Thursday, November 5, 2009

အင်တာနက်သုံးရင် သိထားသင့်တာလေးတွေ

(၁) မိမိမသိတဲ့မေးလ်ကို ဖွင့်ဖောက်မကြည့်မိပါစေနဲ့ . ဖွင့်ကြည့်မိသည့်တိုင်အောင် ဓါတ်ပုံနှင့် ပို့ပေးထားသည့် ဘာမှန်းမသိသည့် program ကို install မလုပ်ပါနှင့် . မည်သည့် program ကိုမဆို rename ပြောင်းလို့ရပါတယ် .
(၂) internet ကို အပြင်ဆိုင်များတွင် မဖြစ်မနေသုံးရင် keylogger ရှိမရှိ သေချာဆန်းစစ်ပြီးမှ သုံးပါ ..
(၃) firefox ကို သုံးပြီး email ၀င်တိုင်း remember this computer ကိုတာကို အမှန်ခြစ်မပေးမိပါစေနဲ့ . မိမိရဲ့ password ဟာ firefox browser မှာ ကျန်ခဲ့သလား မကျန်ခဲ့သလား သိချင်ရင် Tools >> options >> security ကို သွားလိုက်ပါ . ပြီးလျှင် saved passwords ကို နှိပ်ပါ . ပေါ်လာတဲ့ box ထဲက show password ကို ဆက်နှိပ်လိုက်ပါ . အဲ့မှာ ကျန်နေခဲ့လျှင် remove all ကို နှိပ်ပြီး ရှင်းလင်းခဲ့နိုင်ပါတယ် . cookies တွေ ကျန်နေခဲ့မှာ စိုးရင်တော့ ccleaner လို program မျိုးနဲ့ ရှင်းခဲ့လျှင် ပိုစိတ်ချနိုင်ပါသည် .
(၄) keylogger ကို ဖျက်ပစ်နည်းကို အရင်ပို့စ်တွေမှာ ရေးခဲ့ပြီးသားပါ . အဲ့ဒီ့အတွက်တော့ နားလည်မယ်လို့ မျှော်လင့်ပါတယ် . နောက်တစ်ခုက keylogger မဟုတ်ဘဲ တစ်ခြား မိမိလုပ်ဆောင်ချင်ကို မှတ်သားပေးနိုင်တဲ့ recorder တွေလဲ ရှိပါသေးတယ် ကျွန်တော် အလျင်းသင့်သလို ရေးသွားပေးပါ့မယ် .
(၅) နောက်တစ်ခုက flash drive တစ်ခုဆောင်ထားပြီး ဆိုင်က program တွေကို မသုံးပဲ လိုအပ်တဲ့ program တွေကို မိမိ flash drive ထဲမှာ portable အဖြစ် ယူလာပြီးသုံးတာ ပိုအဆင်ပြေစေပါတယ် .

<<<<<<<<<<<< ဖြည့်စွက်ရေးသားပေးပါဦးမည် . >>>>>>>>>

2 comments:

  1. အခုလိုမျိုး သိထားသင့်တာလေးတွေကို
    တင်ပြပေးတဲ့အတွက် ကိုညီကို အထူးပဲကျေးဇူးတင်ပါတယ်.

    ReplyDelete
  2. ကျေးဇူပဲအကိုရေ......အကိုဒီလိုရှင်းပြတဲ့အတွက်ပညာကြီးပါစေ။

    ReplyDelete