Friday, December 4, 2009

IconWorkShop Pro 6.5

ကျွန်တော်တို့ logo icon နှင့် မိမိ website လိပ်စာရဲ့ ရှေ့မှာ ထည့်ဖို့အတွက် animation(.gif) ပဲဖြစ်ဖြစ် ရိုးရိုးပုံပဲ ဖြစ်ဖြစ် ဖန်တီးယူဖို့အတွက် photoshop ဟာ ကောင်းမွန်တယ် ဆိုပေမယ့် အရမ်းသေးတဲ့ icon လေးတွေကို ဖန်တီးဖို့ အတွက်တော့ အားနည်းချက်တွေ ရှိနေပါသေးတယ် . လုပ်ယူလို့လဲရပါတယ် . ကျွန်တော်ရေးပေးခဲ့ ပြီးသားပါ . ဒါပေမယ့် ဖိုင်ဆိုဒ်က လိုအပ်တာ ထက်ကြီးနေမယ် . ပြီးတော့ ပုံကအရမ်းကို ၀ါးနေလိမ့်မယ် . အခု တင်ပေးလိုက်တဲ့ iconworkshop နဲ့သာ ကိုင်လိုက် ပုံကသေးပေမယ့် ရှင်းပြီးတော့ မူလပုံစံ မပျက်ပဲ မူရင်းပုံ အတိုင်း ဖြစ်နေပါလိမ့်မယ် . icon လုပ်ချင်သူများ အတွက် တင်ပေးလိုက်တာပါ . အဆင်ပြေ နိုင်ကြပါစေဗျာ .

  • icon ဆိုတာ မိမိဝဘ်ဆိုက်လိပ်စာရဲ့ ရှေ့မှာ ထည့်ဖို့ logo icon ကျွန်တော့်ဆိုက်မှာ အလံလေး လှုပ်နေတာ တွေ့ရပါလိမ့်မယ် . အဲ့ဒါကိုဆိုလိုတာပါ .
  • နောက်တစ်ခုက program ရေးတဲ့သူတွေ program တစ်ခုရေးပြီးလို့ မိမိ program ကို ကိုယ်စားပြုတဲ့ icon လေးတွေကိုလဲ ဒီ IconWorkShop နဲ့ ဖန်တီးယူနိုင်ပါတယ် .

Download ifile.it ၊ Download multiupload ၊ Download mediafire

Thursday, December 3, 2009

လုံခြုံမှု နံပါတ်(၁)နေရာ ယူထားတဲ့ BitDefender

ဒီ antivirus program ကတော့ ကမ္ဘာမှာ နံပါတ်(၁) နေရာကို ချိတ်ထား ပြီး ထောက်ခံမှု မဲအများဆုံးရထား ပါတယ် . kaspersky က ဒုတိယပေါ့ . antivirus program တွေရဲ့ အားနည်းချက် အားသာချက် တွေနဲ့ လုံခြုံမှုအဆင့်တွေကို ဒီမှာ သွားကြည့်လို့ ရပါတယ် . ကျွန်တော်ကတော့ kaspersky ကိုပဲ အသဲစွဲဆိုတော့ နံပါတ်(၁) အကောင်းဆုံးလဲ ပြောင်းမသုံးတော့ဘူး . ဒါပေမယ့် သုံးချင်တဲ့ သူများအတွက် တင်ပေး လိုက်ပါတယ် . အဆင်ပြေကြ ပါစေဗျာ ..

Download ifile.it >>> Part(1) ၊ Part(2) ၊ Part(3) ၊ Part(4)

Download Multiupload
>>> Part(1) ၊ Part(2) ၊ Part(3) ၊ Part(4)

error များကို ပြန်ပြင်ဖို့ Advanced SystemCare Pro 3.3 သို့ကြစို့

window 7 support လုပ်သည်။

တစ်ချို့ တစ်ချို့သော program တွေဟာ window 7 မှာ support မလုပ်တာ တွေရှိပါတယ် . ဒါပေမယ့် စိတ်မပူကြပါနဲ့ . အခု နောက်ထွက်သမျှ program တွေအားလုံး window 7 နဲ့ ကိုက်ညီမှု ရှိအောင်လို့ ပြန်ပြင်ပြီး သားတွေ ချည်းပါပဲ . အဲ့ဒီ့အတွက်တော့ စိတ်မပူပါနဲ့ ကျွန်တော် အခုနောက်ပိုင်းတင်တဲ့ program တွေမှန်သမျှ window 7 က support လုပ်တဲ့ program တွေချည်းပါပဲ . latest version မှန်သမျှ support လုပ်ပါတယ် . ဒီ program ကတော့ မိမိ ကွန်ပျူတာမှာ ဖြစ်ပေါ်နေတဲ့ error များကို ပြုပြင်ပေးပါတယ် . မိမိ ကွန်ပျူတာ မြန်ဆန်ဖို့အတွက် ဒီကောင်လေးလဲ ရှိထားသင့်ပါတယ် . ကဲအားလုံးပဲ အောက်မှာ Download လုပ်ပါတယ် .


