုးထဲမှာ ငါပါကိုပါရမယ်။
လူ့ဘ၀ကြီးကို မွေးဖွားခြင်းမှသည် သေဆုံးခြင်းသို့တိုင် အေးအေးချမ်းချမ်းနဲ့ ပူပင်ကြောင့်ကြမှုတွေကင်းဝေးတဲ့ နေ့တစ်နေ့အဖြစ် ငါပိုင်ဆိုင်ရမယ်။ ငယ်ငယ်တုန်းက ဗရုတ်ကျခဲ့တာလေးတွေကို သူငယ်ချင်းတွေသိအောင် ဟစ်ကြွေးကြည့်ချင်တယ်။
တန်ဖိုးမဖြတ်နိုင်တဲ့ နူးညံ့ခြင်းမျိုးနဲ့ပဲ လူ့လောကကြီးကို ပြုံးပြုံးလေးကြည့်မယ်။ ငယ်ငယ်တုန်းက ဆယ်တန်းစာမေးပွဲ ဖြေတုန်းက စာဖြေခန်းထဲမှာ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ မိန်းကလေးကို ကိုကိုခေါ်ခိုင်းပြီးမှ အင်္ဂလိပ်စာအဖြေကိုပေးခဲ့ဖူးတာကို ပြန်မြင်ပြီးတော့လဲ ပြုံးမိသေးတယ်၊ ကျောင်းက ခေါင်းလောင်းကြီး ဖွက်ခဲ့လို့ ကျောင်းတက်ဖို့ အချက်မပြနိုင်ခဲ့တာလေးကိုလဲ ကြည်နူးမိတယ်။ သမိုင်းဆရာမ အပျိုကြီးပြောတဲ့ 'ငါအခု စာသင်နေတယ်ဆိုတာ နင်တို့ပေးထားတဲ့လစာနဲ့ မဟုတ်ဘူးနော်" " နိုင်ငံတော်ကပေးထားတာ" နင်တို့အဲ့ဒါကိုတော့သိထား" ဆိုတဲ့စကားကိုချည်း အမြဲတမ်း ဂါထာလိုရွတ်နေပြီး ကျောင်းသားတွေကို အကြောင်းမရှိအကြောင်းရှာ အပြစ်ပေးခဲ့တဲ့ ဆရာမထိုင်မယ့်ထိုင်ခုံကို သူငယ်ချင်းအောင်နေစိုး ခွေးလျှေးရားသီးအမှုန့်နဲ့ ဖြူးခဲ့တုန်းက သူငယ်ချင်းသုံးယောက် အရိုက်ခံခဲ့ရတာကိုလဲ တမ်းတတယ်။ ကျောင်းအုပ်ဆရာကြီးဆောင်းတဲ့ ဆံပင်အတုကြီးကို ကော်နဲ့ကပ်ခဲ့ဖူးတာကိုလဲ ပြုံးမိသေးတယ်။ ကျောင်းက ကောင်မလေးတွေရှေ့မှာ ကိုယ့်ကိုယ်ကို သူရဲကောင်းလို့ထင်ပြီး နောက်ဂျွန်းပစ်တုန်းက လက်အဆစ်လွဲခဲ့တာလေးကိုလဲ အခုချိန်ထိ မမေ့သေးဘူး။ ကမ္ဘာကြီးသည် လုံးဝန်းသောပုံသဏာန်ရှိသည်ဆိုတာကို ကျွန်တော်က ၄င်းသည် ပြားချင်လဲပြားမည် လုံးချင်လဲလုံးမည်ဆိုတဲ့ ငြင်းချက်မျိုးနဲ့ ဆရာမကို ငြင်းခဲ့တုန်းက အရိုက်ခံခဲ့ရတာလေးကိုလဲ ပြန်တွေးပြီးရင်ခုန်မိသေးသည်။ အဲ့ဒါကိုလဲ စာဖတ်သူ သူငယ်ချင်းများစဉ်းစားကြည့်ပါ။ ကမ္ဘာကြီးသည် ၂၄ဒိကရိ တိမ်းဆောင်းပြီး သူ့ဝင်ရိုးနဲ့သူလည်နေတယ်တဲ့။ ဟုတ်ပါပြီ ကမ္ဘာကြီးဆိုတာ လုံးလားပြားလားဆိုတာ အတိအကျသိဖို့ ကမ္ဘာထက်ကြီးတဲ့ သက်ရှိတစ်ကောင်ကောင်က ကမ္ဘာကြီးကို သေသေချာချာကိုင်ကြည့်မှ တိတိကျကျသိရမှာလေ။ အဝေးကနေကြည့်ပြီး ဝေဖန်လို့မရဘူးလေလို့ကျွန်တော်ထင်တယ်။ သူငယ်ချင်းတို့ စဉ်းစားကြည့် အခုလို ကမ္ဘာကြီးက လုံးတယ်ဆိုတာ ဂြိုလ်တုကနေဖမ်းလို့ ကျွန်တော်တို့သိရတာလေ။ အပေါ်က အချက်တွေကို ကြည့်ကြည့်။ ကမ္ဘာကြီးက လည်ပတ်နေတယ် ဒီလည်ပတ်နေတာကို ဘေးကနေ တည်ငြိမ်နေတဲ့ ဂြိုလ်တုနဲ့ကြည့်တော့ ကမ္ဘာကြီးက လုံးတယ်ပေါ့။ လုံးနေတဲ့ဘောလုံးတစ်လုံးကို လက်နဲ့အရှိန်ပြင်းပြင်းလှည့်ကြည့်လိုက်ပါ။ လုံးတဲ့ပုံစံကိုပဲ ကျွန်တော်တို့မြင်ရမှာလေ။ ကျွန်တော်တို့ နောက်တစ်ဖက်နဲ့စဉ်းစားကြည့်ရအောင်ဗျာ။ ပြားနေတဲ့ ပိုက်ဆံအကြွေစေ့လေးကို အရှိန်ပြင်းပြင်းလှည့်ပြီး ဘေးကနေ ကြည့်လိုက် အ၀ိုင်းလား အပြားလားလို့၊ ကျွန်တော်ကတော့ အ၀ိုင်းကိုပဲမြင်တယ်။ အဲ့ဒါကို ဆရာမကို ကမ္ဘာကြီးသည် ပြားချင်လဲ ပြားသွားနိုင်သည်ဆိုတာကို ဥပမာထားပြီး သက်သေအပြကောင်းလို့ အဲ့လိုမျိုးမေးခွန်းမေးတဲ့အတွက်ဆိုပြီး အပိုဆု ကြိမ်၂ ချက်အတီးခံရတယ်ဗျာ။ ဖင်ကို အီစလံဝေသွားတာပဲ။
ဘယ်သူမှ မရှိတဲ့တောနက်တစ်နေရာကိုကျွန်တော်ရောက်သွားခဲ့တယ် .. တစ်ဖြည်းဖြည်းနဲ့ တောကနက်သထက် နက်လာတယ် .. ချမ်းကလဲချမ်းလာတယ် .. ဒီကြားထဲ ခြင်ကလဲ သွေးစုပ်ဖို့ တာဆူနေတဲ့ ဆေးထိုးအပ်တွေကို လက်ကဟန်ပါပါကိုင်ပြီး စောင့်နေတဲ့ ဆရာဝန်တွေနဲ့တူနေတယ်။ သွားရင်းသွားရင်းနဲ့ ဘယ်ဘက်လက်ကောက်ဝတ်တစ်ခု ရုတ်တရက်နာကျင်သွားတာကို ကြည့်လိုက်မိမှ ဘယ်ဘက်လက်ကို အားကိုးတစ်ကြီးဖက်တွယ်ပြီး မျက်နှာငယ်လေးနဲ့ မော့ကြည့်နေတဲ့ ချစ်သူကို သတိထားမိလိုက်တယ်။ ပြီးတော့ မျက်လုံးတွေနဲ့ စကားပြောနေတယ် မောင်ရယ် ကျွန်မအရမ်းပင်ပန်းနေပြီတဲ့။ ကျွန်တော့်ရင်ထဲကို အဆိပ်ပြင်းပြင်းနဲ့ ပြစ်လိုက်တဲ့ မျှားတစ်စင်း လာစိုက်သလိုပါပဲ။ အရမ်းကို နာကျင်သွားတယ်။ ချစ်သူမျက်နှာလေးကိုကြည့်လိုက်တယ် ပြီးတော့ ထုံအီနေတဲ့ အနမ်းတစ်ချို့ပေးလိုက်တယ် ဆိုရင်ပဲ ချစ်သူမျက်နှာ ပြုံးလာတယ်။ မောင်ရယ် "မမောတော့ပါဘူး" တဲ့။ မောင်သွားချင်တဲ့ ခရီးကို ဆက်သွားလို့ရပါပြီတဲ့။ ချစ်သူခြေဖ၀ါးက သွေးစတစ်ချို့ကို တယုတယနဲ့ သုပ်ပေးနေမိတယ်။ စိတ်ထဲမှာတော့ ၀မ်းနည်းခြင်းတစ်ချို့ကို ကိုက်မြိုထားရတယ်။ စိတ်ထဲကတော့ ညည်းတွားလိုက်မိတယ်။ ချစ်သူရယ် ကိုမင်းကို ထမ်းပိုးပြီးခေါ်ချင်ပါတယ်။ ဒါပေမယ့် ရှေ့ဆက်လျှောက်မယ့် ခရီးမှာ အန္တရယ်တွေအများကြီးနဲ့ ရင်ဆိုင်ရဦးမယ်လေ။ ကို အခုမင်းကို ထမ်းပိုးလိုက်ရင် ရှေ့မှာတွေ့ရမယ့် အန္တရယ်တွေကို ရင်ဆိုင်ဖို့ အင်အားမရှိတော့မှာစိုးလို့ပါ။ ကိုက မင်းရဲ့ရှေ့မှာ တံတိုင်းလို မားမားမတ်မတ်ရပ်တည်ထားရမယ်လေ။ မဟုတ်ရင် အန္တရယ်ရဲ့ ၀ါးမြို့မှုကြောင့် ကိုတို့နှစ်ယောက်စလုံး