Wednesday, December 2, 2009

ကွန်ပျူတာတစ်လုံး လုပ်ဆောင်မှု မြန်ဆန်အောင် ဘာတွေ လုပ်သင့်သလဲ .

ဒါကတော့ ကွန်ပျူတာ သုံးတဲ့လူများအားလုံး သိစေချင်လို့ ကျွန်တော် ရေးလိုက်တာပါ . မေးထားတာလဲ ညီအစ်ကို တော်တော်များနေလို့ပါ . ဒီနေ့တော့ ထူးထူးခြားခြား ညီလေးတစ်ယောက် ကျွန်တော့်ကို လာပြီးတောင်းပန်လာပါတယ် . ကျွန်တော် ဘယ်သူ့ကိုမှ တိုက်ခိုက်တာ စော်ကားခဲ့တာ မရှိပါဘူး . ကိုယ့်လမ်းကို လျှောက်နေတာပါ . ဒီ့အတွက် ကိုယ့်လိပ်ပြာကို သန့်ပါတယ် . ကျွန်တော့်ဆိုက်ကို လာလာပြီးအော်ပြီး အမြင်မတော်တဲ့ စကားလုံးများနှင့် လာလာရေးနေတာပါတဲ့ . အဲ့ဒီ့အတွက် ကျွန်တော့်ကို ကျွန်တော်ရှက်ပြီး လိပ်ပြာမလုံတော့လို့ ပါတဲ့ . ကျွန်တော်စိတ်ထဲမှာ ဘာမှကို မရှိပါဘူး . လာဆဲတဲ့ သူတွေအပေါ်မှာလဲ ဘယ်လိုမှ ခံစားချက်ကို မထားတော့တာပါ . သူလဲ သူဝါသနာပါလို့ လာဆဲတာ . ကိုလဲ ၀ါသနာပါလို့ ရေးနေတာပါ . အဲ့ဒီ့အတွက်တော့ နောင်တမရပါဘူး . အခုလို လာပြီး တောင်းပန်တဲ့ညီလေးကိုလဲ အစ်ကို ဘယ်လိုမှ သဘောမထားပါဘူး . ဒီပို့စ်ထဲမှာ ထည့်ရေးလိုက်တဲ့ အတွက်တော့ အစ်ကို့အပေါ်မှာ တစ်မျိုးမထင်စေချင်ပါဘူး . ကဲ ကွန်ပျူတာတစ်လုံး မြန်ဆန်အောင် ဘာလုပ်သင့်သလဲ (၁) မိမိကွန်ပျူတာမှာ virus စစ်တဲ့အချိန်နဲ့ တစ်ခြားအချိန်တွေမှာ antivirus ကြောင့် စက်လေးနေတတ်ပါတယ် . အဲ့ဒီ့အတွက် ပေါ့ပါးပြီး ကောင်းမွန်တဲ့ kaspersky လို antivirus program ကို သုံးသင့်ပါတယ် . (၂) မိမိကွန်ပျူတာဟာ program တွေကို ဖြုတ်လိုက် ပြန်တင်လိုက် ဖိုင်တွေကို ဖျက်လိုက် ပြန်ထည့်လိုက် လုပ်နေတာ ဆိုရင် အဲ့ဒီ့စက်ဟာ ကြာလာတာနဲ့အမျှ စက်ဟာလေးလာမှာပါ . ဘာ့ကြောင့်လဲဆိုရင် အဆိုပါ program တွေကို ဖြုတ်လိုက်တဲ့အခါမှာ program uninstall လုပ်တုန်းက program တော်တော်များများဟာ အကုန်လုံးကို မဖျက်သွားပါဘူး . တစ်ချို့ temporary files တွေ ကျန်နေခဲ့ပါတယ် . အဲ့ဒီ့ဖိုင်တွေဟာ ကွန်ပျူတာတစ်လုံးအတွက် မလိုအပ်ပါဘူး . အဲ့လိုဖိုင်တွေ များလာတာဟာ HDD အတွက် မကောင်းတဲ့အလားအလာပါ . အဲ့ဖိုင်တွေကို ဖျက်ပစ်ရပါမယ် . (၃) မိမိ HDD မှာ system error ကြောင့်ဖြစ်လာတဲ့ bad sector တွေကို မကြာခဏဆိုသလို fix လုပ်ပေးရပါမယ် . တစ်ခါတစ်လေ bad sector တွေများလာတဲ့အတွက် partition တောင် ပိုင်းမရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ် . တစ်လကိုတစ်ကြိမ်လောက်တော့ bad sector ကို fix လုပ်ပေးပါ . (၄) နောက်တစ်ချက်က File တွေကို ပြန်ပြီး စီပေးပါ . ဘာ့ကြောင့် ဖိုင်တွေပြန်စီရတာလဲဆိုရင် ကျွန်တော်ဥပမာ တစ်ခုပေးပါ့မယ် . အတွဲ (၁၀)တွဲရှိတဲ့ မီးရထားတွဲတစ်တွဲမှာ ဆိုပါစို့ဗျာ . အဲ့ဒီ့အခန်းတွေကို ဖိုင်တွေလို့ သဘောထားလိုက် . မိမိက အတွဲ(၁) နဲ့ (၂) မှာ ရှိတဲ့ ပစ္စည်းတွေကို ယူသုံးလိုက်မယ် (ဖိုင်ဖျက်လိုက်တယ်). အဲ့ဒီ့အတွဲ(၁) (၂) ထဲမှာ ဘာမရှိတော့ဘူး . ဗလာကြီးပဲကျန်သေးတယ် . နောက်ထပ် အသစ်လာတဲ့ကုန်ပစ္စည်းတွေကို အတွဲ(၁)နဲ့ (၂) မှာ မထားဘဲနဲ့ ဟိုးနောက်တွဲမှာ သွားထားမယ်ဆိုရင်(ဖိုင်အသစ်တွေထည့်မယ်) မိမိကလိုအပ်လို့ ကုန်ပစ္စည်းတွေကို ထုတ်ယူမယ်ဆိုရင်(ဖိုင်ကိုခေါ်သုံးမယ်၊ ဖွင့်မယ်) ဟိုးနောက်တွဲကနေ သွားသွားပြီးယူနေရတာဆိုတော့ အချိန်ကြာတာပေါ့ . မဟုတ်ဘူးလား . အဲ့ဒီ့တော့ အဲ့ဒီ့ရထားတွဲ မြန်လာအောင် ဘာလုပ်ရမလဲ၊ ကုန်ပစ္စည်းတွေကို ထုတ်ပစ်မယ်၊ ရောင်းပစ်မယ်(ဖျက်ပစ်သည်) ပြီးရင် အဲ့ဒီ့လွတ်နေတဲ့ အခန်းတွေထဲကို နောက်တွဲတွေထဲက ကုန်တွေကို ပြောင်းထည့်မယ် (ဖိုင်ပြန်စီလိုက်သည်) ဆိုရင် ကိုတစ်ချိန်လိုအပ်လို့ ကုန်တွေထုတ်မယ် (ဖိုင်တွေဖွင့်မယ်) ဆိုရင် နောက်အထိသွားစရာမလိုတော့ဘူး . ရှေ့ခန်းကနေ ယူလို့ရတယ်လေ . အခုလဲ ဒီသဘောပါပဲ . အဲ့တော့ ကွန်ပျူတာလေးတာ ကြာတာ၊ ဖိုင်တွေ ဟိုတစ်ဖိုင် ဒီတစ်ဖိုင်ရောက်နေလို့ပါ ဆိုတဲ့အချက်တစ်ချက်လဲ ပါပါတယ် .

