Thursday, August 27, 2009

iphone unlock လုပ်ကြမယ် ..

မနေ့ကတုန်းက ဘာဖြစ်လို့ online ၀င်မလာတာလဲဆိုရင် brother တစ်ယောက်က iphone လုပ်ခိုင်းနေလို့ ဦးနှောက်ပါစားသွားတယ် . အခုတော့လဲ အဆင်ပြေသွားပါပြီ .. iphone တွေကို Unlock and jailbreak လုပ်ဖို့အတွက် ပြင်ဆင်နေတာနဲ့တင် အချိန်ကုန်သွားတာ . လုပ်ပုံလုပ်နည်းကိုလဲ ကျွန်တော် post တင်ပေးပါဦးမယ် . နဲနဲတော့ စားတယ်ဗျ . ဒါပေမယ့် လွယ်ပါတယ် . အဓိကက ပါဝါပိတ်ပြီး ပြန်ဖွင့်တဲ့အချိန်လေးမှာပဲ နဲနဲလေးလိုတာ . unlock ဖြေနည်းကတော့ ၃ - ၄ မျိုးလောက်ရှိပါတယ် . ဘာ့ကြောင့် ကျွန်တော်တို့ jailbreak လုပ်သလဲဆိုရင် တစ်ကယ်ဆိုရင် apple က ပေးတဲ့ Game တွေကို မ၀ယ်နိုင်တာပဲဖြစ်ဖြစ် . ကိုဝယ်ခဲ့တဲ့ iphone ကို SIM card ထည့်ပြီးသုံးချင်တဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် လုပ်ကြတာပါ . jailbreak လုပ်ခြင်းအားဖြင့် apple မဟုတ်တဲ့ တစ်ခြားသူတွေရေးထားတဲ့ Game တွေကို အခမဲ့ Download လုပ်နိုင်ပါတယ် . စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် ရေးပေးပါ့မယ် . အဆင်မပြေခင်တုန်းကတော့ ပထမဦးဆုံး လုပ်တာဆိုတော့ လက်တွေပါတုန်တယ် . တစ်ခုခုများဖြစ်သွားရင် ဆိုပြီးတော့ပေါ့ . အခုတော့လဲ အဆင်ပြေသွားပါပြီ . အားလုံးကို ကျေးဇူးတွေအများကြီးတင်ပါတယ် .

အခုဖိုင်တွေတင်လိုက်ပါဦးမယ် . အားလုံးအတွက် အဆင်ပြေမှာပါ ...

2 comments:

  1. ကိုညီနေမင်း.
    Apple iphone နဲ့ laptop internet ချိတ်နည်းလေး တင်ပေးပါဦး...

    ReplyDelete
  2. iphone နဲ့ ပါတ်သတ်တဲ့အကြောင်းအရာ တွေတင်ပေးပါဦး။
    ကျေးဇူးပါ။

    ReplyDelete