Friday, October 16, 2009

iphone အား Unlock နှင့် jailbreak ခေါ် ထောင်ဖောက်ခြင်း

  • ထောင်ဖောက်တယ်ဆိုတာနဲ့ ကျွန်တော့်ကို တစ်မျိုးမထင်ကြနဲ့ဦး .ထောင်ဖောက် တယ်ဆိုတာက တင်စားလိုက်တာ . ကျွန်တော်တို့ apple ကနေ ထုတ်တဲ့ iphone တွေမှာက စပြီး ထုတ်ကတည်းက သတ်မှတ်ချက် တွေနဲ့ပါ . သီချင်းကို ပြန်ပြီး ကူးထည့်လို့မရအောင် လုပ်ထားတာမျိုး၊ sim card ကို သူသတ်မှတ်ထားတဲ့ နိုင်ငံမဟုတ်ရင် လိုင်းမ၀င်အောင် လုပ်တာမျိုး၊ နောက်တစ်ခုက iphone ထဲမှာ ဆော့မည့် ဂိမ်းများနှင့် အခြားသော တိုလီမိုလီများကို install လုပ်ဖို့အတွက်ကို ပိုက်ဆံသွင်းပြီး အကောင့် လုပ်ထားမှ ရမယ့်စနစ်ဖြင့် ပြုလုပ်ထားပါတယ် . အဲ့ဒါကို ကျွန်တော်တို့က အခုလို jailbreak လို့ခေါ်တဲ့ ထောင်ဖောက်နည်းကို သုံးလိုက်မယ်ဆိုရင် Sim card ကို international sim card အဖြစ် ပြောင်းလဲသွားပြီးတော့ . apple က မဟုတ်တဲ့ တစ်ခြား ပြင်ပ game တွေကိုလဲ download လုပ်ခွင့်ရရှိမှာပါ .. ကဲပထမဦးဆုံး ကျွန်တော်တို့ အောက်က နည်းအတိုင်းစမ်းကြည့်ရအောင်ဗျာ
  • itunes ကို ဖွင့်ထားလိုက်ပါ . itunes မရှိရင် ဒီမှာ ရေးပေးထားပြီးသားပါ ယူလိုက်ပါ .
  • iphone ကို unlock လုပ်ဖို့အတွက် iphone ကို unlock နှင့် jailbreak လုပ်ရန် နှစ်နည်းရှိပါတယ် . Redsnow နှင့် လုပ်တာရယ် . Quickpwn နှင့်လုပ်တာရယ်ပါ . အခုကတော့ redsnow ကိုအသုံးပြုပြီးတော့ unlock လုပ်နည်းကို ပြောပြပါ့မယ် .
  • redsnow ကို အောက်မှာ တင်ပေးထားပါတယ် . ဒီမှာ Download လုပ်လိုက်ပါ
  • ကဲပြီးသွားပြီဆိုရင်တော့ . iphone ရဲ့ fireframe တွေကို ဒေါင်းလိုက်ပါ . ကျွန်တော့် iphone က 3G ဆိုတော့ ဒုတိယက fireframe ကို ဒေါင်းလိုက်ပါတယ် .
  • တစ်ကယ်တော့ ကျွန်တော်တို့ fireframe က ဘာနဲ့တူလဲဆိုရင် သူက ကျွန်တော်တို့ pc မှာ အသုံးပြုဖို့ တင်တဲ့ window operation system လိုပါပဲ . သူက iphone ကို သုံးလို့ရအောင် iPhone Firmware 3.0.1 ကို ထည့်ရတာပါ . မျက်စိထဲ မြင်အောင်လို့ပါ . အောက်မှာယူလိုက်ပါဦး .

redsnow ကို ဖွင့်ပြီး browse နေရာတွင် အပေါ်က မိမိထည့်မယ့် fireframe ကို ရွေးပြီးထည့်လိုက်ပါ .

