Saturday, November 8, 2008

ကံကြမ္မာ

ကံကြမ္မာရေ..
လာပါ..ကစားပါ..ရက်စက်လိုက်စမ်းပါ...
နင်ပြုသမျှကို
လည်စင်းခံဖို့ စိတ်ပိုင်းဖြတ်ထားတယ်...

ရင်ခွင်တစ်ခုလုံးလဲ
နင်ဝင်မွှေသွားလို့ 
ဒဏ်ရာတွေဗလပွနဲ့ ကျန်နေခဲ့ပြီ...

မျက်ဝန်းတစ်စုံလဲ
နင့်အကြောင်းတွေးမိတိုင်း
မြစ်နှစ်စင်းနဲ့  အလုပ်ရှုပ်ရလွန်းလို့ကန်းလုနီးနေပြီ...

အဲ့ဒါကိုမှမကျေနပ်သေးရင်လဲ..
နင့်စိတ်ထဲမှာ မြက်တစ်ပင်လောက်တောင်မှ
တန်ဖိုးမရှိဘူးလို့ ထင်နေတဲ့
ငါ့နှလုံးသားကို...
ဖိနပ်တစ်ရံနဲ့  ခပ်ကြမ်းကြမ်းဖြတ်လျှောက်သွားလိုက်စမ်း...
ဘာကိုမှ မသိလိုက်တဲ့ ပုံစံမျိုးနဲ့ 
အပြုံးတုတစ်ခု တပ်ထားပေးမယ်နော်...
နင်ပျော်စေဖို့ လေ....



No comments:

Post a Comment