Sunday, December 13, 2009

မွေးနေ့ကို ဘာ့ကြောင့် လုပ်ကြသလဲ

ဒီနေ့ ကျွန်တော့်မွေးနေ့ဆိုတော့ မွေးနေ့နဲ့ ပက်သတ်တဲ့ စကားလေးတစ်ခွန်းတော့ ပြေပြချင်ပါတယ် . မွေးနေ့ကို ဘာလို့ လူတွေက နှစ်တိုင်းလုပ်သလဲဆိုရင် အချက်နှစ်ချက် ရှိပါတယ် .

  • (၁) မိမိသေရမည့် ရက်နီးလာတာကို အမှတ်ရစေဖို့
  • (၂) မိမိကို မွေးဖွားပေးခဲ့သည့် မိခင် အသက်နဲ့ရင်းပြီး မွေးခဲ့တဲ့ ရက်ကို အမှတ်ရစေဖို့ အတွက်ပါ .

ဒီလိုနေ့တွေမှာ မိဘနားမှာနေပြီး မိဘစိတ်ချမ်းသာအောင်ထားသင့်ပါတယ် . တစ်ချို့က မွေးနေ့ဆိုတာကို ပျော်ပွဲရွှင်ပွဲ သဘောမျိုး ထားကြတာ မှားပါတယ် . မိဘကို သတိမရဘဲ ဘီယာသောက် အရက်သောက် မူးပြီး အိပ်၊ အဲ့လိုမျိုး မဖြစ်သင့်ပါဘူး . အားလုံးပဲ မိဘနဲ့ နီးနီးကပ်ကပ်နေရ တဲ့သူများ မိဘတန်ဖိုးကို သိတတ်ပါစေ နားလည်ပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ် . မိဘရင်ခွင်ထဲမှာ နေချင်ပေမယ့် ဘ၀တိုက်ပွဲအတွက် တစ်ခြားနိုင်ငံတစ်ခုမှာ သွားရောက်ပြီး လုပ်ကိုင်နေရပေမယ့် အချိန်တိုင်း မိဘနှစ်ပါးကို သတိရနေတာပါ .

31 comments:

  1. ဟုတ်ပါတယ်ဗျာ ထပ်တူထပ်မျှပါပဲ။ လေးစားပါတယ်။

    ReplyDelete
  2. မွေးနေ့မှာပျော်ရွှင်ပါစေ

    ReplyDelete
  3. အစ်ကိုရေ.. ဟက်ပီးဘဒ်ဒေးပါ... အစ်ကို့စာတွေ အမြဲလာဖတ်ဖြစ်ပါတယ်...း))

    ReplyDelete
  4. မွေးနေ့မှာပျော်ရွှင်ပါစေ အစ်ကို။ အစ်ကိုပြောတာမှန်ပါတယ်။ မွေးနေ့မှာ သတိရသင့်ဆုံးက အမေပါ။

    ReplyDelete
  5. ဟုတ်ပါတယ်ခင်ဗျာ။ မွေးနေ့ရှင်တိုင်း သိထားမယ်ဆိုရင် တော်တော်ကောင်းမှာပဲ။ အစ်ကိုရဲ့မွေးနေ့မှာ ဒီအသိလေးအတွက် သာဓုခေါ်မိပါတယ်ခင်ဗျာ။ ဖြစ်နိုင်ရင် လတိုင်း၊ အပတ်တိုင်း၊ နေ့တိုင်း၊ နာရီတိုင်း၊ စက္ကန့်တိုင်း သိလိုက်ရင်တော့ အကောင်းတကာအကောင်းဆုံးပေါ့ဗျာ။ ကျွန်တော်တို့ဆိုရင် မွေးနေ့ရက်ကို မှတ်တောင် မမှတ်ထားဘူး။ သိတော့ သိပါတယ်။ မွေးနေ့ကျမှပဲ ရက်ကောင်းသလိုလိုနဲ့ နေ့တိုင်းက ကျန်းမာရေးကောင်းရင် ကောင်းနေတာပါပဲ၊ ဒါပေမယ့် သေဖို့တော့ မေ့နေချင်ပါသေးတယ်

    ReplyDelete
  6. "* (၁) မိမိသေရမည့် ရက်နီးလာတာကို အမှတ်ရစေဖို့
    * (၂) မိမိကို မွေးဖွားပေးခဲ့သည့် မိခင် အသက်နဲ့ရင်းပြီး မွေးခဲ့တဲ့ ရက်ကို အမှတ်ရစေဖို့ အတွက်ပါ . " တဲ့မှတ်သားသွားပါသှ်


    မွေးနေမှာ.......ပျော်ရွင်ပါစေ
    ဖြစ်ချင်သောဘ၀......ဖြစ်နေတဲ့ဘ၀ထပ်တူကျပါစေလို
    ဆိုတောင်းပေးပါတရ်.....ကိုညီနေမင်း

    ReplyDelete
  7. မွေးနေ့မှာတင် မဟုတ်ဘဲ နေ့တိုင်းနေ့တိုင်း ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို အနှောင့်အယှက်ကင်းကင်းနဲ့ စိတ်လိုလက်ရ လုပ်နိုင်ပါစေ...

