Saturday, March 7, 2009

Hacking and Hacker (ဟက်ကာအကြောင်း)

အခုတစ်လော Hacker ဆိုတာဘာလဲဆိုတာနှင့် Hacking ဆိုတာတွေကို အတော်များများ၊ နေရာများများမှာ ကြားနေရပါတယ် .. ကျွန်တော်လဲ ဒီပို့စ်ကို တင်သင့်မတင်သင့် စဉ်းစားပြီးမှ ရေးလိုက်တာပါ ... တင်ရင်ဘာဖြစ်မယ်၊ မတင်ရင် ဘာဖြစ်မယ်ပေါ့ .. ကျွန်တော်ကြောင့် တစ်ခြားသူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာလဲ မလိုလားဘူး .. တစ်ဖက်ကလဲ ဒီအကြောင်းတွေကို သိစေချင်တယ် .. ဒီ hacking နှင့်ပတ်သက်ပြီးတော့ ကျွန်တော် အခုတစ်လော အရမ်းကို စိတ်ရောကိုယ်ရော နှစ်ပြီးတော့ လေ့လာနေမိတယ် ... ကျွန်တော်မှာ ခံယူချက်တစ်ခုတော့ရှိတယ် .. သူငယ်ချင်း အားလုံးကို ချစ်တတ်တယ်.. အနစ်နာခံတတ်တယ် ... အဲ့ဒါက ဟိုးအရင်ကတည်းကပါ .. ဒါပေမယ့် ကျွန်တော် မခံစားနိုင်တာတစ်ခုက Trojan virus လိုမျိုးပေါ့ ကိုယ့်ကို ပူးပြီးတော့(သူသျှို)လုပ်ပြီးတော့ သတ်တာမျိုးကိုပြောတာပါ ..

ကျွန်တော် အရမ်းမုန်းတယ် .. ကျွန်တော်က ငယ်ငယ်ကတည်းက အငြိုးအတေးကြီးတယ် .. အခုအချိန်အထိ ဘယ်တစ်ဦးတစ်ယောက်ရဲ့ အကူအညီကိုမှ မယူခဲ့ဘူး .. ယူလဲယူမှာမဟုတ်ဘူး .. ဘာဖြစ်လို့လဲလို့မေးရင် ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားလုံးကို မသုံးတတ်တာလဲပါမယ် .. ပြီးတော့ ကို့ကိုဒီလူက ပူးသတ်နေမှန်းသိရဲ့နဲ့ မရှိမဲ့ရှိမဲ့ကျေးဇူးဆိုတာ လေးကို ငဲ့ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်မပေးချင်ဘူး . အခုအချိန်အထိ ကျွန်တော့် အကြောင်းကို သိတဲ့သူ ၂ ဦးထက်မပိုသေးပါဘူး .. ဘာဖြစ်လို့လဲလို့မေး .. ကျွန်တော်က နိုင်ငံရေးသမားတော့ မဟုတ်ဘူးနော် .. နိုင်ငံရေးဆိုတာကို စဉ်းစားဖို့အတွက် ကျွန်တော့်မှာ အချိန်တွေသိပ်မပိုသေး တာလဲပါမယ်ထင်ပါတယ် .. ကျွန်တော် ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ခဲ့ဖူးပါဘူး .. လုပ်လဲမလုပ်ချင်ဘူး .. ဒါပေမယ့် ကျွန်တော့်ကို ထိခိုက်လာရင်တော့ သိတယ်မဟုတ်လား ကိုကမြွေပွေးလေ .. ကဲအဲ့ဒါတွေထားလိုက်ပါတော့ဗျာ .. ကျွန်တော် စိတ်ထဲမှာ ဒွိဟဖြစ်နေတဲ့ စိတ်နှစ်ခုဖြစ်နေတယ်ဗျာ .. အခုတော့ မထူးတော့ပါဘူးဆိုပြီးတော့ ရေးပေးလိုက်တာပါ .. ကျွန်တော် အခု
http://grou.ps/nyinaymin ဆိုပြီး ဆိုက်လေးတစ်ခုလုပ်ထားပါတယ် .. အဲ့ဒီ့ဆိုက်လေးမှာပဲ hacking အကြောင်းနှင့် hacker တွေအကြောင်းကို အသေးစိတ်ကျကျ ရေးသွားဖို့ဆုံးဖြတ်ထားပါတယ် .. သူတစ်ပါးကို ဒုက္ခပေးဖို့မဟုတ်ဖူးဆိုတာကိုတော့ ကျွန်တော် ကြိုပြီး သတိပေးထားပါရစေ .. ပြီးတော့ မန်ဘာအယောက်ရေကိုလဲ ကန့်သတ်ထားပါတယ် .. ပြည့်သွားတာနဲ့ ကျွန်တော်ပိတ်မှာပါ .. ဘာဖြစ်လို့လဲလို့မေးရင် လူများပြီး ဖောင်းပွလာမှာစိုးလို့ပါ .. အခုဟာက ကျွန်တော့်ဘလောက်လေးကို လာလည်ကြတဲ့သူငယ်ချင်းများကိုပဲ ဗဟုသုတရပါစေ၊ နားလည်ပါစေဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ တင်ပေးလိုက်တာပါ .. ဘာတွေရေးဖို့အစီအစဉ်ရှိသေးသိလား ...
e-mail တွေကို ဘယ်လို hack ရမလဲ၊ ဥပမာ - gmail - hotmail - skype - yahoo mail
website တွေကို ဘယ်လို hack ရမလဲ (blog and other)
Mobile ဖုန်းတွေကို ဘယ်ဟို Hack မလဲ၊
စတဲ့အကြောင်းတွေကို အစုံတင်ပေးသွားမှာဖြစ်ပါတယ် ..
ထပ်ပြီးသတိပေးလိုက်ပါရစေ ယခုလက်ရှိ ရှိနေတဲ့ အထဲကနေ .. သံသယရှိနေတဲ့သူများကို မန်ဘာအဖြစ်ကနေ ပိတ်ပစ်မှာပါ ..
ကျွန်တော် အခုစာအုပ်လေးတွေစုနေပါတယ် .. အဓိကကတော့ movie တွေကို စုနေတာပါ .. လုပ်ပုံလုပ်နည်းတွေကိုလဲ အသေးစိတ် ရေးပေးပါ့မယ် ...

2 comments:

  1. အရမ်း စိတ်ဝင်စား တယ် အကို

    http://grou.ps/nyinaymin မှာ ဘယ်လို
    member ၀င် ရ မလဲ အကို
    ကျေးဇူးပြု ပြီး mail ပို.ပေး ပါလား

    htarwaya00107@googlemail.com

    ၀၀၁၀၇

    ReplyDelete
  2. http://grou.ps/nyinaymin မှာ ဘယ်လို
    member ၀င် ရ မလဲ အကို
    ကျေးဇူးပြု ပြီး mail ပို.ပေး ပါလား
    wannawin94@gmail.com

    ReplyDelete