Friday, April 10, 2009

လူလည် အာရှသား

လူလည် အာရှသား (ရေး၊ဆို အရိုး)

(တချို့လူတွေကို)၂ အားကျပြီး၊ ရှိစုမဲ့ စုတွေရောင်းချပြီး၊
လေယာဉ်ပျံပေါ်တက်နှုတ်ဆက်တော့ ကျွန်တော် ခန့်ခန့်ကြီးဗျ

(အမေ့ကိုမှာမယ်)၂ အမေမှတ်သာထား၊
အမျိုးနဲ့ ရပ်ကွက်ကို ပတ်သာကြွား၊
ကျွန်တော်ဒီနေ့ပဲ ဖောရင်းသွားပြီ ဖလိုက်အသစ်ကြီးနဲ့ ဗျ၊

(ကောင်းကင်ပေါ်တက်)၂ တော့ လန့်အော်တယ်၊
တဖြည်းဖြည်းမြင့်တက်လာ၊ မိုးတိမ်ထဲ ပြတင်းပေါက်ကချောင်း၊
သိကြားမင်းတွေ့ရင် နှုတ်ဆက်မလားပဲ၊

(မိုးပျံနေတဲ့)၂ တိုက်တွေကြား၊ နည်းနည်း ရင်းနှီးတဲ့ မျက်နှာများ၊
ခင်ဗျားတို့သုံးတတ်တဲ့  အခေါ်အဝေါ်တွေနဲ့  ကျွန်တော်နှုတ်ဆက်တယ်၊

chorus 1 : ဘကုန်းလား ယပလက်လား၊ ဖဦးထုတ် ဂငယ်လား၊ ဒါမှမဟုတ် အ ပဲလား မပဲလား၊
အူကြောင်ကြောင်(လူကုံထံ) ရွှေတွေတဲ့ လား၊ ဘယ်သူဘာဖြစ်ဖြစ် အလုပ်အတူသွား၊
နေ၀င်မီးပိတ် ပုရွက်ဆိတ်များ၊ အရုဏ်တက်တိုင်းထ မနက်တိုင်းတက်ကြွ လူလည်အာရှသား၊

(မနက်ဆိုမြည်မယ်)၂ Alarm နာရီ၊ ရည်းစားမှ ဖြောင့်အောင်မလွမ်းနိုင်မီ၊
အရောင်စုံလူတွေကြားထဲ တိုးရဦးမယ်၊ အလုပ်နောက်မကျမီ၊
(အားရင်ထိုင်ရေး)၂ စာမျက်နှာတွေ၊ ဖုန်းခဈေးကြီးလို့ မဆက်နိုင်သရွေ့၊
အဝေးက ဦးချကြ၊ ရွှေတိဂုံမြေ ပြန်မရောက်သေးသရွေ့တော့၊

chorus 2: ဘာဖြစ်ဖြစ်သတိသာထား၊ ငါတို့ရည်းစား သူများနဲ့ ညား၊
အသေသာမှတ်စွဲထား၊ what so ever ပျော်အောင်သာနေကြ၊
မဟာလူတန်းစား အိပ်မက်များ၊ အိမ်ပြန်အခန်းပိတ် ကျိတ်ငိုကြ၊
အရုဏ်တက်တိုင်းထ၊ မနက်တိုင်း တက်ကြွ လူလည် အာရှသား၊

သီချင်းလေးကို နားထောင်ရင်းနဲ့ ရင်ထဲမှာ တစ်မျိုးခံစားရလို့ တင်ပေးလိုက်တယ်ဗျာ ..
သီချင်းလေးကို download လုပ်ချင်ရင် ဒီမှာ ပါ ...


No comments:

Post a Comment