Thursday, November 26, 2009

zawgyi နှင့် pagemaker ပြဿနာ

ဒီမေးခွန်းကို မေးတဲ့လူ တော်တော်များပါပြီ . ကျွန်တော်တို့ zawgyi နဲ့ စာရိုက်လို့ရတယ် ဆိုပေမယ့် . Unicode ကိုလက်ခံတဲ့ MS office အတွက် ကိစ္စမရှိပေမယ့် . Unicode လက်မခံတဲ့ pagemaker လို စာစီစာရိုက် Program မျိုးမှာဆိုရင်တော့ ဆွေးမယ့်အထာပါပဲ . အမြဲတမ်းဒီမေးခွန်းကို မေးလို့ ပို့စ်မတင်ဘဲ ကျွန်တော် စာပြန်ပြန်ပြီးတော့ ပြောပြနေရတာနဲ့ အခုတော့ မထူးဘူးဆိုပြီးတော့ ပို့စ်တင်လိုက်တာပါ . ကျွန်တော်တို့ adobe pagemaker ကို latest version အနေနဲ့ 7.0 ကို နောက်ဆုံး ထုတ်လုပ်ခဲ့ပါတယ် . adobe pagemaker ဟာ unicode ကို လက်မခံတဲ့အတွက် ကျွန်တော်တို့ သုံးနေတဲ့ zawgyi keyboard နဲ့ စာကို ms office မှာ ရိုက်သလိုမျိုး ရိုက်လို့မရပါဘူး . pagemaker မှာ win innwa နဲ့ စာစီ၊ ဒီဇိုင်းဆွဲပြီးတော့မှ pdf ကို ပြောင်းပါ . ဇော်ဂျီနဲ့ သွားရိုက်ရင်တော့ ပေါ်ကိုပေါ်လာမှာမဟုတ်ပါဘူး . ပင်ပန်းရုံပဲအဖတ်တင်မယ် နောက်တစ်ခုက မေးထားတာရှိပါသေးတယ် . video editing software တော်တော်များများဟာ ဇော်ဂျီဖောင့်ကို လက်မခံပါဘူး . ပြီးတော့ ဇော်ဂျီဖောင့်မှာက ဒီဇိုင်းက တစ်မျိုးတည်းရှိတယ် . ဘာလုပ်ဖို့လဲ တစ်ခြား ဒီဇိုင်းလှလှဖောင့်လေးတွေ မြန်မာပြည် နေရာတိုင်းမှာ ရှိနေတာကို မသုံးပဲ ပေကပ်ပြီးဘာလို့များ ဇော်ဂျီဖောင့်နဲ့ပဲ video တည်းဖြတ်ရေး လုပ်ချင် ရတာလဲဆိုတာ ကျွန်တော်တော့ မတွေးတတ်တော့ဘူး . မြန်မာစာ ဒီဇိုင်းပုံစံလှလှလေးတွေ လိုချင်တယ်ဆိုရင် ဒီမှာ ကိုဇောင်း တင်ပေးထားတာ တွေ့ပါတယ် . သွားပြီးတော့ Download လုပ်လိုက်ပါ . ကျွန်တော်တို့ အရင်က adobe pagemaker 7.0 ကို ထုတ်ပြီးတာနဲ့ နောက်ထပ် ထပ်ထွက်တဲ့ pagemaker update နာမည်ကိုတော့ Adobe InDesign ဆိုပြီးပြောင်းလိုက်ပါတယ် . Indesign CS4 ကတော့ ယခုလက်ရှိ နောက်ဆုံးထွက် version ပါ . အဲ့ဒါ adobe pagemaker အတွက် latest version ပါ . Indesign မှာတော့ unicode ရပါတယ် . နောက်နေ့မှ ကျွန်တော် Indesign အတွက် program တင်ပေးပါ့မယ် .

2 comments:

  1. ကျေးဇူးတင်ပါတယ်ခင်ဗျာ
    ဇောင်းဆီကဖောင့်ကဒေါင်းမရပါ
    ကိုညီဆီမှာတင်ပေးပါလား ဖြစ်နိုင်ရင်ပေါ့နော်

    ReplyDelete
  2. ကိုဇောင်းဆီကဒေါင်းမရပါဘူးခင်ဗျာ ကိုညီဆီမှာပဲတင်ပေးပါလားဗျာ

    ReplyDelete