Tuesday, January 6, 2009

ဘွားဘွားပြောတဲ့ ၀က်သီချင်း

ကျွန်တော့်ရဲ့ ချစ်လှစွာသောအဘွားဆုံးသွားတာ နှစ်နှစ်ကျော်သွားပါပြီ..
ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ အမြဲတမ်း အဘွားရှိနေတယ်လေ.
ညတိုင်း ၁၀ တန်းအောင်တဲ့အချိန်အထိ လာပြီးတော့ ပုံပြင်ပြောပြတုန်း၊ ပြီးတော့ အိပ်တော့မယ်ဆိုရင် ဘုရားစာတွေ ရွတ်ပြနေတုန်းပါ။ ကျွန်တော်အိပ်မှ အိပ်ယာဝင်တတ်တဲ့ အဖွားကို အမြဲတမ်း ရင်ထဲမှာ တမ်းတနေမိတယ် ဘွားရေ။
မနက်ကျရင် အဘွားဘုရားရှိခိုးတာ တစ်နာရီကျော်ကျော်လောက်ကို အမြဲတမ်း အိပ်ယာထဲကနေ နားထောင်ပြီးမှ အိပ်ယာကထတတ်တဲ့ မြေးတစ်ယောက်ရဲ့အကျင့် အခုတော့ ဒီကြည်နူးမှုတွေကို မျက်ကွယ်ပြုရင်း ချောက်ကပ်ကပ် နံနက်ခင်းတိုင်းကို ဖြတ်ကျော်လာတာ နှစ်နှစ်ကျော်တောင်ကြာခဲ့ပါပြီ ...


ကျွန်တော် ရန်ကုန်ကနေ အပြန် Big Bag ဆိုထားတဲ့ အဖိုးကြီးလဲ Rap၊ အဘွားကြီးလဲ Rap၊ မွေးကင်းစ အာဗြဲလေးလဲ Rap ဆိုတဲ့ သီချင်းခွေကို ၀ယ်လာပြီး ကြိုက်လွန်းလို့ အိမ်မှာနားထောင်မိတဲ့တစ်ခဏ..
ဘွားဘွားတစ်ယောက် ဥပုသ်ဆောက်ပြီးအပြန် ပုတီးစိပ်နေတုန်းပေါူ့။ ကျွန်တော့်သူငယ်ချင်း အောင်နေစိုးလဲရောက်လာတယ်။
သီချင်းခွေလေးကောင်းတယ်ဆိုပြီးတော့ ပေးနားထောင်လိုက်တယ်။ ဒီကောင်ကလဲ ဒီ Rap သီချင်းကိုပဲ နားထောင်တယ်။
တစ်ခေါက်ကနေ နှစ်ခေါက်ပေါ့။ မကြာပါဘူး ဘွားဘွား တုတ်တစ်ချောင်းနဲ့ ရောက်လာရော။
ဘွားဘွား။ မြေးကြီး မင်းတို့ ဖွင့်နေတဲ့ ဒီဝက်သီချင်းကို ပိတ်မှာလား အဘွားပိတ်ပေးရမှာလား။
ဘာလဲ? တစ်ခွေလုံး ၀က်တွေချည်းပဲ။ ဘာသီချင်းတွေလဲ မင်းတို့ဟာက။ ဒီမှာ ပုတီးစိပ်မလို့ဟာ။ ဒီဝက်/၀က်ဆိုတာချည်းပဲ ခဏခဏကြားနေရတယ်။ အခုပိတ်တော့တဲ့။

1 comment:

  1. အင်းနော်
    ဘွားဘွားပြောတာလည်းဟုတ်သား

    ReplyDelete