Sunday, November 23, 2008

Start Menu မှ control panel ကိုဖျောက်ထားခြင်း

Run Box မှ Regedit ကိုဝင်ပါ။
Hkey current user မှ software မှ Microsoft မှ Windows မှ Current version မှ Policies မှ Explorer ကိုဖွင့်ပါ
၎င်း Explorer ပေါ်တွင် Right click ပေးပါ ။ ပေါ်လာသော Popup Menu တွင် New Dword Value ကိုရွေးပါ။
ထပ်၍ပေါ်လာသော "ew Value # 1 "Value name)တွင" No Control Panel"ဆိုပြီးရိုက်ထည့်ပါ
၎င်းစာသားပေါ်တွင် Right click ပေးပြီး Modify ကိုဖွင့်ပါ
ပေါ်လာသော"Edit Dword Value "dialog box တွင် value data ကို (1)ဟုပြောင်းထည့်ပါ
Ok ပေးပါ။
(Control Panel ) ဖျောက်ထားခြင်းဖြင့် Setting များပြောင်းထားခြင်းကိုကာကွယ်နိုင်ပါတယ်။

other way

Registry ကနေဖျောက်တဲ့ နည်းကိုတော့ shadeboy ကတင်ပြီးသွားပါပြီ
Run ကနေ gpedit.msc ရိုက်ပါ User Configuration>Administrative Templates >Control Panel ကိုရောက်အောင်သွားပါ
Prohobit access to the Control Panel Enabled ပေးပြီး OK လိုက်ရင်ရပါပြီ

otherway

regedit ထဲကဖျောက်လို့ အန္တရာယ်ကြီးတယ်လို့ ထင်တဲ့ သူများအနေနဲ့ အောက်ပါပုံစံအတိုင်း လွယ်လွယ်ကူကူ ဖျောက်လို့ရပါတယ်။
start bar ကို right click နှိပ်ပြီး properties ထဲကနေ start menu->Customize -> Advanced ထဲက Control Panel က Don't display this item ကိုရွေးလိုက်ပါ။ ပြီးရင် ok ကိုကလစ်လိုက်ရင် ရပါပြီ။
ထိုနည်းတူစွာ My Pictures, My Music, Printers and Faxes စသည်ဖြင့် မိမိမလိုဘူး ထင်သော အရာများကို ဖျောက်ထားနိုင်ပါတယ်။

1 comment:

  1. ဖျောက်တာကတော့ ဟုတ်ပါပီခင်ဗျာ။
    ပြန်ဖော်ချင်ရင် ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုပြောပေးပါအုံးခင်ဗျ။
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete