Wednesday, March 4, 2009

Limewire နှင့် သီချင်းတွေကို လိုက်ရှာပြီး download လုပ်ကြရအောင်

ကျွန်တော်အခု နိုင်ငံခြား သီချင်းနှင့် မြန်မာသီချင်းများကို ရှာဖွေ ပေးနိုင်ပြီး download လုပ်ပေးနိုင် စွမ်းရှိတဲ့ program လေးတစ်ခုပေးပါ့မယ် .. အရမ်းကို ကောင်းလွန်းလို့ ကျွန်တော်တို့ တစ်ခုခုလိုအပ်လာ တယ်ဆိုရင် ဒီကောင်လေးကိုပဲ မျက်စောင်းထိုးရတာလေ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ ဆီမှာက နိုင်ငံတကာက လာတဲ့ နိုင်ငံခြားသားတွေကို ပါတီကျင်းပ ပေးတယ် .. အဲ့ဒီ့ပါတီမှာဆိုရင် Dj ကစား ကြပါတယ် .. ကစားတာက ကျွန်တော်တို့တင် မဟုတ်ပါဘူး တစ်ခြားနေရာတွေမှာလဲ တော်တော်များများ ကစားကြပါတယ် ... အဲ့လိုကစား တဲ့နေရာမှာ တစ်ခုရှိတာက ကို ကစားတဲ့သီချင်းတွေက သူတို့အတွက် ကောင်းလဲကောင်းရမယ် ကိုယ့်အတွက်လဲ စိတ်ပါနိုင်မယ့် တီးလုံးမျိုးဖြစ်ရမယ်ပေါ့ဗျာ ... ကျွန်တော်တို့ အင်တာနက်ကနေ သမရိုးကျအတိုင်းဖြစ်ဖြစ်၊ ၀ဘ်ဆိုက်တွေကတစ်ဆင့်ဖြစ်ဖြစ်

DJ သီချင်းတွေကို ရှာကြည့်ကြည့် တွေ့မှာမဟုတ်ဘူး . တွေ့တယ်ဆိုရင်လဲ ပိုက်ဆံတောင်းတဲ့ဆိုက်တွေကိုပဲ ရလာမှာပဲ .. ပြီးတော့ ကျွန်တော်တို့ နေရာအနှံ့ ၀ဘ်ဆိုက်အနှံမရှာနိုင်ဘူးလေး .. အခုဟာက သီချင်းနာမည်လေးသိရုံနဲ့၊ အဆိုတော်နာမည်သိရုံနှင့် သီချင်းကို ရှာနိုင်ပြီး download ပါ လုပ်နိုင်တဲ့အတွက် အရမ်းကောင်းတဲ့ program လေးပါ .. စမ်းသုံးကြည့်ပါဦး . .ကျွန်တော်တို့တော့ အခုထိ ဒီကောင်လေးကိုသုံးနေတာပါပဲ .. အဆင်မပြေရင် နောက်တစ်ခုရှိသေးတယ် .. ထပ်တင်ပေးဦးမယ် .. အဆင်မပြေစရာတော့ မရှိဘူးလို့ ကျွန်တော်ထင်ပါတယ် .. သုံးကြည့်ပါဦး ကျွန်တော် သုံးနည်းကိုပါ ထပ်ပြီး ပုံတွေနဲ့ တင်ပေးပါဦးမယ် .. အလုပ်က အခုတစ်လော တိုင်ပတ်နေလို့ လုံးချာပတ်ချာလည်နေတာနဲ့ အွန်လိုင်းတောင် တက်မလာနိုင်ဘူးဖြစ်နေတာ ..

Image Hosting by Picoodle.com


ကျွန်တော် Mediafire ကနေ တင်ပေးလိုက်ပါတယ် ..
Download က ဒီမှာ ပါ .....

1 comment:

  1. အခုမှစသုံးဖူးပေမယ့်..အရမ်းကြိုက်ပါတယ်...
    ကျေးဇူး အထူးပါပဲ...

    ReplyDelete