    ReplyDelete
  8. ကိုနေမင်းက ကျွန်တော့်ဆ၇ာပါပဲ။ ဆ၇ာကျန်းမာစွာဖြင့်
    ပညာ၇ပ်များကို ဆက်လက်ဖြန့်ဖြူးနိုင်ပါစေ။ပိုမိုတိုးတက်
    အောင်မြင်ပါစေလို့ မွေးနေ့မှာ ဆန္ဒပြုပါတယ်။

    ReplyDelete
  9. ကိုညီနေမင်း ခင်ျော။ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေူ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ူကျွန်တော်က အကို့ရဲတပည့်တစ်ဦးပါ။ မှန်တယ်ဗျာ မွေးနေ့မနက်မှာမိဘနှစ်ပါးကို ထိုင်ကန်တော့ရတဲ့ပီတီ ကဘာနဲ့မှလဲလို့မရဘူးလေ။ HAPPY BIRTHDAY PAR

    ReplyDelete
  10. ဟယ်လိုhappy birthday ပါဗျာ
    အတွေးတွေကမိဘနဲ့ဝေးနေသူတယောက်ဆိုတောခံစားရပါတယ်
    မိဘမရှိတော့တဲ့သူတယောက်လည်းဒီလိုခံစားရမှာပဲ
    မရှိတော့မှတွေ့ဖို့အတူပျော်ဖို့ဆိုတမလွယ်မှန်းသိရပြီ
    အထူးသဖြင့်အမေဆိုတဲ့မြင့်မြတ်သူတယောက်ကိုဒီလိုနေ့မှာတစုံတရာပြုလုပ်ပေးသှ်ု့တယ်
    အစ်ကိုလည်းနီးကပ်စွာနေနိုင်တဲ့နေ့တနေ့တောပြုလုပ်ပေးနိုင်ပါစေလို့
    ဘယ်တော့မှဒီလိုအခွင့်မရှိတော့တဲ့လူမိုက်တကောင်ဆုတောင်းပေးပါတယ်
    အစ်ကိုအသက်ရကျော်ရှည်ပါစေမွေးနေကမှာပျော်ရွင်နိုင်ပါစေ

    ReplyDelete
  11. ကိုညီ
    ဒီနေ့မွေးနေ့မှာ ပျော်ရွှင်ပါစေ
    သက်ကျော်ရာကျော်ရှည်ပါစေ
    ကျန်းမာ ချမ်းသာပါစေ
    လိုအင်ဆန္ဒ အားလုံး ပြည့်စုံပါစေ

    ReplyDelete
  12. ကိုညီနေမင်း ခုကျရောက်တဲ့မွေးနေ့မှသည် နောင်နှစ်ပေါင်း
    များစွာတိုင်အောင် ပျော်ရွှင်ပါစေဗျာ မွေးနေ့ဆုလာတောင်း
    ပေးတာတောင် နောက်ကျလို့စိတ်မကောင်းပါဘူး ဟီးးးဟီးး
    ကိုယ့်ရှေ့မှာ ကိုယ့်ထက်ဦးတဲ့သူတွေရှိသွားလို့ :P မွေးနေ့
    မှာ ကိုယ်စိတ်ထဲကအတိုင်း အစစအရာရာ အဆင်ပြေပါစေ
    ဗျာ ။

    ReplyDelete
  13. မွေးနေ့မှာပျော်ရွှင်နိုင်ပါစေ
    နောင်လည်း ယခုလိုအကျိုးပြုစာတွေ
    ပညာပေးစာတွေတင်နိုင်ပါစေလို့
    အမြဲအားပေးနေပါမယ်

    ReplyDelete
  14. မွေးနေ့တိုင်း..မွေးနေ့တိုင်း...အစ်ကိုဖြစ်ချင်တှဲ့ဆန္ဒတွေနဲ့
    ပြည့်ဝပျော်ရွှင်နိုင်ပါစေ....။

    ReplyDelete
  15. Mr Nyi,Everyday is a new beginning.But today is very special,It's yr birthday,and that's what makes this day!all the more beautiful.As you celebrate yr special day.May all yr wishes come truth !Happy Birthday to you.

