ကဲဘော်ဒါတွေ သင်္ကြန်မှာ ကဲဖို့ ကျွန်တော်တို့ဆီမှာ ၀ယ်ရတဲ့ DJ သီချင်းတွေကို ခိုးပြီးတင်ပေးလိုက်တယ်နော် ... ဟီးဟီး
အားလုံး အဆင်ပြေနိုင်ကြပါစေဗျာ .. သီချင်းတွေကို http://nyinaymin.ning.com မှာ တင်ထားပါတယ် .. လိုချင်တယ်ဆိုရင် real player ကို အရင်ဆုံး download လုပ်ပြီးတော့မှ ယူလိုက်ပါ အားလုံးအဆင်ပြေသွားအောင်လို့ .. ကို မကဲရပေမယ့် ကဲချင်တဲ့ သူငယ်ချင်းတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးလိုက်ပါတယ် ... Real player ကို ဘယ်လို download လုပ်မလဲတော့ မမေးကြနဲ့တော့နော် .. ဟိုးအောက်မှာ ကျွန်တော် real player အကြောင်း ပို့စ်တင်ထားပါတယ် .. တစ်ချို့သူငယ်ချင်းတွေက လိုချင်တာတော့ အရမ်းပဲ ... စာဖတ်ရမှာတို့ ရှာရမှာတို့ အတော်ပျင်းတာ .. အဲ့လိုတော့ မလုပ်ကြနဲ့ဗျာနော် .. :P
ပိတောက်မြင်တိုင်း မြန်မာပြည်ကို လွမ်းတယ် ..
ညီနေမင်း
Showing posts with label Dj songs. Show all posts
Showing posts with label Dj songs. Show all posts
Sunday, April 12, 2009
Friday, April 10, 2009
လူလည် အာရှသား
လူလည် အာရှသား (ရေး၊ဆို အရိုး)
(တချို့လူတွေကို)၂ အားကျပြီး၊ ရှိစုမဲ့ စုတွေရောင်းချပြီး၊
လေယာဉ်ပျံပေါ်တက်နှုတ်ဆက်တော့ ကျွန်တော် ခန့်ခန့်ကြီးဗျ
(အမေ့ကိုမှာမယ်)၂ အမေမှတ်သာထား၊
အမျိုးနဲ့ ရပ်ကွက်ကို ပတ်သာကြွား၊
ကျွန်တော်ဒီနေ့ပဲ ဖောရင်းသွားပြီ ဖလိုက်အသစ်ကြီးနဲ့ ဗျ၊
(ကောင်းကင်ပေါ်တက်)၂ တော့ လန့်အော်တယ်၊
တဖြည်းဖြည်းမြင့်တက်လာ၊ မိုးတိမ်ထဲ ပြတင်းပေါက်ကချောင်း၊
သိကြားမင်းတွေ့ရင် နှုတ်ဆက်မလားပဲ၊
(မိုးပျံနေတဲ့)၂ တိုက်တွေကြား၊ နည်းနည်း ရင်းနှီးတဲ့ မျက်နှာများ၊
ခင်ဗျားတို့သုံးတတ်တဲ့  အခေါ်အဝေါ်တွေနဲ့  ကျွန်တော်နှုတ်ဆက်တယ်၊
chorus 1 : ဘကုန်းလား ယပလက်လား၊ ဖဦးထုတ် ဂငယ်လား၊ ဒါမှမဟုတ် အ ပဲလား မပဲလား၊
အူကြောင်ကြောင်(လူကုံထံ) ရွှေတွေတဲ့ လား၊ ဘယ်သူဘာဖြစ်ဖြစ် အလုပ်အတူသွား၊
နေ၀င်မီးပိတ် ပုရွက်ဆိတ်များ၊ အရုဏ်တက်တိုင်းထ မနက်တိုင်းတက်ကြွ လူလည်အာရှသား၊
(မနက်ဆိုမြည်မယ်)၂ Alarm နာရီ၊ ရည်းစားမှ ဖြောင့်အောင်မလွမ်းနိုင်မီ၊
အရောင်စုံလူတွေကြားထဲ တိုးရဦးမယ်၊ အလုပ်နောက်မကျမီ၊
(အားရင်ထိုင်ရေး)၂ စာမျက်နှာတွေ၊ ဖုန်းခဈေးကြီးလို့ မဆက်နိုင်သရွေ့၊
အဝေးက ဦးချကြ၊ ရွှေတိဂုံမြေ ပြန်မရောက်သေးသရွေ့တော့၊
chorus 2: ဘာဖြစ်ဖြစ်သတိသာထား၊ ငါတို့ရည်းစား သူများနဲ့ ညား၊
အသေသာမှတ်စွဲထား၊ what so ever ပျော်အောင်သာနေကြ၊
မဟာလူတန်းစား အိပ်မက်များ၊ အိမ်ပြန်အခန်းပိတ် ကျိတ်ငိုကြ၊
အရုဏ်တက်တိုင်းထ၊ မနက်တိုင်း တက်ကြွ လူလည် အာရှသား၊
သီချင်းလေးကို နားထောင်ရင်းနဲ့ ရင်ထဲမှာ တစ်မျိုးခံစားရလို့ တင်ပေးလိုက်တယ်ဗျာ ..
သီချင်းလေးကို download လုပ်ချင်ရင် ဒီမှာ ပါ ...

Monday, March 16, 2009
သူငယ်ချင်းများ နားထောင်ဖို့ DJ သီချင်းများ
တောင်းဆိုတဲ့သူရှိလို့ ခဏတင်ပေးလိုက်တာပါ .. ကျွန်တော့်ဘလောက်ဂ်မှာ မြန်မာသီချင်းကြိုက်တဲ့သူက သီချင်းနားထောင်၊ DJ ကြိုက်တဲ့သူက DJ နားထောင် လို့ရအောင် ကျွန်တော်စီစဉ်ထားတာလေးရှိပါသေးတယ် .. အခုတော့ ကြုံဒိုးလဲပဲလို့သဘောထားပြီး ဖြစ်ညှစ်နားထောင်ပေးပါဦး ... Auto play ကို ဖျောက်ထားတာ ဖြစ်တဲ့အတွက် ကိုနားထောင်ချင်တဲ့သီချင်းကို နှိပ်ပြီး နားထောင်နိုင်ပါတယ်ဗျာ .. တော်ကြာနေဟိုသီချင်းကအော် ဒီသီချင်းကအော်နဲ့ဖြစ်နေမှာ စိုးလို့ ဖျောက်ပေးထားတာပါ ..
Wednesday, December 31, 2008
Subscribe to:
Posts (Atom)