  • (၁) ပြီးတာနဲ့ ကျွန်တော်တို့ power button ကို 4 second နှိပ်ပါ ... (iphone ပိတ်သွားပါလိမ့်မယ်)
  • (၂) လက်ကိုမလွှတ်သေးဘဲနဲ့ ဆက်ပြီးတော့ နှိပ်ထားပါ . power button တစ်ဖက်နှင့် နှိပ်ထားရင်းကနေ အခြားတစ်ဖက်နဲ့ home button ကို 10 second နှိပ်ထားပါ (နှစ်ခုစလုံးတွဲပြီး နှိပ်ရမှာ ဖြစ်ပါတယ်) နားမလည်ရင် သေချာပြန်ဖတ်ပါ . ဒါက အရေးကြီးပါတယ် .
  • (၃) နောက်ဆုံး home button 1 ခုထဲ နှိပ်ထားပါ (power botton ကို လွှတ်လိုက်ပါ) . ဆက်နှိပ်ထားရင်းကနေ သူစပြီးတော့ install စလုပ်ပြီဆိုတာနဲ့ home button ကို လွှတ်လိုက်လို့ရပါပြီ .အဲ့ဒီ့မှာလဲ အင်္ဂလိပ်လိုရေးပေးထားပါတယ် . အဓိကက ခလုပ်နှိပ်တာ အရေးအကြီးဆုံးပါပဲ . မနှိပ်တတ်ခင်ကတော့ လက်ရဲမှာမဟုတ်ပါဘူး .
  • သိပ်နားမလည်ရင် movie ကြည့် နဲ့လက်တွေ့လုပ်ထားတာလေးကို တင်ပေးလိုက်ပါတယ် . အောက်မှာ Download လုပ်ပြီး သေချာ ကြည့်လိုက်ပါ .

Download movie file(Mediaifre)

4 comments:

  1. ကြိတ်ကြည့်လိုက်ဦးမယ်...
    ကျေးဇူး ကမ္ဘာပါ...
    မရဘူးဆိုတာမျိုးကို ရအောင်လုပ်ကြည့်ချင်တာ ဝါသနာဗျ
    ဘာမှတော့ ကောင်းကောင်းတတ်ဘူး..

    ReplyDelete
  2. Hi Ko Nyi Nay Min,
    Need help from you how to install Myanmar fontsin my macbook.
    I could not read Some Myanmar websites (eg. bbc burmese)
    Thanks.

    ReplyDelete
  3. အစ်ကိုရေတင်ပေးတာကျေးဇူးပါဗျာ... မြန်မာ fonts ဘယ်လိုတင်ရမလဲပါ ပြောပြသင်ပေးပါဦးဗျာ.. ဘယ်လိုလုပ်ပြီး original setting ပြန်ထားလို့ရမလဲပါ ပြောပေးပါဦးဗျာ.... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကြားထားတာက jailbreak လုပ်လိုက်ရင် warranty မရတော့ဘူးလို့ပြောလို့ပါဗျာ....။

    ReplyDelete
  4. ညီအစ်ကို တင်ပေးထားတဲ့ redsn0w ကိုလည်း down တယ်...

    နောက် ကျွန်တော် iphone ကလည်း 3G ဆိုတော့ 3.0.1 ( 3G): iPhone1,2_3.0.1_7A400_Restore.ipsw ကိုဘဲ down တယ်...

    ပြီးတော့ redsn0w ကိုဖွင့်ပြီး browse မှာ open လုပ်တော့
    processing firmware ဆိုပြီး second ပိုင်းလုပ်ပြီး Unable to recognize specified IPSW. လို့ပြောပြီး Next အဆင့်အထိမရောက်တော့ဘူး...

    ညီအစ်ကိုပြောထားသလို video file ကို ဖွင့်ကြည့်ပြီးလုပ်တာ... သူလုပ်ပြတဲ့ redsn0w က command windows လိုနေရာက run လိုက်တာတွေ့တယ်...

    ကျွန်တော်တို့က redsn0w ကို zip ဖြေပြီးရတဲ့ file ကို run တာ... အဲ့ဒါဘဲနည်းနည်းကွာတယ်... file ကို run တော့ အတူတူပါဘဲ...

    (ကျွန်တော်က သိပ်နားမလည်ပါ... တွေ့တာလေးကို ပြောတာပါ...)

    အဲ့ဒါအဆင်မပြေလို့ ဘယ်လိုလုပ်ရမလဲဆိုတာ ကူညီပေးပါအုံးခင်ဗျား...

    ReplyDelete