Download ifile.it ၊ Download multiupload
Win Win "အစ်ကိုရေ SolidWorks 2008 software & crack file လေး ရှိရင် လုပ်ပေးပါဦး . ကျွန်တော့် အတွက် အရမ်းအရေးကြီး နေလို့ပါ ."

တင်ပေးလိုက်ပါပြီ . အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် . အောက်မှာ Download လုပ်လိုက်ပါ .. ကျွန်တော် တစ်ခု ထပ်ပြောပြချင်ပါတယ် . ဒါကလဲ crack (သို့) keygen တွေကို ပေးတိုင်းပြောပြောနေရတဲ့ စကားပါ . antivirus program တွေဟာ crack (သို့) keygen တော်တော်များများကို virus လို့ပဲ သိထားကြပါတယ် . အဲ့ဒီ့အတွက် crack (သို့) keygen တွေကိုထည့်မယ်ဆိုရင် ပထမဦးဆုံး မိမိတင်ထားတဲ့ antivirus program တွေကို ခဏပိတ်ထားပေးပါ . ပြီးမှတင်ပါ . သိပြီးသားလူအတွက် ကိစ္စမရှိပေမယ့် မသိသေးတဲ့သူများအတွက် ကျွန်တော်တင်ပေးတဲ့ ဖိုင်တွေဟာ virus ပါတယ်ဆိုပြီး ပြောပြောနေကြလို့ ထပ်ပြီးသတိပေးလိုက်တာပါ . ကျွန်တော် ဘယ်တော့မှ virus ပါတဲ့ ဖိုင်တွေကို ဒုက္ခခံပြီး မတင်ပေးပါဘူး .

Download ifile.it ၊ Download multiupload

microsoft office 2003

ဟိုတစ်နေ့က တင်ပေးလိုက်တာ ဆင်မပြေဘူး ကြားလို့ ထပ်တင်ပေး လိုက်ပါတယ် . ဖိုင်ဆိုဒ်သေးသေး လေးပါ . အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ် .

Download ifile.it ၊ Download multiupload

kaspersky keys for KIS & KAV

ကိုမိုး ရေ ကျွန်တော် ပို့စ်ပဲ တင်ပေးလိုက်ပါတယ် . kaspersky အတွက်တော့ စိတ်ချပါ . ကျွန်တော် key တွေ မကြာမကြာ တင်ပေးပါတယ် . key အဆင်မပြေ သူများ ပြောလို့ရပါတယ် . အောက်မှာ တင်ပေး လိုက်ပါတယ် .

Download ifile.it ၊ Download multiupload

Wednesday, December 2, 2009

ကွန်ပျူတာတစ်လုံး လုပ်ဆောင်မှု မြန်ဆန်အောင် ဘာတွေ လုပ်သင့်သလဲ .

