Sunday, December 13, 2009

WinZip 14 Pro

ကျွန်တော် win rar ကို လိုင်စင် version အတွက် အရင်က တင်ပေးထား ပြီးသားပါ . အခုတစ်ခါ win zip ကို လိုင်စင် version နဲ့ ထပ်ပြီးတော့ တင်ပေးလိုက်ပါတယ် . အဆင်ပြေကြပါစေဗျာ . ဒီနေ့ ကျွန်တော့် အမေက ကျွန်တော့်ကို မွေးတာ 26 နှစ်ပြည့်တဲ့ နေ့ပါ . လူ့လောက ကြီးထဲကို ရောက်လာအောင် မွေးထုတ်ပေးလိုက်တဲ့ ကျွန်တော့အမေကို ရောက်လေရာ နေရာတိုင်းမှာ ကျွန်တော် အမြဲ လက်အုပ်ချီပြီး ဆုတောင်းပေး နေတာပါ . မိဘနဲ့ နီးနေသူများ ကိုယ့်မိဘကို တန်ဖိုးထားတတ် ကြပါစေဗျာ . မိဘနဲ့ဝေးမှ မတမ်းတ၊ မိဘများ မျက်စိမှိတ်သွားမှ လွမ်းဆွတ် မကြေကွဲ ကြပါနဲ့ . မိဘဆိုတာ ဆုံးရှုံးသွားရင် ပြန်ပြီး အစားထိုး ရတတ်တဲ့ အရာ မဟုတ်ပါဘူး . မိဘဖက်က ကိုယ့်ကို မိဘ၀တ္တရားကြေခဲ့ရင် သားသမီးဖက်ကလဲ ပေးဆပ်ဖို့အတွက် လက်မတွန့်ကြပါနဲ့ . မိမိက မိဘအပေါ်ကို သားသမီး ၀တ္တရားကြေမှသာ ကိုမွေးတဲ့သားသမီးကလဲ ကိုယ့်ကို သားသမီးတာဝန် ကြေကြမှာပါ . အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ လို့ ဆုတောင်းပေး လိုက်ပါတယ် . အထဲမှာ serial number အပြင် keygen ပါ ထည့်ပေးထားပါတယ် ..


Download ifile.itDownload mediafire

4 comments:

  1. မွေးနေ့မှာပျော်ရွှင်နိုင်ပါစေဗျာ။အသိပညာ အတတ်ပညာတွေလဲဒီရေလိုတိုးလို့ အများအကြိုးသယ်ပိုးနိုင်ပါစေ။

    ReplyDelete
  2. မင်္ဂလာမွေးနေ့ပါ ကိုညီနေမင်း ကျွန်တော် WinZip 14 Pro ကို Full Version ဖြစ်အောင် ကိုညီနေမင်း ပေးထားတဲ့ Key နဲ့ ဘယ်လိုလုပ်ရမလည်းဆိုတာ မသိလို့ ဖြေကြားပေးပါလားခင်ဗျာ၊ ကျွန်တော် အခုတော့ WinRAR သုံးနေပါတယ်၊ ဒါပေမဲ့ WinZip လည်း သုံးကြည့်ချင်လို့ပါ
    ယခုမွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာ မိဘကျေးဇူး သိတတ်သော သားကောင်းရတနာတစ်ဦး ဖြစ်ပါစေလို့ဆုတောင်းရင်း

    ReplyDelete
  3. I think We need user name to register. In the file only register key and not include user name. This cannot use like full vision. Thanks for your sharing.

    ReplyDelete
  4. WinZip 14 Pro အိုကေ သွားပြီ ကိုညီနေမင်းခင်ဗျာ၊ ကျေးဇူးတင်ပါတယ်

    ReplyDelete