တစ်ခြားအချက်တွေကျန်ပါသေးတယ် . ဒါကတော့ လတ်တလော ပြောပြတဲ့အချက်လေးတွေပါ . ထပ်ရေးပါဦးမယ် . ဒီအဆင့် ၄ ဆင့်လောက်ကိုပဲ အခုလုပ်ကြည့်လိုက်ပါ . ကွန်ပျူတာ ယခင်ကထက် ပိုမိုမြန်ဆန်လာတာတွေ့ရပါလိမ့်မယ် .

နံပါတ်(၁) အတွက်ကတော့ စိတ်မပူပါနဲ့ ကျွန်တော့်ဆိုက်မှာ antivirus program ကောင်းကောင်းတွေ တင်ထားပေးပြီးသားပါ . ဒီမှာ သွားယူလိုက်ပါ .
နံပါတ်(၂) အတွက်ကတော့ ကျွန်တော်တင်ပေးထားတဲ့ ccleaner ကို အသုံးပြုပြီးတော့ မလိုအပ်တဲ့ tempory file များကို ဖျက်ပစ်လို့ရပါတယ် . Ccleaner ကို ဒီမှာ တင်ပေးထားပါတယ် .
နံပါတ်(၃) အတွက်ကတော့ Bad sector ကို ဘယ်လို Fix လုပ်မလဲဆိုတဲ့ ပို့စ်ကို ဒီမှာ ရေးထားပြီးသားပါ .

နံပါတ်(၄) ဖိုင်တွေ ပြန်စီဖို့အတွက်ကတော့ ဒီမှာ နှင့် ဒီမှာ မှာ တင်ထားပေးထားပါတယ် . အဆင်ပြေတဲ့ program နဲ့သာ ဖိုင်ပြန်စီလိုက်ပါ . window မှာလဲပါပြီးသားပါ . ဒါပေမယ့် သူက အခုတင်ပေးတဲ့ Defragment လောက်တော့ မကောင်းပါဘူး . ဘာ့ကြောင့်လဲဆိုရင် အခုတင်ပေးတဲ့ Defragment program ဟာ ဖိုင်စီဖို့အတွက် သီးသန့် program ဖြစ်တဲ့အတွက် window မှာပါတဲ့ program ထက်ကောင်းတယ်ဆို တာတော့ ငြင်းလို့မရပါဘူး . .

နံပါတ်(၅) error များကို ပြင်ဆင်ဖို့အတွက် Advanced SystemCare လိုမျိုး program ကိုလဲ စက်ထဲမှာ install လုပ်ထားဖို့လိုပါတယ် . ဒါမှ မိမိကွန်ပျူတာမှာ ဖြစ်နေတဲ့ error တွေကို ပြင်ဆင်နိုင်ပြီး ကွန်ပျူတာအသုံးပြုမှု မြန်ဆန်လာမှာပါ . Advanced SystemCare ကို ဒီမှာ တင်ထားပေးပြီးသားပါ .

4 comments:

  1. ကျေးဇူးအစ်ကို
    အားရင်ကျွန်တော်လဲလုပ်ကြည့်မယ်
    ကျေးဇူးဗျာ

    ReplyDelete
  2. အဝေးရောက် မြန်မာတွေရဲ့ computer အခက်အခဲတွေကို ဖြေရှင်းပေး နေတဲ့ အကောင်းဆုံး blog ဖြစ်ပါတယ်... ကျေးဇူးအထူးတင်ပါတယ်...
    အချိန်ပေးပြီး လုပ်ပေးထားတာ ကို လေးစားပါတယ်...

    ReplyDelete
  3. လာလည်ရင်းလေ့လာသွားပါတယ်ဗျာ..စေတနာနဲ့ကြိုးစားထားတာတွေအတွက်လေးစားပါတယ်ကိုညီ..ကျန်းမာပျော်ရွှင်နိုင်ပါစေဗျာ

    ReplyDelete
  4. zayar said...
    ကျေးဇူးအများကြီးတင်ပါတယ်အကို. ကျွန်တော်ကြည့်နေကြ အကိုနာမည်နဲ့ဆိုက်ကို ၀င်လိုက်ရင်ဘာတွေကြလာမှန်မသိဘူးအကို အကိုဆိုက်ကို ခေါ်လို့မရဘူးဖြစ်နေတယ်။ အကိုပြောင်းထားသေးလား။

    ReplyDelete