ဒါကတော့ ကွန်ပျူတာ သုံးတဲ့လူများအားလုံး သိစေချင်လို့ ကျွန်တော် ရေးလိုက်တာပါ . မေးထားတာလဲ ညီအစ်ကို တော်တော်များနေလို့ပါ . ဒီနေ့တော့ ထူးထူးခြားခြား ညီလေးတစ်ယောက် ကျွန်တော့်ကို လာပြီးတောင်းပန်လာပါတယ် . ကျွန်တော် ဘယ်သူ့ကိုမှ တိုက်ခိုက်တာ စော်ကားခဲ့တာ မရှိပါဘူး . ကိုယ့်လမ်းကို လျှောက်နေတာပါ . ဒီ့အတွက် ကိုယ့်လိပ်ပြာကို သန့်ပါတယ် . ကျွန်တော့်ဆိုက်ကို လာလာပြီးအော်ပြီး အမြင်မတော်တဲ့ စကားလုံးများနှင့် လာလာရေးနေတာပါတဲ့ . အဲ့ဒီ့အတွက် ကျွန်တော့်ကို ကျွန်တော်ရှက်ပြီး လိပ်ပြာမလုံတော့လို့ ပါတဲ့ . ကျွန်တော်စိတ်ထဲမှာ ဘာမှကို မရှိပါဘူး . လာဆဲတဲ့ သူတွေအပေါ်မှာလဲ ဘယ်လိုမှ ခံစားချက်ကို မထားတော့တာပါ . သူလဲ သူဝါသနာပါလို့ လာဆဲတာ . ကိုလဲ ၀ါသနာပါလို့ ရေးနေတာပါ . အဲ့ဒီ့အတွက်တော့ နောင်တမရပါဘူး . အခုလို လာပြီး တောင်းပန်တဲ့ညီလေးကိုလဲ အစ်ကို ဘယ်လိုမှ သဘောမထားပါဘူး . ဒီပို့စ်ထဲမှာ ထည့်ရေးလိုက်တဲ့ အတွက်တော့ အစ်ကို့အပေါ်မှာ တစ်မျိုးမထင်စေချင်ပါဘူး . ကဲ ကွန်ပျူတာတစ်လုံး မြန်ဆန်အောင် ဘာလုပ်သင့်သလဲ (၁) မိမိကွန်ပျူတာမှာ virus စစ်တဲ့အချိန်နဲ့ တစ်ခြားအချိန်တွေမှာ antivirus ကြောင့် စက်လေးနေတတ်ပါတယ် . အဲ့ဒီ့အတွက် ပေါ့ပါးပြီး ကောင်းမွန်တဲ့ kaspersky လို antivirus program ကို သုံးသင့်ပါတယ် . (၂) မိမိကွန်ပျူတာဟာ program တွေကို ဖြုတ်လိုက် ပြန်တင်လိုက် ဖိုင်တွေကို ဖျက်လိုက် ပြန်ထည့်လိုက် လုပ်နေတာ ဆိုရင် အဲ့ဒီ့စက်ဟာ ကြာလာတာနဲ့အမျှ စက်ဟာလေးလာမှာပါ . ဘာ့ကြောင့်လဲဆိုရင် အဆိုပါ program တွေကို ဖြုတ်လိုက်တဲ့အခါမှာ program uninstall လုပ်တုန်းက program တော်တော်များများဟာ အကုန်လုံးကို မဖျက်သွားပါဘူး . တစ်ချို့ temporary files တွေ ကျန်နေခဲ့ပါတယ် . အဲ့ဒီ့ဖိုင်တွေဟာ ကွန်ပျူတာတစ်လုံးအတွက် မလိုအပ်ပါဘူး . အဲ့လိုဖိုင်တွေ များလာတာဟာ HDD အတွက် မကောင်းတဲ့အလားအလာပါ . အဲ့ဖိုင်တွေကို ဖျက်ပစ်ရပါမယ် . (၃) မိမိ HDD မှာ system error ကြောင့်ဖြစ်လာတဲ့ bad sector တွေကို မကြာခဏဆိုသလို fix လုပ်ပေးရပါမယ် . တစ်ခါတစ်လေ bad sector တွေများလာတဲ့အတွက် partition တောင် ပိုင်းမရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ် . တစ်လကိုတစ်ကြိမ်လောက်တော့ bad sector ကို fix လုပ်ပေးပါ . (၄) နောက်တစ်ချက်က File တွေကို ပြန်ပြီး စီပေးပါ . ဘာ့ကြောင့် ဖိုင်တွေပြန်စီရတာလဲဆိုရင် ကျွန်တော်ဥပမာ တစ်ခုပေးပါ့မယ် . အတွဲ (၁၀)တွဲရှိတဲ့ မီးရထားတွဲတစ်တွဲမှာ ဆိုပါစို့ဗျာ . အဲ့ဒီ့အခန်းတွေကို ဖိုင်တွေလို့ သဘောထားလိုက် . မိမိက အတွဲ(၁) နဲ့ (၂) မှာ ရှိတဲ့ ပစ္စည်းတွေကို ယူသုံးလိုက်မယ် (ဖိုင်ဖျက်လိုက်တယ်). အဲ့ဒီ့အတွဲ(၁) (၂) ထဲမှာ ဘာမရှိတော့ဘူး . ဗလာကြီးပဲကျန်သေးတယ် . နောက်ထပ် အသစ်လာတဲ့ကုန်ပစ္စည်းတွေကို အတွဲ(၁)နဲ့ (၂) မှာ မထားဘဲနဲ့ ဟိုးနောက်တွဲမှာ သွားထားမယ်ဆိုရင်(ဖိုင်အသစ်တွေထည့်မယ်) မိမိကလိုအပ်လို့ ကုန်ပစ္စည်းတွေကို ထုတ်ယူမယ်ဆိုရင်(ဖိုင်ကိုခေါ်သုံးမယ်၊ ဖွင့်မယ်) ဟိုးနောက်တွဲကနေ သွားသွားပြီးယူနေရတာဆိုတော့ အချိန်ကြာတာပေါ့ . မဟုတ်ဘူးလား . အဲ့ဒီ့တော့ အဲ့ဒီ့ရထားတွဲ မြန်လာအောင် ဘာလုပ်ရမလဲ၊ ကုန်ပစ္စည်းတွေကို ထုတ်ပစ်မယ်၊ ရောင်းပစ်မယ်(ဖျက်ပစ်သည်) ပြီးရင် အဲ့ဒီ့လွတ်နေတဲ့ အခန်းတွေထဲကို နောက်တွဲတွေထဲက ကုန်တွေကို ပြောင်းထည့်မယ် (ဖိုင်ပြန်စီလိုက်သည်) ဆိုရင် ကိုတစ်ချိန်လိုအပ်လို့ ကုန်တွေထုတ်မယ် (ဖိုင်တွေဖွင့်မယ်) ဆိုရင် နောက်အထိသွားစရာမလိုတော့ဘူး . ရှေ့ခန်းကနေ ယူလို့ရတယ်လေ . အခုလဲ ဒီသဘောပါပဲ . အဲ့တော့ ကွန်ပျူတာလေးတာ ကြာတာ၊ ဖိုင်တွေ ဟိုတစ်ဖိုင် ဒီတစ်ဖိုင်ရောက်နေလို့ပါ ဆိုတဲ့အချက်တစ်ချက်လဲ ပါပါတယ် .

