Friday, December 12, 2008

မင်းပေးတဲ့အပိုဆု

နာကျင်စွာနဲ့ ကြင်နာမိတဲ့အခါ
မှန်ရာကိုပဲ ဆိုပါရစေ .. ငါကြာကြာမညာနိုင်တော့လို့ပါ
ဒဏ်ရာဆိုတာ အမြဲနာကျင်စရာမဟုတ်ဘူးလေ

ကြင်နာတယ်ဆိုတာ နာကျင်တာတွေကို ဖြေသိပ်ဖို့
အဆုံးတစ်ဖက်မှာ ထည့်ပေးလိုက်တဲ့
အပိုဆုလေးတစ်ခုရယ်ပါ

ဆေးချက်မထင်တဲ့ပန်းချီကားကို
စုတ်ချက်တင်ဖို့
ငါအကြိမ်ကြိမ်ကြိုးစားခဲ့တယ်
ကောင်မလေးရေ
မင်းကိုသတိရမိတဲ့ညတိုင်းမှာ
မင်းကိုပိုချစ်လာတာကလွဲလို့
ဘာမှမပြောင်းလဲခဲ့ပါဘူး
ကော်ဖီခါးခါးတစ်ခွက်ကြောင့်ထက်
မင်းအကြောင်းတွေးမိတဲ့ အတွေးတွေကြောင့်
ငါ့အတွက်အိပ်ပျက်ညတွေဖြစ်လာတာပါ

ငါ့ကို အကြင်နာတွေပေးပြီးမှ
နာကျင်တာတွေထပ်မပေးပါနဲ့
နာကျင်ခြင်းတွေကို ထားဖို့နေရာတွေ
ငါ့နှလုံးသားမှာ နေရာလွတ်မရှိတော့လို့ပါ ...

အခုတော့လဲ ငါ့နှလုံးသားက နာကျင်မှုတွေကိုခံစားဖို့
မောဟိုက်နေပြီလေ
ဘာဖြစ်လို့လဲဆိုတော့ ဝေဆာနေတဲ့
အချစ်ပန်းခင်းတစ်နေရာကို
ရောက်လိုက်လို့လေ ...

1 comment:

  1. ရင်ထဲက ထွက်ကျလာတဲ့ကဗျာလေးနော်........သံစဉ်လေးတွေကို တေးသွားအဖြစ်နဲ့ဆို ခံစားချက်လေးကို ကဗျာထုတ်ထားတော့လည်း ဖတ်ရတာ လန်းနေတာပဲဗျာ........... အဆင်ပြေပါစေဗျာကိုနေ။

    ReplyDelete