Thursday, December 11, 2008

အိုအေစစ်

တစ်ချိန်က
မွန်းကြပ်တဲ့မီးလောင်တိုက်အတွင်းကိုလည်း
ငါခဏဆင်းခဲ့ဖူးတယ်

ပြောမပြတတ်တဲ့ သောကအစုံကိုလည်း
ငါခံစားခဲ့ရဖူးတယ်

ဦးတည်ရာမဲ့တဲ့ လှေတစ်စင်းကိုလဲ
ငါတစ်ရှိုက်မက်မက် လှော်ခတ်ခဲ့ဖူးတယ်

တန်ဖိုးရှိတဲ့အချိန်တွေကိုလည်း
ငါဖြုန်းတီးပြစ်ခဲ့ဖူးတယ်

လောကကြီးကို အပေါ်စီးကနေလည်း
ပေစောင်းစောင်း ငါကြည့်ခဲ့ဖူးတယ်

ငါ့ရဲ့နူးညံ့တဲ့ လက်အစုံနဲ့
ဘ၀ဆိုတဲ့ ပန်းပုတစ်စုံကိုလည်း
ငါထုဆစ်ခဲ့ဖူးတယ်

လမ်းပျောက်ကြယ်တစ်ပွင့်လည်း
ငါဖြစ်ခဲ့ဖူးတယ်

ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့်
ဒဏ်ရာရကျားတစ်ကောင်လည်း
ငါဖြစ်ခဲ့ဖူးတယ်

တစ်ခါတစ်ခါ ဘ၀ဆိုတာကြီးကို ပြန်စဉ်းစားကြည့်
ဟာတာတာနဲ့ အဓိပ္ပါယ်မဲ့နေသလိုပဲ

အခုတော့ ငါ့ဘ၀လေးဟာ
သဲကန္တာရတစ်နေရာကိုရောက်နေတဲ့လူတစ်ယောက်
အေးမြတဲ့ အိုအေစစ်ဆိုတဲ့နေရာလေးတစ်ခုကို
တွေ့ရာကနေ အာသာငမ်းငမ်း
သောက်သုံးလိုက်ရတဲ့ ရေတစ်ခွက်လိုပါပဲ ...
ရင်ထဲကို ဖော်မပြတတ်တဲ့ အင်အားတွေ
သွေးကြောတွေကနေတစ်ဆင့် စီးဆင်းသွားသလိုမျိုး
ငါခံစားလိုက်ရတယ် ...

တစ်ကယ်ဆိုဒါဟာ အချစ်ဆိုတဲ့အရာလားလို့
ငါဝေခွဲရင်းနဲ့ပဲ ငါ့သွေးတွေ
ကာရံမဲ့အလွမ်းတွေနှင့် အဖော်ပြုနေခဲ့မိတယ် ..

No comments:

Post a Comment