တစ်ခြားအချက်တွေကျန်ပါသေးတယ် . ဒါကတော့ လတ်တလော ပြောပြတဲ့အချက်လေးတွေပါ . ထပ်ရေးပါဦးမယ် . ဒီအဆင့် ၄ ဆင့်လောက်ကိုပဲ အခုလုပ်ကြည့်လိုက်ပါ . ကွန်ပျူတာ ယခင်ကထက် ပိုမိုမြန်ဆန်လာတာတွေ့ရပါလိမ့်မယ် .

နံပါတ်(၁) အတွက်ကတော့ စိတ်မပူပါနဲ့ ကျွန်တော့်ဆိုက်မှာ antivirus program ကောင်းကောင်းတွေ တင်ထားပေးပြီးသားပါ . ဒီမှာ သွားယူလိုက်ပါ .
နံပါတ်(၂) အတွက်ကတော့ ကျွန်တော်တင်ပေးထားတဲ့ ccleaner ကို အသုံးပြုပြီးတော့ မလိုအပ်တဲ့ tempory file များကို ဖျက်ပစ်လို့ရပါတယ် . Ccleaner ကို ဒီမှာ တင်ပေးထားပါတယ် .
နံပါတ်(၃) အတွက်ကတော့ Bad sector ကို ဘယ်လို Fix လုပ်မလဲဆိုတဲ့ ပို့စ်ကို ဒီမှာ ရေးထားပြီးသားပါ .

နံပါတ်(၄) ဖိုင်တွေ ပြန်စီဖို့အတွက်ကတော့ ဒီမှာ နှင့် ဒီမှာ မှာ တင်ထားပေးထားပါတယ် . အဆင်ပြေတဲ့ program နဲ့သာ ဖိုင်ပြန်စီလိုက်ပါ . window မှာလဲပါပြီးသားပါ . ဒါပေမယ့် သူက အခုတင်ပေးတဲ့ Defragment လောက်တော့ မကောင်းပါဘူး . ဘာ့ကြောင့်လဲဆိုရင် အခုတင်ပေးတဲ့ Defragment program ဟာ ဖိုင်စီဖို့အတွက် သီးသန့် program ဖြစ်တဲ့အတွက် window မှာပါတဲ့ program ထက်ကောင်းတယ်ဆို တာတော့ ငြင်းလို့မရပါဘူး . .

နံပါတ်(၅) error များကို ပြင်ဆင်ဖို့အတွက် Advanced SystemCare လိုမျိုး program ကိုလဲ စက်ထဲမှာ install လုပ်ထားဖို့လိုပါတယ် . ဒါမှ မိမိကွန်ပျူတာမှာ ဖြစ်နေတဲ့ error တွေကို ပြင်ဆင်နိုင်ပြီး ကွန်ပျူတာအသုံးပြုမှု မြန်ဆန်လာမှာပါ . Advanced SystemCare ကို ဒီမှာ တင်ထားပေးပြီးသားပါ .