Sunday, November 29, 2009

မျက်နှာအနေအထားကို professional ကျကျပြုပြင်ပြောင်းလဲလိုလျှင်

သူကတော့ မျက်နှာပြုပြင်တဲ့ နေရာမှာ photoshop ထက် အားသာချက် တွေ တစ်ပုံတစ်ပင်နဲ့ပါ . photoshop မှာ ပြုလုပ်လို့ မရတဲ့ မျက်နှာကို professional ကျကျ ပုံစံအမျိုးမျိုး ပြုပြင်မယ် . မျက်နှာအနေ အထားကို ပုံစံပြန်ချိုးမယ် . ပြီးတော့ ဓါတ်ပုံရဲ့ lighting ကို ပြန်ပြီး adjust လုပ်မယ်ပေါ့ . သူ့ရဲ့ အားသာ ချက်ကတော့ မျက်နှာကို ပုံစံအမျိုးမျိုး ပြုပြင်နိုင်တာပါပဲ . တစ်ချို့ ဓါတ်ပုံရိုက်လိုက်တယ် . သိပ်ပြီး မပြုံးလိုက်မိဘူး . အဲ့လိုဖြစ်နေတဲ့ပုံတွေကို သူက နဲနဲလောက် ပြုံးခိုင်းလို့ရသလို၊ အသက်မ၀င်တဲ့ ပုံစံမျိုးတွေကို action ကျကျ ပြန်ပြီး setting ပြန်ချလို့လဲရပါတယ် . သုံးကြည့်လိုက်ပါ . ဒါက ဓါတ်ပုံပြုပြင်နေတဲ့ ညီအစ်ကိုများ အတွက် သီးသန့် တင်ပေးလိုက်တယ် ဆိုပေမယ့် တစ်ခြားလေ့လာချင်တဲ့ ညီအစ်ကိုများလဲ စမ်းချင်ရင် စမ်းလို့ရပါတယ် . ဓါတ်ပုံပြုပြင်တဲ့နေရာမှာ တစ်ခါတစ်လေ Photoshop တစ်ခုတည်းကိုပဲ အားမကိုးဘဲနဲ့ တစ်ခြား ဓါတ်ပုံပြင်တဲ့ program တွေကိုလဲ ပေါင်းစပ်ပြီးသုံးရပါတယ် . ဒါမှလဲ သူများနဲ့ မတူဘဲ တစ်ကယ့်ကို အသက်ဝင်ပြီး ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတစ်ပုံရလာမှာပါ . photoshop ဟာ တစ်ကယ့်ကို ကောင်းမွန်တဲ့ ဓါတ်ပုံပြုပြင်တဲ့ program ကောင်းတစ်ခုပါ . သူ့မှာ လုပ်လို့မရတဲ့ effect မျိုးကို တစ်ခြား ပြုလုပ်လို့ရတဲ့ program နဲ့ ပေါင်းစပ်လိုက်မှာ ကိုလိုချင်တဲ့ ပုံစံမျိုးရလာမှာပါ . ကဲစမ်းကြည့်လိုက်ပါဦး အောက်မှာ အသုံးပြုပုံ အသုံးပြုနည်းကို ကျွန်တော် Movie နဲ့ တစ်ပုံကို အစမ်းလုပ်ပြလိုက်ပါတယ် . ကြည့်လိုက်ပါ . ဘယ်လို သုံးရတာလဲလို့ ပြန်ပြီးမေးလာမယ် ဆိုတာကို ကြိုသိလို့ program နဲ့ အသုံးပြုပုံ တစ်ခါတည်း တွဲပြီး ပို့စ်တင်ပေး လိုက်ပါတယ် .

Portrait professional Max 6.3
Download ifile.itDownload mediafireDownload multiuplaod

Movie ရှင်းပြချက်
Download ifile.itDownload mediafire

1 comment:

  1. Please enter your activation token:
    နေရာမှာဘာထည့်ရမှာလဲအကို/
    တချက်လောက်ရှင်ြး့ပပေးပါလာ။

    ReplyDelete