Friday, January 2, 2009

ဖုန်းနံပါတ်နှင့်အိမ်လိပ်စာရှာကြရအောင်

ဒီလင့်လေးကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တည်ဆောက်ထားတာပါ။ ကျွန်တော်တို့ ဖုန်းနံပါတ်သိတာလေးနှင့် အိမ်လိပ်စာကို တန်းပြီးစုံစမ်းလို့ အဆင်ပြေအောင်ပေါ့ဗျာ။ တစ်ချို့ဆိုရင် ဖုန်းနံပါတ်တော့ သိတယ်။ ဒါပေမယ့် အိမ်လိပ်စာကို မသိသေးတာပဲဖြစ်ဖြစ်၊ ကိုက အရမ်းသိချင်တာပဲဖြစ်ဖြစ် စုံစမ်းစရာမလိုပဲ ဒီလင့်လေးကနေ ရှာကြည့်လိုက်တာနဲ့ အားလုံးအဆင်ပြေ သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကဲဒီလင့်လေးကို သွားချင်ရင်တော့ ဒီမှာ ပါ။

အားလုံးပဲ ဒီဆိုက်လေးကို သိချင်တဲ့သူလဲရှိသလို သိပြီးသားလူလဲရှိမှာပါ။ ဒါပေမယ့် ကျွန်တော်တင်လိုက်တာက မသိသေးတဲ့ သူများအတွက်ဖြစ်ပါတယ်။ ကျွန်တော့်ဆိုက်လေးကိုလာလည်တဲ့သူတိုင်း သီချင်းတွေကအစ နည်းပညာပိုင်းတွေအဆုံးအားလုံး ရှိစေချင်တဲ့အတွက် အသေးစိတ်လေးတွေကအစ တင်ပေးနေတာကို အပြစ်မတင်ပဲ ချစ်ခင်တဲ့စိတ်တွေဝင်စေချင်ပါတယ်။ တစ်ခါတစ်ခါ ကိုယ်ကသိပြီးသားဆိုပေမယ့် မသိရသေးတဲ့ သူများအတွက်တော့ ထူးခြားနေလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။
သူငယ်ချင်းများ အားလုံးကို ခင်မင်လေးစားလျှက် ...
ညီနေမင်း(ခေတ္တထိုင်း)

No comments:

Post a Comment