    ReplyDelete
  16. ပျှော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ။

    ReplyDelete
  17. ပျှော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ။

    ReplyDelete
  18. အစ်ကိုရေ အစ်ကို့အတွက် မွေးနေ့လက်ဆောင်ပေါ့။ ဆရာတော်ဦးဇောတိက ရဲ့ အခွင့်အရေးနှင့်တာဝန် သဘောထားမှန်ပါစေ စာအုပ်ထဲက စာသားလေးတွေထည့်ပေးလိုက်တယ်
    သင့် ဘ၀မှာ အဓိကအကျဆုံး၊ ခြေခံစိတ်အကျဆုံး၊ အချက်အခြာအကျဆုံး လိုအပ်ချက်တစ်ခုပဲရှိပါတယ်။ အဲဒါဘာလဲဆိုတော့ ကိုယ့်ကိုယ်ကို ဖြစ်နိုင်သမျှအကောင်းဆုံးဖြစ်ဖို့၊ ကိုယ့်မှာ အရည်အချင်းတွေအများကြီးရှိတဲ့အထဲက အကောင်းဆုံးအရည်အချင်းကို အကောင်အထည်ဖော်ဖို့။
    ကြည်လင်ရွှင်လန်းတဲ့သူ၊ ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ သင့်မှာ အခွင့်အရေးရှိပါတယ်။ ကြည်လင်ရွှင်လန်းတဲ့သူ၊ ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ တာဝန်လည်းရှိပါတယ်။

    ကိုညီ
    မွေးနေ့မှသည်
    စိတ် ချမ်းသာ ၊ ကိုယ် ကျန်းမာပါစေ

    ReplyDelete
  19. Happy Birthday ဖြစ်ပါစေ ကိုညီ။

    ReplyDelete
  20. Happy Birthday ပါ ကိုညီ။ နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  21. မွေးနေ့မှာ မွေးမိခင်မွေးဖခင်တို့ကို လေးစားသတိရနေယုံနဲ့ တာဝန်မကြေပါဘူး။
    မိမိတတ်စွမ်းသလောက်နဲ့ သတိတရ အမှတ်ရ ကန်တော့ကြပါလို့။
    ကုသိုလ်ပြုပါရစေ၊
    အားလုံး မင်္ဂလာပါ။

    ReplyDelete
  22. မနေ့က ရောက်သေးတယ်ဗျာ
    ပို့စ်မတင်သေးဖူး
    ဒီနေ့မှတွေ့တာ
    နောက်ကျသွားလဲ မန့်သွားတယ်အစ်ကိုရေ
း) ပျော်ရွင်သောမွေးနေ့ပါအစ်ကို

    ReplyDelete
  23. မနေ့ က ရုံးပိတ်ရက်မို့  ကိုညီနေမင်းမွေးနေ့ မသိလိုက်လို့  ဟက်ပီးဘဒ်ဒေး ....
    နေ့ တိုင်း ပို့စ်အသစ်လေးတွေစောင့်ဖတ်နေသလို
    နေ့ တိုင်းလဲ မေတ္တာပို့ ဆုတောင်းပေးနေပါတယ်
    ကျမ်းမာချမ်းသာစွာနဲ့ အများအကျိုးကိုဒီထက်ပိုလို့ ဆောင်နိုင်ပါစေ
    ရနောင်းက အောင်စိုး

    ReplyDelete
  24. တရက်ပဲကွာတယ်..ကျွန်တော်နဲ့..ဟဲဟဲ

    ReplyDelete
  25. Happy birthday!!!
    ကိုညီသည်ယနေ့မှစပြီးတော့ နောက်နှစ်ပေါင်းများစွာတိုင်း
    ကျန်းကျန်းမာမာပျော်ရွှင်စွာနေထိုင်နိုင်ပါစေဗျာ။
    ကျွန်တော် ဝေဟင်အောင် မေတ္တာပို့သခဲ့ပါတယ်။

    ReplyDelete
  26. ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းပြည့်စုံနိုင်ပါစေ။ မွေးနေ့ကိုတစ်ရက်နောက်ကျသွားတယ်။ မွေးနေ့အတွက်ပိုစ့်လေးကောင်းပါတယ်။ မွေးနေ့တိုင်းမှာ ကိုယ့်မိခင်ကိုအထူးကန်တော့ပန်းဆင်ကာ၊ ပျော်ရွှင်အောင်
    ထားရမယ်ဆိုတာ မှန်ပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  27. May you be life long, Ko Nyi Nay Min.

    ReplyDelete
  28. နောကျကျသွားပေမဲ့ပြောခဲ့တယ်နော်............။
    Happy Birthday ပါအကို..........။
    မွေးနေ့ မှာပျော်ရွင်ပါစေ...........။
    မွေးနေ့ မှစနောက် နှစ်ပေါင်းများစွာ တိုင်အောင်ပျော်ရွင်ပါစေ....။
    လိုအင်ဆန္ဒတွေလဲပြည့်ဝပါစေလို့ လရိပ် ဆုတောင်းပေးပါတယ် အကို.......။

    ReplyDelete
  29. ကိုညီနေမင်း
    မွေးနေ့မှာပျော်ရွှင်ပါစေ..
    မွေးနေ့ရက်မရောက်ခင် အဲဒီအသိလေး မျှဝေပေးတဲ့
    အတွက် ကျေးဇူးပါ
    လေပြေအယ်နီကို

    ReplyDelete
  30.်ကိုညီ
    မွေးနေ့အကြောင်းလေးဖတ်ရတာ ကြည်နူးပီတိဖြစ်ရတယ်ဗျာ၊ မွေးနေ့မှာပျော်ရွှင်ပါစေဗျာ၊ လေးစားလျက်ပါ...

    ReplyDelete