အသက်ဆုံးရှုံးရမယ်လေ။ အဲ့ဒီ့အတွက် တစ်ခဏတာလေးတော့ မင်းအားတင်းထားမှ ဖြစ်မယ်ချစ်သူရယ် လို့ပေါ့။ အဲ့ဒီ့လို သောကတွေကိုမြိုသိပ်ရင်း ခရီးဆက်ခဲ့တာ အန္တရယ်အမျိုးမျိုးကို ချစ်သူရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ရင်ဆိုင်ခဲ့ရတယ်လေ။ ဒါပေမယ့် မောင် မပင်ပန်းပါဘူး။ ချစ်သူအနားမှာရှိနေတယ်လေ။ အဲတစ်ချိန်ချိန်ကျရင်တော့ ကိုတို့မျှော်မှန်းထားတဲ့ အချစ်ဆိုတဲ့ ရှေးဟောင်းနန်းတော်တစ်ခုကို မောင်တို့ရောက်မှာပဲလေ။ အဲ့ဒီ့အချိန်လေးကျရင် မောင်က ဘုရင်၊ မင်းက မိဘုရားပေါ့။ ဘယ်လို အတ္တမှမရှိတဲ့ ဒီနန်းတော်လေးထဲမှာ တို့ဘ၀တစ်လျှောက်စလုံး ပျော်ရွှင်မှုတွေဝါးမြိုရင်း ခရီးဆက်ချင်လိုက်တာ xxxxxxxxxx
ညီနေမင်း
ထိုင်းနိုင်ငံ
Sunday, December 28, 2008
Subscribe to:
Post Comments (Atom)
ကိုနေ ကျန်စစ်သားကြီး ဖြစ်ပါစေ...
ReplyDeleteအဟင့်... အနာဂတ်ကို ရှိတ်ကူးယဉ်ပါရှို၊ အတိတ်ကို တမ်းတနေတယ်၊ နိုချင်တယ် :(
ReplyDeleteနောက်တာပါ။ ရေးပေးတာ ကျေးဇူးတင်ပါတယ်ရှင်။ အရေးတယူလုပ်လို့လေ :P။
ဒေါ်ဂျီကျ ( ၀ှိုက် ) တဲ့လုပ်ပုံကိုက
ReplyDeleteဒါပေမယ့် တော်ပါသေးရဲ့ စိတ်ကူးယဉ်တဲ့အထဲဝှိုက် မပါလို့
အဟုတ်ရင် တောထဲသွား ခြင်ကိုက်ခံရဦးမယ် :P
အဲလိုလုပ်ပါ.. ဒီအဆက်လေးဖတ်လိုက်တော့လည်း နိမိတ်ပုံယူထားတာလေးက အရမ်းလှတာပဲနော်။ မိုက်တယ်...။ ရေးပေးလို့ ကျေးဇူး.. အထူး... :P။
ReplyDeleteမျှော်မှန်းထားသလိုဖြစ်ပါစေရှင်း)
ReplyDeleteကျနော်က ကွန်ပြူတာတို့ ဖုန်တို့နဲ့ ပတ်သတ်တဲ့ နည်းပညာတွေ၊ သတင်းတွေ၊ application တွေဆိုအရမ်းတန်ဖိုးထားတယ်။ ကျနော် တန်ဖိုးထားတာတွေ ကိုညီနေမင်းဆီကရတော့ အရမ်းကျေးဇူးတင်တယ်ဗျာ။ ဒိထက်ပိုမို အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ReplyDeleteအောင်သူ
For Firefox browser users - an indispensable extension
ReplyDeleteIf you come across some English word and you don't understand on web pages
hover your mouse on that word and Press Shift key and move a bit-
within 3 secs - our hero Byatta will get the meaning in Burmese characters
and sentence making structure in English -
same applies to English Dictionary from Wiktionary.org
so fast and very very convenient
More ..., http://tr.im/mnh8