Friday, November 20, 2009

usb power surge error

ဇင်မျိုး . usb power surge စာတန်းပဲ တချိန်လုံးပေါ်နေတယ်...usb တွေလည်း ထိုးလို့ရတဲ့ဟာရတယ်..မရတဲ့ port မရဘူး...ဘာဖြစ်တာလဲမသိဘူးဗျ... ရုံးတရုံးလုံးကိုဖြစ်နေတာ..ကူညီပါဦး...

ညီလေးလား ညီမလေးလားတော့ မသိပါဘူး . ညီလေးပဲဖြစ်မယ်ထင်ပါတယ် . အစ်ကိုတို့ power supply ကနေ out put ထွက်ပေးတဲ့ voltage က usb port အတွက်ဆိုရင် 5 volt ထွက်ပေးပါတယ် ငါ့ညီ . ငါ့ညီတို့ သုံးနေတဲ့ ရုံးမှာက မီးအား မမှန်လောက်ဘူးလို့ အစ်ကိုထင်ပါတယ် . မီးအားမမှန်တာဆိုတာက 220 မှန်ရဲ့လား . ပြီးတော့ ခံပြီးတော့ သုံးထားတဲ့ transformer ဟာ မီးအား ကို ပုံမှန်ဖြစ်အောင် မထိန်းနိုင်တာမျိုးနဲ့ ကွန်ပျူတာအလုံးရေများပြီးတော့ ပေးထားတဲ့ မီးအား က နဲနေရင်တဲ့အခါမှာ မီးခဏခဏကျလိုက်တက်လိုက် ဖြစ်နေရင်လဲ powersupply က နေ ထွက်ပေးတဲ့ voltage က 5volt မပြည့်ရင် အလုပ်မလုပ်ပါဘူး. ဥပမာ ငါ့ညီ printer (or) scanner ကို usb port ထိုးထားပေမယ့် ထုတ်လို့မရတာမျိုး scan ဖတ်လို့မရတာမျိုး မရဘဲ error ပြနေတာမျိုးပေါ့ . အဲ့လိုအခါမျိုးဖြစ်နေတယ်ဆိုရင်တော့ အခုနက ငါ့ညီပြောတဲ့ error မျိုးပြတတ်ပါတယ် . အဖြေကို တိတိကျကျသိချင်ရင် မီးအားမှန်ပြီးတဲ့ မီးအားလိုင်းတစ်လိုင်းနဲ့ ချိတ်ပြီးတော့ UPS ခံပြီးသုံးကြည့်လိုက်ပါ . အဆင်ပြေတယ်ဆိုရင်တော့ မီးအားမမှန်လို့ဆိုတာ သေချာသွားပါပြီ . အဲ့လိုဆိုရင်တော့ ငါ့ညီ ရုံးခန်းနဲ့ပဲ လုပ်ခိုင်းမှရမယ် . အစ်ကိုလဲ မကူညီနိုင်ဘူး .

2 comments:

  1. ကျေးဇူးတင်ပါဗျာ....အဲလိုဖြစ်ရင်မလွယ်ဘူး...ပညာတခုတိုးတာပေါ့...ကျွန်တော်လည်း IT စိတ်ဝင်စားတဲ့လူတယောက်ပါ...အကို့ဆိုဒ်ကို သိရတာ..တော်တော်အားတက်တယ်...တကယ့်ကို ဆရာသမားတယောက်ပါပဲဗျာ....ကျေဇူးပါနော်..

    ReplyDelete
  2. ကိုညီရေ တစ်ချက်လောက်ကူညီဖြေရှင်းပေးပါဦးခင်ဗျာ..
    ကျွန်တော်လိုက်ရှာတာလဲနှံ့နေပြီအွန်လိုင်းမှာမတွေ့လို့ပါခင်ဗျာ..ကျွန်တော် USB (Kingsotn) 4GB ကို အပြင်ကွန်ပြူတာတစ်လုံးမှာ သွားသုံးပါတယ် ပြန်ရောက်တော့ ကျွန်တော့်ကွန်ပြူတာမှာထိုးလိုက်တာ စက်မှာရှိတဲ့ USB Disk Security software က virus ရှိတယ်ဆိုပြီးပြောပါတယ် အဲ့ဒါနဲ့ ကျွန်တော်လည်း သူပြောတဲ့အတိုင်း delete လုပ်ပါတယ် ဒါပေမယ့် လုပ်လည်းလုပ်ပြီးရော အဲ့ဒီ USB ကိုဖွင့်လို့လဲမရတော့ဘူးအကို.. ဖွင့်လို့ရှိရင် format လုပ်ခိုင်းပါတယ်..ဒါပေမယ့် format လုပ်လို့ရှိရင်လည်း လုပ်လို့မရဘူးအကို the disk is write protected လို့ပြောပါတယ် အဲ့ဒါနဲ့ ကျွန်တော် write protected error ကိုအွန်လိုင်းမှာလိုက်ရှာပါတယ် တွေ့လဲတွေ့ပါတယ် အဲ့ဒီ write protected ကိုပိတ်လို့ရှိရင်လည်း ကျွန်တော် USB က ပေါ်ကိုမပေါ်တော့ဘူး ဒါနဲ့ ကျွန်တော် အဲ့ဒီကောင် software ကို registry ထဲကနေသွားပြီးတော့ uninstall လုပ်လိုက်ပါတယ် ပြီးတော့ စက်ကို restart ပေးပြီး ပြန်ထိုးတော့လည်း သူ့ဟာနဲ့သူ install လုပ်ပြန်တယ်..ဒါပေမယ့်သုံးလို့ကမရပါဘူးအကို.. အရင်အတိုင်းပဲ error တက်လာပါတယ် အဲ့ဒါဘယ်လိုလုပ်ရမလဲ အကိုတစ်ချက်လောက်ကူညီဖြေရှင်းပေးပါဦး.. ကျေးဇူးတင်ပါတယ်အကို။
    ပြီးတော့ ကျွန်တော် စက်၃လုံးမှာ format လိုက်ချကြည့်ပါတယ်အကို မရဘူးခင်ဗျ error က အဲ့ဒီပုံစံအတိုင်းပဲတက်နေတယ်.. ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး ဖြေကြားပေးပါဦးအကို။

    ReplyDelete