window + Start -> run -> gpedit.msc
အဲဒီမှာ Group policy ပေါ်လာပါလိမ့်မယ်။ အဲဒီကနေ Local Computer Policy -> User Configuration -> Desktop မှ Remove Recycle Bin icon from desktop(double click)>> setting ထဲကနေ Enabled ကို ရွှေးပြီး အိုကေ ပေးလိုက်ရင် ရပါပြီ။ ပြီးရင်တော့ desktop ကို refresh တစ်ချက်လောက်ပေးလိုက်ပါ။ အမှိုက်ပုံးကြီး ပျောက်သွားပါလိမ့်မယ်။ကျွန်တော်က Recycle bin ကို ဥပမာထား၍ အစမ်းဖျောက်ပြတာဖြစ်ပါတယ်။ ထိုနည်းတူစွာ ကျန်တဲ့ icon လေးများကိုလည်း စိတ်ကူးရှိသလို ဖျောက်နိုင်ပါတယ်။
Drive များ ဖျောက်နည်း
ဝင်းဒိုးမှာပါတဲ့ c , d , e စတဲ့ drive တွေကို ဖျောက်ထားလို့ ရပါတယ်။ recycle bin ဖျောက်တုန်းကလိုပဲ Group policy ထဲဝင်ပြီး User Configuration >> Administrative Templates >> Windows Explorer ကနေ Hide these specified drives in My Computer ကို double click နှိပ်ပြီး မိမိ ဖျောက်ထားချင်တဲ့ drive တွကို ရွှေးပြီး ဖျောက်ထားနိုင်ပါတယ်။ ကျန်တာတွေလည်း ဆက်ပြီး ဥာဏ်ရှိသလို လေ့လာနိုင်ပါတယ်။
No comments:
Post a Comment